Ch-12

374 38 2
                                    

Unicode
....

မြို့စားမင်းနှင့် နန်းကျဧကရီ
Ch12 - ညတွေက အေးစက်လွန်းတယ်
...

ခဏကြာတော့မြို့စားမင်းက ကျွန်မစကားဆုံးပြီးဆိုတာ သဘောပေါက်လိုက်တာနဲ့ မတ်တပ်ထရပ်လိုက်သည်။ မီးလင်းဖိုကိုသွားပြီး သစ်တုံးအတိုအစများကိုယူကာ မီးမွှေးလိုက်လေသည်။

"ကိုယ် မင်းကိုတန်ဖိုးထားတယ်ဆိုတာကို မြို့အုပ်ကိုပြစေချင်တာမှတ်လား" မီးညွှန့်တွေကိုကြည့်ရင်း သူကမေးလာခဲ့သည်။

"အရှင့်ကိုပြန်ပေးနိုင်တာ များများစားစားမရှိပေမဲ့လို့ ပင်ပန်းရကျိုးနပ်အောင်တော့လုပ်ပေးမှာပါ " ကျွန်မပြောမိလိုက်တယ်။ကျွန်မလက်ချောင်းလေးတွေကိုကြည့်ပြီး ဒီစကားတွေဟာ အေးစက်တဲ့နန်းတော်ထဲမှာ နောက်ဆုံးပြောရမဲ့စကားတွေမဖြစ်ဖို့ မျှော်လင့်မိပါရဲ့။

ကျွန်မရဲ့ပုခုံးကို လေးလံတဲ့ပုဝါနှင့်ခြုံပေးလာတာကြောင့် အံ့သြထိတ်လန့်မိသွားတယ်။မြို့စားမင်းရဲ့ခြေလှမ်းတွေကို သတိမထားနိုင်ဘဲ နောက်ဆုံးထိသူ့ရဲ့နူးညံတဲ့လက်တစ်စုံကနေ ကျွန်မရုန်းမထွက်နိုင်ခဲ့ပြန်ဘူး။

"မင်းကိုနွေးနွေးထွေးထွေးထားဖို့ အစေခံတွေကိုမှာထားမှန်း မင်းဘယ်လိုသိသွားတာလဲ?"

သူက ကျွန်မနားနားသို့ တိုးတိုးလေးကပ်ပြောလာတယ်။သူ့ဝင်သက်ထွက်သက်ကကျွန်မနားကို လာထိခတ်သွားသလို့သူလှည့်လိုက်တဲ့အခါ သူ့ဆံပင်တွေကလဲကျွန်မလည်တိုင်ကိုပွတ်တိုက်သွားသေးရဲ့။ကျွန်မဘာမှမသိကြောင်းကို ငြင်းဆိုဖို့ရာအတွက်သူ့ဘက်လှည့်၍ ပါးစပ်ဟပြီးကာမှ ကျွန်မစိတ်တွေပြောင်းသွားခဲ့တယ်။

"သိသာလွန်းပါတယ်"ထိုစကားကိုသာ ကျွန်မပြောလိုက်တယ်။

"အစေခံတွေက ခြေစွတ်တွေအပေါ်ရုံတွေနဲ့အမြဲတမ်းပြေးလွှားနေကြတာလေ ကျွန်မခြေအိတ်မဝတ်ထားရင် အပြင်ထွက်ခွင့်ပေးမှာမှမဟုတ်ပဲ။တော်ဝင်အမျိုးသမီးတိုင်းမှာ ဂရုတစိုက်ရှိတတ်တဲ့အစေခံတွေပဲရှိမယ်လို့ ကျွန်မတော့မထင်မိဘူး အရှင်သာ.."

"မင်းက ပူနွေးတဲ့အရပ်ကနေလာတာ ဒါကြောင့်မင်းဂရုစိုက်ဖို့လိုတယ်"သူကဆက်ပြောလာသည်။

မြို့စားမင်းနှင့် နန်းကျဧကရီ Where stories live. Discover now