Ch-13

755 42 5
                                    

Unicode
...
မြို့စားမင်းနှင့် နန်းကျဧကရီ
Chapter 13 - သူ့မြို့စားကတော်လေး
...
                       

"...အဲ့လိုမပြောပါနဲ့..."
မြို့စားမင်းက အမိန့်ဆိုသည်ထက် တောင်းဆိုသောအသံဖြင့် တီးတိုးလေးဆိုလာသည်။သူ့အသံက ကျွန်မခေါင်းထဲကြမ်းတမ်းစွာဝင်လာ၍ သူ့ဘက်လှည့်မိလိုက်သည်။

သူ့မျက်ဝန်းတွေက တွေဝေနေသည့်ပုံမပေါ်တော့ပါပဲ ပိုင်ရှင်ဆီမှ အဆူခံထားရသောခွေးပေါက်‌ကလေးလို ဖြစ်နေသည်။

"...မင်းကိုယ်မင်း အပြစ်သားလို့မှတ်မနေ‌တော့နဲ့လေ ပြီးတော့ ကိုယ့်အပေါ်လည်း အရမ်းမယဉ်ကျေးပါနဲ့တော့လား..."

သူကသူ့လက်ကို ကျွန်မပုခုံးပေါ်တင်ကာပြောလာသည်။
"...ပြီးတော့ အရမ်းမကြောက်ပါနဲ့ ကိုယ်ကမင်းကှုနာကျင်စေမှာ မဟုတ်ဘူးလေ..."

သူ့လက်များကို အသာလေးလျှောချကာ ကျွန်မအား ပွေ့ဖက်လာသည်။သူ့လက်မောင်းတွေထဲ ကျွန်မကို ဆွဲသွင်းလာသောအချိန်တွင်တော့ သူ့အားမဆန့်ကျင်ရဲတော့ပေ။
သေရမှာတော့ ကျွန်မကြောက်တယ်လေ။

ကျွန်မ ရည်ရွယ်ချက်ရှိရှိလုပ်နေတာမလုပ်ပေမဲ့လည်း မကြောက်တဲ့ပုံစံ ဘယ်လိုလုပ်နိုင်မှာတဲ့လဲ။အသက်ရှုထုတ်လိုက်သည့် အချိန်မှာတော့ ကျွန်မသူ့ရင်ဘတ်ပေါ်တွင် မှီထားလိုက်တော့သည်။

"....ကျွန်မတောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူး..."
ဘာကများ သူ့ကိုဒေါသထွက်စေခဲ့တာလည်း မသိပေမဲ့ပေါ့။

ကျွန်မနှုတ်ခမ်းကို သူ့ပါးစပ်ထောင့်နား ဖိလိုက်ပြီးနောက် သူ့တုန့်ပြန်မှုကိုစောင့်နေလိုက်သည်။သူကကျွန်မကို တွန်းလည်းမထုတ်သလို ပိုလည်းမဖမ်းခဲ့ပေ။ သူအရင်ကရှိသည့်အတိုင်း ကျွန်မကိုသူ့လက်မောင်းကြားထဲ ထည့်လျှက်သာ နေသည်။

"...ဘာကိုတောင်းပန်တာလဲ?..."
လေသံအေးလေးဖြင့် ပြောသည်။

ကျွန်မ ပြုံးလိုက်ပြီး သူ့လည်ပင်းကို ကျွန်မလက်မောင်းနှင့် သိုင်းဖက်ကာ စစ်မေးခြင်းကိုရှောင်လိုက်သည်။အရင်အပတ်ကသူလုပ်ခဲ့သလိုမျိုး သူ့လည်ပင်းကိုနမ်းလိုက်သည်။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now