အခန်း-၁၀

1.1K 134 5
                                    

UNICODE

သူမ အမတ်ဖခင်၏ သံသယကို ဆွဲဆောင်မိသွားပြီဆိုတာကို လွမ်ရှီက မသိသေးပေ။ အမတ်ချန်းယီပြန်သွားချိန်မှာ လွမ်ရှီက ဘာမှ မဖြစ်ခဲ့သလို စူးယွီနှင့် စူးကျူးကို မီးဖိုဆောင်ကနေ ညစာသွားယူဖို့ ပြောလေသည်။

အမတ်ကြီးက လွမ်ရှီကို ဘယ်လောက် အလေးထားလဲဆိုတာ စူးယွီနှင့် စူးကျူးက မြင်ပြီးနောက် သူတို့က အရမ်းစိတ်လှုပ်ရှားပြီး မျက်လုံးတွေက အရမ်းတောက်ပနေတာ ကြောက်ဖို့ကောင်းလှသည်။ သူတို့သခင်မလေး၏ မထူးခြားဟန်နှင့် တည်ငြိမ်သည့်အပြုအမူကို မြင်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သခင်မလေး သခင်မလေးက အမြဲ တည်ငြိမ်နေတာပဲ" စူးယွီ၏ စိတ်လှုပ်ရှားမှုက လျော့ကျသွားပြီဂ ခံစားချက်များနှင့် မနေနိုင်ဘဲ သက်ပြင်းချမိသည်။ "နျူးဘီက သခင်လေး တုန်လှုပ်တာ၊ ဒေါသထွက်တာနဲ့ အရမ်းရယ်မောတာမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး"

စူးကျူးလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။

စံအိမ်အတွင်းမှာ သူတို့ရဲ့ သခင်လေးက အတည်ငြိမ်ဆုံးသော ပင်ကိုယ်စရိုက်နှင့် ရှိပြီး ဒေါသထွက်ရင်တောင်မှ မျက်မှောင်ကြုတ်ရုံသာ ရှိတာကို သိကြတာများသည်။

လွမ်ရှီက ပြုံးလိုက်မိသည်။ သူမကလေးဘဝထဲမှ မူလကိုယ်ပိုင်ရှင်၏ မျက်နှာသာအပေးမခံရသော အခြေအနေသည် ကြားထဲမှာ အလှည့်အပြောင်းလေးရှိသော်လည်း လက်တွေ့မှာ မပြောင်းလဲနိုင်ပေ။ အံ့ဩစရာမရှိလို့ စိတ်လှုပ်ရှားမှုက ဘယ်ကနေလာမှာလဲ?

သူမက မွေးထဲမှ နှလုံးရောဂါရှိတာကြောင့် အရမ်းကို ပျော်ရွှင်တာမျိုး သို့မဟုတ် အရမ်းကို ဝမ်းနည်းတာမျိုး စသဖြင့် သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်လို့မရတာကြောင့် ခံစားချက်တွေကို ထိန်းချုပ်တတ်လာခဲ့သည်။

စူးယွီက မီးဖိုဆောင်ဆီသွားပြီး ညစာ သွားမယူခင် ခံစားချက်တွေနှင့် သက်ပြင်းသာ ချနိုင်မိသည်။

ညစာက အတူတူဖြစ်နေတုန်းပင်: ဆီတွေများပြီး အီနေကာ အသားဟင်းတွေထဲမှ တစ်ပွဲတွင် အပိုပါဝင်ပစ္စည်းပါနေသည်။ လွမ်ရှီက သူမအစားအသောက်ကို စားပြီးနောက် ဆေးခတ်ထားသည့် အသားဟင်းကို မထိဘဲ လွှင့်ပစ်ရန်နှင့် ကျန်အစားအသောက်တွေကို ဝှေငရန် စူးယွီအား ပြောလိုက်သည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now