အခန်း ၁၆

1K 121 3
                                    

UNICODE

လွမ်ရှီက နိုးလာချိန်မှာတော့ ခွန်အားအပြည့်ဖြစ်နေသည်။

ပြတင်းပေါက်အပြင်မှာ မိုးက ဆက်ရွာနေတုန်းဖြစ်ကာ မိုးစက်တွေက တံစက်မြိတ်အစက်ကို ကျချိန်မှာ အသံခပ်ဖျော့ဖျော့ထွက်နေသည်။

လွမ်ရှီက တောင့်တင်းသွားသည်။ မွန်းလွဲပိုင်းအစောတုန်းက မိုးဖွဲဖွဲလေးက သူမတစ်ရေးအိပ်ပြီးချိန်မှာ ပိုသည်းလာပြီး သူမရဲ့ ပြတင်းပေါက်ကြားသေးသေးလေးထဲနေ‌ စိုစွတ်အေးစက်နေသည့် လေတစ်ချို့က အခန်းထဲ တိုးဝင်နေ၏။

လွမ်ရှီက သူမကိုယ်ကနေ စောင်ကိုဖယ်ကာ အိပ်ယာထက်မှ ထလိုက်သည်။

အခန်းထဲမှ လှုပ်ရှားသံကို ကြားသည်နှင့် စူးယွီနှင့် စူးကျူးက သူတို့အချုပ်အလုပ်တွေကို ထည့်ထားသည့် ခြင်းတောင်းထဲ ပန်းထိုးနေသည့် အိတ်အသေးတွေကို ချပြီး သူတို့သခင်မလေး ကိုယ်လက်သန့်စင်ဖို့ ရေနွေးတွေ သယ်သွားကြသည်။

"သခင်မလေး သခင်မလေးအနားယူနေတုန်းက လောင်ထိုက်ထိုက်ဘေးက မားမားတစ်ယောက် သမားတော်တစ်ယောက် ခေါ်လာခဲ့တယ်။ မွန်းလွဲပိုင်းအတွက် သခင်မလေး နားနေတာကို သိတော့ ပြီးမှ နောက်တစ်ခေါက် ထပ်လာခဲ့မယ်လို့ ပြောသွားတယ်"

ဒါက သူမရဲ့သခင်မလေး၏ ဆံပင်ကို ဖီးသင်ပေးနေချိန်မှာ စူးယွီက ပြောလာတာဖြစ်သည်။

လွမ်ရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ကြည့်ရတာ လောင်ထိုက်ထိုက်က သူမခန္ဓာကိုယ်ကို အရမ်းဂရုစိုက်သည့်ပုံပင်။

"အင်း တို့နားလည်ပြီ။ တခြားရှိသေးလား?"

ဒီတစ်ကြိမ်မှာတော့ စူးကျူးက ဖြေလာတာဖြစ်သည်။ "နောက်တစ်ခုရှိပါသေးတယ်။ ဖူးရန်က သူမရဲ့အစေခံကို လွှတ်ပြီး ပြောခိုင်းလိုက်ပါတယ်။ မနက်ဖြန်ကစပြီး သခင်မလေးကို ဖူးရန်က အိမ်တော်စီမံခန့်ခွဲမှုကို သင်ပေးပါမယ်တဲ့"

လွမ်ရှီက စိတ်ထဲကနေ သက်ပြင်းချပြီး အကြည့်က ခဲသွားသည်။ သူမက သံသယဝင်နေချိန်မှာတောင် ဒီလို ဆုံးဖြတ်ချက်ကို လုပ်နိုင်သည့်အတွက် တရားဝင်မိခင်ကတော့ တကယ် တရားဝင်မိခင် ပီသပါပေတယ်။ ပထမတော့ ဒီအိမ်တော်စီမံခန့်ခွဲမှုအား ရက်အနည်းငယ်လောက် ဆွဲထားဦးမည်ထင်ထားတာ။ သို့တိုင်အောင် သူမက အိမ်တော်စီမံခန့်ခွဲမှုကို တရားဝင်သင်ခွင့်ရလို့ ဝမ်းသာမိသည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now