အခန်း ၇

1.1K 155 1
                                    

UNICODE

ဝမ်ကုန်းဇီရောက်ရှိလာမှုက အမတ်ကြီးစံအိမ်တစ်ခုလုံးကို ဆူညံသံတွေနှင့် စိတ်လှုပ်ရှားမှုတွေဖြင့် ချက်ချင်း ပြည့်သွားသည်။ စံအိမ်ရှိ အစေခံတွေအကုန်လုံးက ဝမ်ကုန်းဇီအကြောင်းကို တက်ကြွစွာ ဆွေးနွေးကြသည်။

ထိုအချိန်မှာ လွမ်စန်းညန်က သူမစိတ်ထဲ နောင်တရနေ၏။ အစောကသာ သူမသိခဲ့ရင် သူမ၏ စတုတ္ထညီမလေးကို လက်ထပ်ပေးဖို့ သူမအမေကို နားချခဲ့မည်မဟုတ်ပေ။ သို့ပေမယ့် ကံမကောင်းစွာနှင့် နောင်တရဖို့က အရမ်းနောက်ကျသွားပြီဖြစ်သည်။

အခု သူမရဲ့ စတုတ္ထညီမလေးနှင့် ရင်းနှီးသည့် ဆက်ဆံရေးလုပ်ဖို့က အကောင်းဆုံးဖြစ်သည်။ နောက်ကျ သူမက ချီယွဲ့အမ်နှင့် လက်ထပ်ချိန်ကျ ချီယွဲ့အမ်အတွက် လမ်းဖောက်ပေးဖို့ ဒီအဆက်အသွယ်ကို အသုံးချရမည်ဖြစ်သည်။

ချီယွဲ့အမ်က တစ်ဆင့်ပြီး တစ်ဆင့် တက်လာချိန်ကျ သူမအမေက သူမဘာသာ လုပ်ဆောင်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးလိမ့်မည်။

လွမ်စန်းညန်တစ်ယောက်က သူမဘာသာ ဆက်တိုက်နှစ်သိမ့်နေသည်: သူမရွေးချယ်မှုက မမှားဘူး။ အခုလက်ရှိ ချီယွဲ့အမ်က လွတ်လပ်နေတာပဲရှိတာ။ အခွင့်အရေးရတာနဲ့ သူရဲ့ ပထမဆုံးတိုက်ခိုက်မှုနဲ့ မြင့်တက်လာမှာ။

ပြီးနောက် သူမအသွင်အပြင်ကို ပြန်ပြင်ဆင်လိုက်ပြီးတော့ တည်ငြိမ်နှလုံးသားဉယျာဉ်ဆီသို့ အစေခံမိန်းမပျိုတွေနှင့် အပြေးအလွှားလေး သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် အစေခံတွေရဲ့မှတ်ချက်တွေကို ထပ်ခါ ထပ်ခါ ကြားနေရသည်။

"ကောင်းကင်အထက်မှာ ကောင်းကင်တွေရှိတယ်။ နင်တို့တွေ သူ့ကို မြင်လိုက်ကြလား? ဝမ်ကုန်းဇီက တကယ်ချောတာပဲ"

"ငါ သူ့ကို မြင်ပြီးပြီ စတုတ္ထမမလေးက တကယ်ကို ကံကောင်းတာပဲ။ အကြည့်တစ်ချက်နဲ့ ဝမ်ကုန်းဇီက နွေးထွေးတဲံ စိတ်ထားနဲ့ ကြော့ရှင်းရည်မွန်ပြီးတော့ ခံ့ညားတဲ့ အမျိုးမြင့်သားဆိုတာ ပြောနိုင်တယ်"

"ဟုတ်တယ် သဘောတူတယ်။ ဝမ်ကုန်းဇီရဲ့ ချောမောမှုက ကျောက်စိမ်းလိုပဲ ရည်မွန်ပြီး စိတ်နေစိတ်ထားကောင်းတယ်လို့ ပြောကြတယ်မလား? အသေအချာပဲ ကောလဟလတွေက ဗလာသက်သက်ကြီးမဟုတ်ဘူး"

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now