အခန်း ၁၄

734 119 5
                                    

UNICODE

လွမ်ရှီက လွမ်စန်းညန်ရဲ့ မျှော်လင့်နေသည့် အကြည့်နှင့် ဆုံသွားတော့ သူမနှင့် ပူးပေါင်းဟန်ဖြင့် မေးလာသည်။ "စန်းညန်က ဘာလုပ်ဖို့ စီစဉ်ထားလဲ?"

သူမရဲ့ စတုတ္ထညီမလေးက တကယ့်ကို ဘွင်းဘွင်းရှင်းရှင်းရှိသည်ဟု လွမ်စန်းညန် ခံစားလိုက်ရသည်။

"မမက မမကိုယ်ပိုင် ဇာတ်လမ်းစာအုပ်ရေးဖို့ စီစဉ်ထားတယ်။ ပြီးရင် အခါးရည်ဆိုင် (ရေနွေးကြမ်းနှင့် မုန့်တွေရောင်းသည့်ဆိုင်) ဖွင့်ပြီးတော့ ပုံပြောသူတွေကို ဖိတ်ခေါ်ပြီး အဲ့ဇာတ်လမ်းတွေကို ပြန်ပြောပြခိုင်းမယ်။ တုန့်ပြန်မှုကောင်းရင် မမက အဲ့စာအုပ်တွေကို ရောင်းဖို့ စာအုပ်ဆိုင်လည်း ဖွင့်မယ်"

ယုံကြည်မှုအပြည့်နှင့် လွမ်စန်းညန်က သူမအစီအစဉ်ကို ပြောပြလာသည်။ သူမရဲ့အရင်ဘဝက အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ဖန်နှင့် ဘိလပ်မြေတို့လိုမျိုးတွေကို မထိပေ။

သေချာတာက အဲဒါကတော့ ဧကရာဇ်အိုရဲ့ အာရုံကို ဖမ်းစားမည်မဟုတ်ပေ။

ထိုအချင်းအရာကိုကြားတော့ လွမ်ရှီ စိတ်အေးသွားရသည်။

ကြည့်ရတာ လွမ်စန်းညန်က ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူမ လုပ်သင့်တာ မထိသင့်တာတွေကို သိသွားသည်နှင့် တူ၏။

အဆင့်အတန်းမြင့်ပြီး အရေးပါ အာဏာရှိသည့် ဝန်ကြီး သို့မဟုတ် မင်းညီမင်းသား သို့မဟုတ် မင်းမျိုးမင်းနွယ် မြေးများက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနှင့် ပတ်သက်တာမျိုး ဒါမှမဟုတ် ရုတ်ချည်းကြီးမားသည့် အကျိုးအမြတ်တွေကို ထုတ်ပေးတာမျိုးမှမဟုတ်ရင် ကျန်သူတွေလုပ်တာက အဓိကလမ်းမကြီးမှာ ရွှေရုပ်ကိုင်ပြီး ရပ်နေသည့် ကလေးနှင့် တူလိမ့်မည်။ အန္တရာယ်ကတော့ ပြောဖို့တောင် မလိုလှပေ။

"စန်းကျဲရဲ့ ဉာဏ်ကောင်းမှုနဲ့ဆို စန်းကျဲရေးမယ့် ဇာတ်လမ်းစာအုပ်တွေက သေချာပေါက် စိတ်ဝင်စားဖို့ကောင်းမှာ" လွမ်ရှီက လွမ်စန်းညန်ကို စကားတစ်ခွန်းတည်းနှင့် မြှောက်ပင့်လိုက်သည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now