Ch-15

126 11 1
                                    

Unicode
...
ကျေနပ်ဖွယ်ရာမရှိတဲ့ မနက်ခင်းလုပ်ငန်းစဉ်များ
...

ဆံပင်ကိုပြင်ဆင်ပြီးသွားတဲ့အခါ အစေခံတွေက အတွင်းဝတ်များယူလာပေးကြသည်။ အဝတ်အစားရွေးဖို့အချိန်ပဲ။

အပါးတော်မြဲက အနီးအနားရှိအခန်းထဲမှဝတ်စုံနှစ်စုံကို ကျပန်းရွေးချယ်လာပြီး ထိုနှစ်စုံထဲမှတစ်စုံကိုရွေးချယ်လိုက်တယ်။

အဲ့ဒါက သူမကိုအသုံးဝင်တယ်လို့ ခံစား‌ရစေနိုင်တဲ့ရှာတွေ့ထားသည့် အလွယ်ဆုံးနည်းလမ်းပင်။ သူမကအရမ်းကို အင်အားကြီးတာပဲ။ အခုဆိုသူမကဗီရိုထဲမှာရှိတဲ့ ရာနဲ့ချီတဲ့ဝတ်စုံတွေကို ရွေးချယ်နိုင်တယ်လေ။

သူမကိုဆုံးဖြတ်ဖို့အာဏာတစ်ချို့ ပေးထားတာကိုမြင်တဲ့အခါ တခြားအစေခံတွေကခုဆို သူမစကားကိုပိုပြီးစိတ်အားထက်သန်စွာ နားထောင်ကြတယ်။ ကိုယ်တိုင်အရာရာတိုင်းကို အသေးစိတ် လိုက်ပြောနေစရာမလိုတော့ဘူး။

တခြားတော်ဝင်အမျိုးသမီးတွေက သူ့ကိုဒီလိုလုပ်ခွင့်မပေးတဲ့အတွက် သူ့ရာထူးကိုထိန်းသိမ်းဖို့ ကြိုးကြိုးစားစားလုပ်နေတဲ့လူတစ်ယောက် သူမဘေးမှာရှိနေတယ်လေ။ ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင် ပစ်လိုက်နိုင်တာပေါ့။

မြို့စားမင်းက သူမရဲ့ထိုင်ခုံပေါ်မှာထိုင်နေဆဲဖြစ်တာကြောင့် အစေခံကသူ့ရွေးချယ်မှုအပေါ် အထူးသတိထားနေ၏။ အနည်းဆုံးတော့ သူမရဲ့‌ကြိုးစားမှုရလဒ်ကို မြို့စားမင်းမြင်နိုင်မယ်

ဝတ်စုံတစ်ခုက အစိမ်းရောင်ဖျော့ဖျော့လေးဖြစ်ပြီး ရှင်းလင်းပေမယ့် ထိုဝတ်စုံကလည်ပင်းအဟိုက်ဖြစ်ပြီး ဂါဝန်အနောက်ဘက်ကရှည်၏။ ပန်းခြံထဲမှာ လမ်းနည်းနည်းလောက်လျှောက်လိုက်တာနဲ့တင် ဘယ်လောက်တောင်ညစ်ပေသွားမလဲဆိုတာ တွေးမိပြီးသက်ပြင်းချမိတယ်။

နောက်တစ်ထည်ကတော့ သူမအကြိုက်နဲ့ကိုက်ညီတယ်။ အဲ့တာကခရမ်းရောင်နဲ့ခရမ်းနက်ရောင်ဖြစ်ပြီး ကျွန်မရဲ့ပခုံးကိုသင့်လျှော်သလောက် ဖုံးအုပ်ပေးထားနိုင်တယ်။

"ခရမ်းရောင်ဝတ်စုံ" သူမပြောလိုက်တယ်။

"အစိမ်းရောင်ဝတ်စုံ" တစ်ချိန်ထဲမှာပဲ မြို့စားမင်းကပြောလာတယ်။

မြို့စားမင်းနှင့် နန်းကျဧကရီ Tempat cerita menjadi hidup. Temukan sekarang