Ch-2

691 64 4
                                    

Unicode
....

မြို့စားမင်းနှင့် နန်းကျဧကရီ
အပိုင်း၂ - အသစ်စက်စက်ခင်ပွန်းသည်
....

တော်ဝင်မြို့စားမင်းကိုင်းက ကျွန်မထက် နှစ်အနည်းငယ်အသက်ကြီးပေမဲ့ အုပ်ချုပ်ရေးပိုင်းမှာ ကျွန်မလောက်အတွေ့အကြုံမရှိတာတော့ သေချာပါတယ်။ ဒါပေမဲ့သူက ကျွန်မရဲ့ပိုင်နက်နယ်မြေမှာ ကျွန်မကိုရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လေ။

သူက ခေါင်းတစ်လုံးစာပိုအရပ်ရှည်ပြီး မျက်ဝန်းတွေထဲမှာ အမှောင်ထုကြီးရှိနေပေမဲ့ လင်းလက်တောက်ပနေတယ်။ နက်စွေးနေပေမဲ့ ရောင်ပြန်ဟပ်နေတုန်းပဲ။ သူ ကျွန်မဘက်ကို လှည့်လာပြီး စိတ်အေးလက်အေးပြုံးပြလာတော့ သူ့မျက်ဝန်းထဲမှာ ကျွန်မရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။

သူ့ဆံပင်တွေကလည်း အနက်ရောင်ဖြစ်သလို သူ့အဝတ်အစားတွေကရောပဲ။ သူ့ပုံစံကကျွန်မရဲ့ဝိညာဉ်ကို လိုလားတပ်မက်နေတဲ့ နတ်ဆိုးတစ်ကောင်အတိုင်းပါပဲ။

သူက နန်းကျဘုရင်မတွေနဲ့ပြဿာနာရှင်းရတာ ကျင့်သားရနေသလို ကျွန်မဘေးမှာရပ်လာတယ်။ မသိရင် သူကအကျဉ်းသားတွေနဲ့လက်ထပ်ပြီး စစ်ပွဲတွေအနိုင်တိုက်တာကလွဲလို့  တခြားဘာမှမလုပ်တတ်သလိုမျိုး။

သူ့အပြုံးမှာ ဘာအာဃာတမှမရှိဘူး။ ဒါပေမဲ့သူ့မှာ မကျေမချမ်းဖြစ်ဖို့ တခြားဘာအကြောင်းအရင်းစစ်စစ်မှလည်း မရှိတာပဲကိုး။ သူကအနိုင်ရတဲ့သူဆိုတော့ များများစားစားမပူပန်ဘဲ သူ့ ဆုလာဘ်ကိုခံယူမှာပေါ့။ ဒါကကျွန်မရဲ့နန်းတော်တံတိုင်းအပြင်ဘက်မှာ အလုပ်လုပ်ကြတဲ့ပုံစံပါပဲ။ ကျွန်မသိလိုက်ပြီ။

အစောင့်ကကျွန်မကို လက်ထိပ်တွေဖြုတ်ပေးလာတဲ့အခါ ကျွန်မရဲ့လက်ကောက်ဝတ်နှစ်ဖက်ကို နှိပ်နယ်လိုက်ရတယ်။ ကျွန်မရဲ့အသားပေါ်မှာ အနီရောင်အမှတ်တွေ ဖုံးလွှမ်းနေပေမဲ့ သိပ်ပြီးတော့ ပြင်းထန်ပုံမပေါ်ပါဘူး။ မကြာခင် မှေးမှိန်ပျောက်ကွယ်သွားလိမ့်မှာပါ။

ဒီရုတ်တရက်အပြောင်းအလဲကို ကျွန်မနားမလည်နိုင်ဖြစ်နေတုန်းပဲ။

တော်ဝင်မြို့စားမင်းက ကျွန်မကိုစီရင်ရမဲ့သူဖြစ်ဖို့ တောင်းဆိုခဲ့တာလား။ ဒါမှမဟုတ် သူကသူ့ရဲ့အောင်နိုင်မှုသင်္ကေတတစ်ခုအဖြစ် အလှပြစရာလိုချင်ရုံသက်သက်ပဲလား…

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now