Ch-4

527 64 3
                                    

Unicode

အခန်း-၄.ကွဲပြားသောယဉ်ကျေးမှု
..

ရေတွေအေးစပြုလာတာနှင့် ရေချိုးချိန်ကိုအဆုံးသတ်ရတော့မည်။ကျွန်မကမြို့စားကြီးကို တစ်ချိန်လုံးငေးစိုက်ကြည့်နေခဲ့သော်လည်း သူကတော့တစ်ချက်မှ ပြန်လှည့်ကြည့်မလာခဲ့။ကျွန်မအခုချိန်ထိ သူ့နာမည်ကိုလဲမသိရသေးသလို ကိုယ်တိုင်ကလဲမမေးခဲ့ပေ။

သူက မီးအိမ်ငယ်လေးရဲ့အလင်းရောင်လေးနှင့် စာဖတ်နေခဲ့တာကြာပြီဖြစ်သည်။ ကျန်သည့်အခန်းတစ်ခုလုံးက ခေါင်မိုးမှတစ်ဆင့်ချိတ်ဆွဲထားသော ကြီးမားလှသည့်မီးဆိုင်းရဲ့အလင်းကြောင့် ရွှေရောင်တွေလွှမ်းလျက်ရှိနေသည်။

ဖယောင်းတိုင်ဆယ်တိုင်နှင့် လှပသောကျောက်တုံးများ၏အလင်းရောင်ကလည်း နေရာတစ်ခုလုံးကိုရောင်ပြန်ဟပ်လျက်ရှိနေသည်။

ဒီပုလ္လင်ခန်းမကြီးထဲကို ရောက်လာတဲ့အချိန်မှာနေမွန်းတောင်တည့်နေခဲ့ပြီး အခုတော့ ညစာစားချိန်တောင် ရောက်တော့မယ်။ဒါတောင်မှပဲမြို့စားမင်းက ကျွန်မကိုအေးအေးဆေးဆေးပဲ ရေချိုးစေချင်နေတယ်။

ရေတွေကဖုန်တွေကြောင့်တဖြည်းဖြည်းနဲ့ညစ်လာပြီး တဖြည်းဖြည်းလဲအေးစက်လာတာတွေ့တော့ ဒီအရာတွေကိုဒီလောက်နဲ့ဘဲ မေ့ပစ်နိုင်ဖို့ဆုတောင်းလိုက်မိတယ်။ ဒါကြောင့် ကျွန်မဒီရေထဲကထွက်ဖို့လုပ်ရမှာဆိုပေမယံ ကျွန်မရဲ့ခန္ဓာကိုယ်ကိုတော့ နောက်တစ်ကြိမ်ထပ်ပြီးမလှစ်ပြချင်ပေ။

ဒါဟာမိုက်မဲမှု့တစ်ခုဆိုပေမဲ့ မတတ်နိုင်ဘူးလေ။ဒါပေမယ့်လဲ ရေချိုးကန်ထဲမှာနေရတာက အဝတ်မပါဘဲလမ်းလျှောက်ရတာထက်ပိုပြီး မသက်မသာဖြစ်လာတော့တယ်။ ဒါကြောင့် ကျွန်မသက်ပြင်းချရင်းပဲ အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်သည်။

ကျွန်မရဲ့ခန္ဓာကိုယ်ကို အနီးအနားကထိုင်ခုံပေါ်မှာရှိတဲ့ အရင်ဝတ်ထားတဲ့အနက်ရောင်ဝတ်စုံကိုပဲဝတ်ဖို့ ကျွန်မစဉ်းစားလိုက်သည်။ အဲ့ဒီအင်္ကျီက တံခါးမရဲ့ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်တွင်ရှိနေခဲ့သည်။

အဲ့ဒီကိုရောက်ဖို့ဆို ကျွန်မမြို့စားကြီးနားကဖြတ်သွားရမည်ဖြစ်လေသည်။ ကျွန်မသူ့ရဲ့အာရုံစိုက်မှု့ကို နဲနဲလေးမှမလိုချင်ဘူး။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now