အခန်း ၈

1.2K 140 6
                                    

UNICODE

သူတို့အနီးဝန်းကျင်မှာ တခြားသူတွေမရှိတော့ လွမ်ရှီက သူမရဲ့ အားနည်းသည့်အသွင် ဟန်ဆောင်နေတာကို ရပ်လိုက်သည်။ သူမရဲ့အကြည့်တွေက သွက်သွက်လက်လက်ဟန်ရှိသွားသည်။

လူတစ်ယောက်၏ စိတ်နေသဘောထား၊ ကျက်သရေနှင့် ဆွဲဆောင်မှုတွေက ဟန်အမူအရာနှင့် အပြုအမူတွေမှာသာ ရှိရုံတင်မက အကြည့်တွေထဲမှာလည်း ရှိသည်။

'နဂါးပုံရေးဆွဲထားသည့် ပန်းကျီကို အသက်သွင်းနေတာက မျက်ဝန်းတစ်စုံမှာ အစက်ချလိုက်ရုံပဲ' ဆိုသည့် စကားပုံက အကြည့်တစ်ချက်က ဘယ်လောက်အရေးကြီးလဲဆိုတာ ရှင်းပြနေတာဖြစ်သည်။ အရင်လွမ်ရှီက လက်ရာမြောက်သည့် ကျောက်စိမ်းကို လူပုံစံထွင်းထုထားသလိုပဲ ဖြူဖွေးနူးညံ့သည့် အသားအရေနှင့် လှပလွန်းသည်။ သို့ပေမယ့် သူမရဲ့မျက်ဝန်းထဲ ဆွဲဆောင်သည့်အရိပ်အယောင်မရှိသလို စိတ်နေသဘောထားကလည်း သာမန်မျှသာဖြစ်သည်။

သို့ပေမယ့် အခု သူမဟန်ဆောင်တာကို ရပ်လိုက်ချိန်မှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် လက်ရာမြောက်လွန်းလှသည့် ဤလူသားက အသက်ဝင်လာသလိုပင်။ သူမရဲ့တစ်ဝိုက်မှာ ခမ်းနားထည်ဝါမှုက လွှမ်းခြုံနေပြီး ရင်သက်ရှုမောဖွယ်အလှလေးတစ်ယောက်ဖြစ်လာသည်။

သဘာဝကျပြီး စိတ်အေးစွာနှင့် ဝမ်ကုန်းဇီအတွက် ရေနွေးငှဲ့ပေးပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလာသည်။ "ဝမ်ကုန်းဇီ ရေနွေးသုံးဆောင်ပါဦး"

ရေနွေးခွက်ကို လက်ခံပြီးနောက် ဝမ်ကုန်းဇီက တစ်ငုံသောက်ကာ ခပ်ဖျော့ဖျော့ ရယ်သွမ်းသွေးလာသည်။ "ဆက်ပြီး ဟန်မဆောင်တော့ဘူးလား?"

လွမ်ရှီက သူ့စကားကို ချက်ချင်းနားလည်ကာ အပြုံးလေးနှင့် ပြောလာသည်။ "တို့ ဟန်ဆောင်တာ ဟန်မဆောင်တာက ဝမ်ကုန်းဇီကို ဖုံးကွယ်ထားလို့မရပါဘူး။ ရိုးသားမှုနှင့် စိတ်ရင်းလောက် ဘယ်ကုသမှုမှ မကောင်းဘူးလေ"

အသေအချာကို ဒါက သူမရဲ့ နားလည်မှုလွဲတာမဟုတ်ပေ။ သူမဟန်ဆောင်နေတာကို ဝမ်ကုန်းဇီက ထွင်းဖောက်မြင်ရလေသည်။ သို့ပေမယ့် မူလကိုယ်ရဲ့ မှတ်ဉာဏ်ထဲဝယ် ဝမ်ကုန်းဇီအကြေင်းကို ရှာမတွေ့ပေ။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now