အခန်း ၁

2.6K 231 5
                                    

UNICODE

ရှန်းတယ့် ၁၉နှစ်၊ နွေဦး တတိယလ

နွေဦး၏ နေရောင်ဖြာကျပြီး ကြည်နူးဖွယ်ကောင်းသည့် မြင်ကွင်းမှာ မြက်ခင်းတွေက စိမ်းလန်းစွာ ပေါက်နေပြီး စာဝါငှက်တွေက ပျံသန်းနေသည်။ သူကောင်းပြု ချန်းယီ၏ အိမ်တော်ယာရှိ ကြည်လင်နှလုံးသားအဆောင်၌ဖြစ်သည်။ မနက်ခင်းအစော၏ နွေးထွေးပြီး တောက်ပသည့် နေရောင်က ပြတင်းပေါက်ကနေ တစ်ဆင့် လွမ်ရှီ၏ အနည်းငယ်ဖြူဖျော့နေသည့် မျက်နှာပေါ် ဖြာကျနေသည်။ သူမက ကုတင်သေးသေးလေးရှိ နူးညံ့သည့် ခေါင်းဦးပေါ်လှဲနေသည်။ သူမရဲ့မည်းနက်သည့် ဆံနွယ်တွေက မှင်ရည်လို နက်မှောင်နေကာ သူမရဲ့ မျက်ဝန်းက ကြည်လင်စွာနှင့် မှင်နက်လို ရွှန်းစိုနေသည်။ သိမ်မွေ့ပြီး အဝါနုနုအပေါ် ဂျက်က်နှင့် စကတ်က သူမရဲ့ နှင်းလိုဖြူဖွေးသည့် အသားဖြင့် လိုက်ဖက်ညီလွန်းလှသည်။ သူမရဲ့မျက်နှာက ရင်သက်ရှုမောဖွယ်ကောင်းအောင် လှပလွန်းလှသည်။

လွမ်ရှီက လက်မြှောက်ပြီး သူမနှလုံးသားထက် ဖိလိုက်သည်။ နှလုံးသား၏ သန်မာပြီး အားကောင်းသည့် ခုန်လှုပ်မှုက သူမ နှုတ်ခမ်းကို ကွေးတက်သွားစေသည်။ အစစ်အမှန်ပဲ ကောင်းကင်ဘုံက သူမကို မပစ်ထားဘဲ ကျန်းမာသည့်ခန္ဓာကိုယ်ဆီ ရောက်လာဖို့ ခွင့်ပေးခဲ့သည်။

သူမရဲ့ အရင်ဘဝက မွေးရာပါ နှလုံးရောဂါကို ခံစားခဲ့ရပြီး မွေးစထဲက မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံခဲ့ရသည်။ အသက်၂၀ မတိုင်ခင်အထိ သူမ အသက်ရှင်ဖို့ဆိုတာ လွယ်ကူခဲ့တာတော့ မဟုတ်ပေ။ သို့တိုင်အောင်ငြားလည်း သူမ နိုးလာချိန်မှာ အေးအေးလူလူနေတတ်တဲ့ ဇာတ်လိုက်မပါသည့် ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့သည်။ သူမက ဇာတ်လိုက်မကတောင် အားကျရသည့် ယှဉ်မရအောင် ကောင်းမွန်တဲ့ ဘဝနှင့် အမျိုးသမီးဇာတ်ရန်ဖြစ်လာတာဖြစ်သည်။ ဇာတ်ကောင်နာမည်ကတော့ လွမ်မိသားစု၏ စတုတ္ထမြောက်သမီး လွမ်ရှီဖြစ်သည်။

သူမရဲ့ တရားဝင်အစ်မက ချမ်းသာသည့်မိသားစုမှ သတို့သားလောင်းကို စွန့်ပစ်လိုက်တာကြောင့် ထို စေ့စပ်ပွဲအတွက် သူမက အစားထိုးခံဖြစ်လာသည်။ ပြီးနောက်မှာတော့ သူမခင်ပွန်းသည်ရဲ့ သူမတစ်ယောက်တည်းကို ချစ်မြတ်နိုးမှု အလိုလိုက်မှုကိုလည်း ခံထားရသည်။ အဆုံးမှာ သူမက ပထမအဆင့်အရာရှိ၏ ဇနီးသည်အဖြစ် ဘဝရဲ့အနိုင်ရရှိသူ ဖြစ်လာသည်။ လွမ်ရှီ၊ လွမ်စစ်ညာန်ဟု သိကြသည်။ ကံမကောင်းတာက ဇာတ်ကြောင်းက သက်တောင့်သက်သာဖြစ်လွန်းသည့် ဇာတ်လိုက်မဆီမှာပဲ လည်ပတ်နေကာ ချောမွေ့ပြီး စိတ်ကျေနပ်စရာကောင်းသည့် လွမ်စစ်ညန်၏ ဘဝက ဇာတ်လိုက်မနှင့် သူမ၏ ယုံကြည်ရသည့် အစေခံမလေးရဲ့ စကားဝိုင်းထဲမှာပဲ ဇာတ်လိုက်မ အားကျသည့်အကြောင်းအဖြစ်သာ ပါလာ၏။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now