အခန်း ၄

1.2K 164 6
                                    

UNICODE

အခန်း၄ တွင် ပါဝင်သော အသုံးအနှုန်းများ

大哥 (pinyin: da ge) တ့ကော – အစ်ကို၊ အကြီးဆုံးအစ်ကို

兄 (pinyin: xiong)ရှောင်း – အစ်ကိုကြီး

安 (pinyin: an)အမ် – ငြိမ်းချမ်းမှု

老太爷 (pinyin: lao tai ye) လောင်ထိုက်ယဲ့– ဝမ်ထျန်းကျိုး၏ အဖေဘက်မှ အဖိုး သို့ပေမယ့် လေးစားအပ်သော ဆရာဟုလည်း အဓိပ္ပါယ်ရသည်။

အခန်းထဲမှာရှိနေသည့် သူမရဲ့ မမလေးကို စူးယွီက အကြောင်းကြားလိုက်သည်။

သူမ၏ အစ်ကိုအကြီးဆုံး အလည်လာသည်ကို သိရတော့ လွမ်ရှီက သူမရဲ့ အခမ်းအနားကိုယ်ဟန်အနေအထား နှင့် ကျင့်ဝတ်တွေ လေ့ကျင့်နေသည်ကို ရပ်ပြီး သူမအစ်ကိုအကြီးဆုံးကို ကြိုဆိုရန်အတွက် အဝတ်အစားတွေကို အလျင်အမြန် ပြုပြင်လိုက်သည်။

သူမအစ်ကိုအကြီးဆုံး လွမ်ယွီဝန်က သူမ၏ တရားဝင်မိခင်ကနေ မွေးဖွားတာဖြစ်ပြီး လက်ရှိတွင် စာပေသင်ကြားမှုဖြစ်သည့် ချင်ရှန်အကယ်ဒမီမှာ စာလေ့လာနေသူဖြစ်သည်။

ချင်ရှန်အကယ်ဒမီ၏ ကျောင်းသားအများစုက အစိုးရအရာရှိတွေ၏ ကလေးတွေ၊ မျိုးရိုးမြင့် မိသားစုတွေ၏ အမျိုးကောင်းသားတွေမဟုတ်ရင် တော်ဝင်မိသားစု မျိုးနွယ်ဝင်တွေဖြစ်ကြသည်။

ပြောစရာမလိုအောင်ပင် သီးသန့်ဆရာတွေအတွက် အခကြေးငွေက အရမ်းကို ဈေးကြီးလှသည်။

မူလကိုယ်ပိုင်ရှင်နှင့် သူမအစ်ကိုအကြီးဆုံး၏ ဆက်ဆံရေးက အဆိုးလည်းမဟုတ်သလို အကောင်းလည်းမဟုတ်ပေ။ အရမ်းကို ရင်းနှီးသည့်ဆက်ဆံရေးမဟုတ်လို့ ပြောလို့ရသည်။ ဖျားနာမှုတစ်ခုကြောင့် သူမအစ်ကိုအကြီးဆုံးက သူမဆီ အလည်လာတာက ဒါ ပထမဆုံးလို့ ဆိုရမည်။

လွမ်ရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။ ဒါတွေအကုန်လုံးက သူမမှာ ကောင်းမွန်သည့် လက်ထပ်သဘောတူညီမှု ရလာလို့သာဖြစ်သည်။

သူမ၏ လတ်လတ်ဆတ်ဆတ်စေ့စပ်ထားသည့် သတို့သားလောင်း ဝမ်ထျန်းကျိုးက လက်ရှိမှာ ချင်ရှန်အကယ်ဒမီတွင် စာလေ့လာနေတာမို့လို့ သူမအစ်ကိုအကြီးဆုံးနှင့် ကျောင်းတူတူပဲလို့ ဆိုလိုလို့ရသည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now