Ch-14

197 17 1
                                    

Unicode
.....
မြို့စားမင်းနှင့် နန်းကျဧကရီ
Chapter 14- စောစောထတဲ့သူ
...

မနက်ခင်းရောက်လို့နိုးလာတော့ သူမနောက်ကျောကနာကျင်နေတယ်။ ညတုန်းကလေ့ကျင့်ခန်းကြောင့် ကြွက်သားတွေ ကိုက်ခဲနေပေမဲ့ အောက်ပိုင်း...အဲဒီနေရာမှာတော့ ဘာမှမခံစားရဘူး။ ပထမဆုံးအကြိမ်ကလိုသိပ်မနာတာမို့သူမ ရွှင်မြူးမြူးပြုံးကာ အိပ်ရာထခဲ့လိုက်တယ်။

ညဝတ်အင်္ကျီကိုကြမ်းပြင်ပေါ်မှာတွေ့တော့ ကောက်ဝတ်လိုက်ပြီးမှ မှန်ရှိရာဆီသွားကာ မှန်တင်ခုံမှာထိုင်လိုက်တယ်။

ဆံပင်တွေကို စတင်ဖြီးသင်လိုက်ရင်း ရိုးရာသီချင်းခပ်မြူးမြူးတစ်ပုဒ်ကိုသီဆိုနေမိတယ်။ အစေခံတွေ ဝင်မလာစေချင်တာကြောင့် အသံတိုးတိုးလေးနဲ့ပဲပေါ့။ ဒီငြိမ်းချမ်းမှုလေးကို ရှည်ကြာစေချင်တယ်လေ။

မှန်ပေါ်က ကျွန်မရဲ့ပုံရိပ်ကိုကြည့်မိတဲ့အခါ ပခုံးပေါ်မှာအနီရောင်အကွက်တစ်ခုကို သတိထားလိုက်မိတယ်။ နောက်ဆုံးတော့လည်းမြို့စားမင်းက ကျွန်မကိုထပ်ကိုက်ထားပြန်ပြီပဲ။ တကယ်တော့ တစ်ခါတောင်မကပါဘူးလေ။

ဒါပေမဲ့တခြားနေရာတွေမှာ အကွက်တွေရှိအုန်းမယ်တော့သူမ မထင်မိဘူး။ သီချင်းဆိုမရပ်ဘဲ အဝတ်ကိုဖယ်ကာ အနီကွက်ကို ရှာဖွေနေမိတယ်။

ဘာဖြစ်လို့ အစေခံတွေဝင်မလာသေးတာလဲလို့ တွေးမိစပြုလာပေမဲ့ အဲ့ဒီအကြောင်းသူမတကူးတက တိုင်တန်းလိမ့်မှာတော့မဟုတ်။ မြို့စားမင်းလာသွားတာမို့ သူတို့တွေ ကျွန်မကို စောစောစီးစီး ဇွတ်မထခိုင်းတာပဲဖြစ်မယ်။

လက်ကိုမြှောက်ပြီးဆံနွယ်တွေကို သာမန်ကာလျှံကာ စည်းနှောင်လိုက်တယ်။ မနေ့တုန်းက မြို့စားမင်းပွတ်သတ်သွားတဲ့လည်ပင်းနေရာတည့်တည့်ကိုပဲ လက်ချောင်းတစ်ချောင်းနဲ့ ဖြတ်တိုက်မိသွားတယ်။ ဒါပေမဲ့သူ့လက်တွေနဲ့ ကျွန်မကိုထိလာချိန်ကလို ထပ်တူမခံစားရဘူး။

သူမသိပ်ကို ကျင့်သားတကျလုပ်ခဲ့မိတဲ့အရာတွေကို သတိရသွားရင်း အိပ်ရာဘက်ကိုလှည့်လိုက်တဲ့အခါ အသံက လည်ချာင်းထဲမှာ ပျောက်ဆုံးသွားရတော့တယ်။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now