အခန်း ၁၃

782 98 1
                                    

UNICODE

လွမ်စန်းညန်က သူမအစေခံမိန်းကလေးတွေကို အပြင်မှာ ထားခဲ့ပြီး တစ်ယောက်တည်း ဝင်လာသည်။ သူမ ခြေချလိုက်ချိန်မှာပဲ စားပွဲပေါ်မှ အသားဟင်းရနံ့ကို ရလိုက်ပြီး သူမနေ့လည်စာစားပြီးတာတောင်မှ ဗိုက်ဆာသလို ခံစားသွားရ၏။

အသားဟင်းသုံးပွဲ၊ အသီးအရွက်တစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်

ခမ်းနားချက်ပဲ

"စစ်မေ့ ညီမရဲ့ ဟင်းပွဲတွေက တကယ့်ကို အံ့ဩစရာပဲ တကယ်ကြီး အသားဟင်းသုံးပွဲနဲ့ အသီးအရွက်တစ်ပွဲရတယ်နော်"

လွမ်စန်းညန်၏ လေသံက မနာလိုမှုတွေနှင့် ပြည့်နေပြီး လွမ်ရှီဘေးမှာ သူမအိမ်လိုပဲ ထိုင်လိုက်သည်။ သူမကပြုံးရင်း ပြောလာသည်။ "စစ်မေ့ မမက ညီမလေးနဲ့ တူတူစားရင် စိတ်မရှိဘူးမလား?"

လွမ်ရှီ "..."

လွမ်စန်းညန်က သုံးဘဝ ဖြတ်သန်းပြီးသော်လည်း ဒီလို ပေါ့ဆတာ သူမအတွက် တကယ်အဆင်ပြေလား? ပြီးနောက် သူမအတွေးပြောင်းသွားသည်။ လွမ်စန်းညန်က ဗဟုသုတပိုင်းမှာ သိတာ ခိုင်မာတယ်လို့ ခံစားပြီးတော့ သူမက ရောဂါကုသနိုင်သည့် System စွမ်းရည်ရှိတာကြောင့် ဝတ္ထုထဲမှာ သားသမီးမရသည့် ဝမ်ဖေးတစ်ဦးကို ကုသပေးနိုင်လို့ သူမမှာ နောက်ခံတောင့်တယ်လို့ တွေးနေတာပဲ ဖြစ်မည်။

ဝတ္ထုထဲမှာ လွမ်စန်းညန်က တခြားသူတွေအတွက် ရောဂါကုသနိုင်တယ်လို့ပဲ ရေးထားပေမယ့် သူမကိုယ်သူမလည်း ပြန်သုံးပြီး ကုသနိုင်သည့်ပုံပေါ်သည်။

သူမစိတ်ထဲ ဤကောက်ချက်ချမှုရတာနှင့် လွမ်ရှီက လွမ်စန်းညန် သူမနှင့် အတူစားဖို့ တောင်းဆိုမှုကို မငြင်းပယ်တော့ပေ။

သို့ပေမယ့် လွမ်စန်းညန်က သူမနှင့် အတူစားတာကို သူမ၏တရားဝင်မိခင်သိလို့ကတော့ ရူးသွားလောက်မှာကို သူမ ကြောက်မိသည်။

သူမရဲ့တရားဝင်မိခင်ဆီ ယူဆောင်လာမည့် စိတ်ဒုက္ခအား လွမ်ရှီကြည့်ဖို့ စောင့်နေသည်။

"ညီမ စိတ်မရှိပါဘူး။ စူးယွီ နောက်ထပ် ပန်းကန်လုံးတစ်လုံးနဲ့ တူကို တတိယသခင်မလေးအတွက် ပြင်ပေး"

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now