Ch-3

576 57 3
                                    

Unicode

အခန်း၃-ရှင်သန်ခြင်းအတွက်မဟာဗျူဟာတစ်ခု
....

သူမသက်ပြင်းချလိုက်ပြီး ပုခုံးကိုဖြေလျှော့လိုက်ကာ ခင်ပွန်းသည်ရဲ့ ဒေါသပေါက်ကွဲတာကိုခံယူဖို့ ပြင်ဆင်လိုက်တယ်။

        လွန်ခဲ့တဲ့အချိန်အခိုက်အတန့်တုန်းကအထိ အသက်ရှင်နေတဲ့အတွက်ဝမ်းသာခဲ့တယ်။ အခုတော့ သူ့ရာထူးကိုဆုံးရှုံးစေခဲ့တဲ့အတွက် မျိုးရိုးမြင့်သူတစ်ယောက်ရဲ့ လက်တုံ့ပြန်တာကိုခံရတော့မယ်။

        မြို့စားမင်းက ရုတ်တရက်ကျွန်မအမူအရာပြောင်းလဲသွားတာကို သတိပြုမိသွားသည်ထင်သည်။ သူ့ရဲ့အနက်ရောင်မျက်လုံးများနှင့် ကျွန်မဘက်သို့ကြည့်လာခဲ့သည်။ သူကကျွန်မကို ခဏလောက်စောင့်ကြည့်နေပြီး ဘာကကျွန်မရဲ့အမူအရာပြောင်းလဲဖို့ အစပျိုးစေခဲ့တာလဲဆိုတာကို နားလည်ဖို့ကြိုးစားနေသည်လေ။

       ကျွန်မရဲ့လက်တွေကတုန်ယင်နေဆဲဖြစ်ပြီး တင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာတောင် အကူညီမဖြစ်လေဘူး။ ကျွန်မရဲ့နောက်ကျောကဖြောင့်တန်းနေပြီး ကြွကသားတွေကတောင့်တင်းနေခဲ့သည်။ ကျွန်မကြိုးစားပြီးတော်ဝင်ဆန်တဲ့ပုံစံဖြစ်အောင်ထိန်းသိမ်းနေပေမယ့် ဘယ်လောက်တောင်ထိတ်လန့်နေခဲ့လဲဆိုတာ ကျွန်မကိုယ်တိုင်ဘဲသိသည်။
       
မြို့စားမင်းက ကျွန်မဆီကိုလက်တစ်ချောင်းတောင် ရွေ့မလာခဲ့ပေ။ ဒါပေမယ့်လည်း......

"မင်း အဝတ်လဲလိုက်ပါလား?"

သူကတီးတိုးရေရွတ်ပြီး သလွန်တစ်ခုဆီသို့သွားလိုက်၏။ သူထိုင်ချလိုက်ပြီး ဖန်ခွက်ထဲသို့ရေတစ်ခွက်သူ့ဘာသာသူ ငှဲ့ချလိုက်တယ်။ သူကရေကိုတစ်ငုံချင်း အေးအေးဆေးဆေးသောက်နေလေသည်။ သူ့ကိုကြည့်ရတာ ကျွန်မသူ့အမိန့်ကိုနာခံမှုရှိမရှိကို စစ်ဆေးဖို့တောင် ဂရုမစိုက်သလိုပဲ။

သူကကျွန်မဘာလုပ်နေလဲဆိုတာ စောင့်ကြည့်မနေသလို စိတ်လည်းမဝင်စားဘူး။ ကျွန်မသူ့ကို စိတ်‌ဆိုးတဲ့အထိတော့မလုပ်သင့်ဘူး။ ဒေါသထွက်တဲ့အခါ ဒေါသကိုမဖော်ပြတဲ့သူကအဆိုးဆုံးပဲမဟုတ်လား။

        
ကျွန်မဘာလုပ်ရမလဲဆိုတာ သေချာမသိသေးသရွေ့ အနည်းဆုံးတော့ အတူတူကစားပေးသင့်ပါတယ်လေ။

မြို့စားမင်းနှင့် နန်းကျဧကရီ Opowieści tętniące życiem. Odkryj je teraz