Ch-7

510 43 2
                                    

Unicode

မြို့စားမင်းနှင့် နန်းကျဧကရီ
Cp7- တရားမဝင်မှုကိုတားဆီးမယ်
...

အထီးကျန်အလင်းတန်းများက ကန့်လန့်ကာများကိုဖြတ်သန်းလာတဲ့အခါ ကျွန်မမျက်လုံးများကိုဖွင့်ကြည့်လိုက်၏။

ထိုခဏတွင် ကျွန်မပေါလစ်(စ်)မှာရှိနေသေး‌သလိုခံစားလိုက်ရပြီး ထိန်းချုပ်မှုအောက်မှာရှိ‌ပေမယ့် လုံခြုံပါသေးတယ်။ စောစောထနေကျဖြစ်တဲ့အတွက် ပင်ပန်းတယ်လို့မခံစားရပေ။

ဒါပေမယ့်လည်း မနေ့ကခရီးရှည်ကြီးကိုနှင်ခဲ့ရတာနဲ့ ခံစားချက်အားလုံးတို့ကြောင့် ကြွက်သားတွေကတော့နာကျင်နေသေးတယ်။ ဝိုင်တွေသောက်ခဲ့တဲ့အတွက် ရေလည်းငတ်နေ၏။

ကျွန်မရဲ့မျက်လုံးတွေနဲ့ အခန်းထဲမှာရှိတဲ့အရာတွေကို ကောင်းကောင်းမြင်နိုင်ပြီးနောက် ကျွန်မသိလိုက်ရတယ် ကျွန်မကဘုရင်မတစ်ပါးမဟုတ်တော့ဘူးဆိုတာကိုပေါ့။ ဒီနေ့ကစပြီး ကျွန်မကတရားဝင် သာမန်ပြည်သူတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ကျွန်မပြုးလိုက်၏။ အလုပ်လက်မဲ့လူတွေအားလုံးရဲ့ လွတ်လပ်မှုတွေကိုခံစားပြီးတော့ပေါ့။

ကျွန်မတို့ရဲ့ ပေါလစ်(စ်)တွင် ရှုပ်ထွေးတဲ့မျိုးရိုးမြင့်ဇာတ်တွေမရှိပေ။ ဒါ့ကြောင့်သက်မွေးဝမ်းကြောင်းပြုဖို့အတွက် ဂုဏ်သတင်းတွေမလိုအပ်ပေ။ ကုတင်တစ်ဖက်ခြမ်းကို လှည့်လိုက်မိတော့ မြို့စားမင်းကအိပ်နေတုန်းပင်။

သက်တောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာ မျက်လုံးများကိုမှိတ်ထားပြီး အိပ်နေတဲ့သူ့ပုံစံကိုကြည့်ရတာက အန္တရာယ်များကင်းမဲ့နေသလိုပင်။ ဒီနေရာမှာသူနိုးလာတဲ့အခါ ဘယ်လောက်အရပ်ရှည်ပြီး ဖိနှိပ်နိုင်စွမ်းရှိလဲဆိုတာမှန်းဆနိုင်မည်မဟုတ်ပေ။

ကျွန်မရဲ့လက်ချောင်းတွေနှင့် သူ့ဆံပင်‌ထိပ်လေးတွေကိုပွတ်သပ်လိုက်၏။ အဲ့တာလေးတွေကနူးညံ့လွန်းလို့ ပိုပြီးထိချင်လာမိတယ်။ ဒါပေမယ့်အိပ်နေတဲ့လူကို အခွင့်ကောင်းယူဖို့တော့မဟုတ်ပါဘူးလေ။

စစ်ပွဲတွေကြားမှာရှင်သန်ရတဲ့သူပီပီ မြို့စားမင်းရဲ့ အာရုံခံစားမှုတွေက သတိရှိနေဆဲဖြစ်သည်။ အဲ့အချိန်မှာကံကောင်းစွာနဲ့ပဲ ကျွန်မရဲ့လက်ကိုပြန်ရုတ်ပြီးသွားပြီ။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now