Ch-11

476 51 2
                                    

Unicode
...
မြို့စားမင်းနှင့် နန်းကျဧကရီ
အခန်း-၁၁.မျှော်လင့်မထားတဲ့ တောင်းပန်မှု
...

ဒီရှည်လျားတဲ့နေ့တစ်နေ့ရဲ့ တစ်ခုတည်းသောတောက်ပတဲ့ဘက်မှာတော့ ပင်ပန်းနေလို့ဆိုတဲ့အကြောင်းပြချက်နှင့် နောက်ဆုံးကျွန်မရဲ့အခန်းဆီ ပြန်ပြေးလာနိုင်ခဲ့တယ်။ ကျွန်မရဲ့အဝတ်အစားတွေကို အစေခံတွေချွတ်ဖို့ကူပေးပြီးနောက် ထွက်သွားခိုင်းလိုက်ပြီး မိတ်ကပ်တွေကိုသန့်စင်ရန် မှန်ရှေ့‌မှာထိုင်လိုက်တယ်။

ဒီလိုတစ်နေ့မှာ ယုတ်မာတဲ့လက်ဖက်‌ရည်သောက်ပွဲကနေ ပင်ပန်းနေဟန်ဆောင်ရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။

ကျွန်မ: ဘယ်တော့မှမအိပ်ရတဲ့ဘုရင်မပဲ။
(Tn-အလုပ်အများကြီးလုပ်ခဲ့တဲ့ဘုရင်မက ဒီလောက်ကိုမမှုဘူးပြောတာပါ)

တံခါးပိတ်ထားတဲ့အချိန်မှာ တံခါးခေါက်သံကြားလိုက်ရ၏။

"ဝင်လာခဲ့" ကျွန်မလှည့်မကြည့်ပဲ အော်ပြောလိုက်တယ်။ မကြာခင်က တစ်စုံတစ်ခု‌ကိုပြောဖို့ မေ့ခဲ့တဲ့အစေခံတစ်ယောက်ပဲ ဖြစ်နိုင်ပါတယ်။

ကျွန်မကိုအံ့ဩသွားစေတာကတော့ တံခါးရဲ့အပြင်ဘက်ကလူက အစေခံတစ်ယောက်မဟုတ်ခဲ့ဘဲ မြို့စားမင်းဖြစ်နေတာဘဲ။ တစ်ပတ်လုံးလုံးကြာပြီးတဲ့နောက်မှာတော့ မြို့စားမင်းကသူ့မှာဇနီးတစ်ယောက်ရှိနေတာကို သတိရသွားတဲ့ပုံပင်။

သူက နန်းတော်အပြင်ကနေ အခုမှပြန်ရောက်လာသကဲ့သို့ ကြီးမားလေးလံတဲ့အဝတ်တွေကို ဆင်ထားလေတယ်။ သူ့ဆံပင်တွေကဖရိုဖရဲဖြစ်နေတာကြည့်ရသလောက် ဖြစ်နိုင်တာကတော့ လေတိုက်တာကြောင့်နေမယ်။ သူ့မျက်လုံးနက်နက်တွေကတော့ အမြဲလိုလိုပင် တက်ကြွနေ၏။ ကျွန်မရဲ့မျက်လုံးတွေကိုလွှဲလိုက်ပြီး မှန်ကိုပြန်ကြည့်လိုက်တယ်။

"ကောင်းသောညနေခင်းပါ အရှင်" သူ့ကိုအာရုံစိုက်မှုသိပ်မပေးပဲ ပြောလိုက်၏။ နောက်ဆုံးတော့ သူကျွန်မကိုလျစ်လျူရှု‌ထားခဲ့တာကြာပြီလေ။ သူကကျွန်မဆီခုနစ်ရက်လုံးလုံးမလာခဲ့ဘူး။ ကျွန်မဘာလိုနေရလဲဆိုတာ ကျွန်မကိုသာလာမေးကြည့်လိုက်တော့။ မှတ်စုလေးတောင်မပို့ခဲ့ဘူး။ သူ ကျွန်မကိုမိုက်မဲတဲ့အစေခံတွေနဲ့ထားခဲ့တယ်။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now