Ch-8🚨🚨🚨

1.7K 55 2
                                    

Unicode
...

Chapter 8 -ကတိကဝတ်မရှိဘူး
....

18+ waringပေးပါတယ် ကလေးတွေဖတ်နဲ့🌝
....

အသက်ဝဝရှူကာ ကျွန်မအတွေးတွေကိုစုစည်းလိုက်တယ်။ယောကျာ်းတစ်ယောက်ကိုချစ်လာအောင်လုပ်ဖို့ ဘာလို့အဲ့လောက်တောင်ခက်ခဲနေရတာလဲ?

အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်တွေကိုဖြည့်လျော့လိုက်ပြီး မြို့စားမင်းကျွန်မကိုစိုက်ကြည့်နေတဲ့အတိုင်းပဲ သူ့မျက်နှာကိုပြန်စိုက်ကြည့်လိုက်သည်။ ကျွန်မလက်ချောင်းလေးတွေကို သူ့လည်တိုင်ပေါ်တင်လိုက်ပြီး အကြည့်တွေနဲ့အတူရွေ့လျားလိုက်သည်။

သူ့ရဲ့လည်တိုင်နောက်မှာ ကျွန်မလက်မောင်းတွေဟာတွဲလွဲခိုနေခဲ့ပြီး ကျွန်မခေါင်းကိုပင့်ကာသူ့ကိုနမ်းဖို့ကို ပြင်လိုက်မိတယ်။တကယ်လို့ကျွန်မရဲ့လှုပ်ရှားမှု့တွေကအရှက်မဲ့ပြီး မြို့စားမင်းကိုစိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့ရင် ကျွန်မ ငိုပစ်လိုက်မယ် ပြီးရင် သူ့ကိုခွင့်လွှတ်ပေးဖို့တောင်းဆိုလိုက်မယ်။ကျွန်မမှာ အမှားနည်းနည်းလောက်တော့ ကျူးလွန်ခွင့်ရှိတယ်မှတ်လား?

မြို့စားမင်းက သူ့ကိုမနမ်းခင်မှာပဲ ကျွန်မနှုတ်ခမ်းကိုလက်ညိုးဖြင့်ဖိကပ်ပြီး အနမ်းတွေကိုရပ်တန့်စေခဲ့တယ်။ကျွန်မ သူ့ရဲ့တုံ့ပြန်မှု့ကို မျက်လုံးပင့်ရင်းကြောက်ရွံ့စွာကြည့်လိုက်ပေမဲ့ သူ့ပုံစံကစိတ်ဆိုးနေတဲ့ပုံလဲမပေါ်ပြန်ဘူး။

"မင်းအတွေးတွေကိုပြောင်းလိုက်ပြန်ပြီပေါ့ သီအိုဒိုရာ"
သူကတည်ကြည်လေးနက်တဲ့အသွင်နှင့် ရေရွတ်လာသည်။
"မင်း ငါ့ကိုကစားလို့မရဘူးနော်"

"ကျွန်မရည်ရွယ်ချက်တွေကို ပြောင်းလိုစိတ်မရှိပါဘူးအရှင်"

အမြဲတမ်းလိုချင်ခဲ့တာလေ ဟမ့် မြို့စားမင်းကတော်န်ုတဲ့နေရာ။ ပင့်သက်ရှိုက်ရင်းမြို့စားမင်းကို စူးစိုက်ကြည့်လိုက်ကာ ကျွန်မရဲ့အကြွင်းမဲ့စစ်မှန်မှု့ကိုပြသလိုက်တယ်။ကျွန်မဟာ လုံးဝလိမ်ညာနေတာမဟုတ်လို့ မြို့စားမင်းကနောက်ဆုံးမှာ ယုံကြည်လာမှာပဲ။အများအားဖြင့် ဒါတွေကသူလိုချင်နေလို့ပဲလေ။အဲ့လိုမှမဟုတ်ရင် သူဒီမှာရှိနေပြီး ကျွန်မနဲ့ကစားနေပါ့မလား။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now