အခန်း-၆

1.1K 135 2
                                    

UNICODE

နောက်တစ်နေ့မနက်မှာတော့ အမတ်ချန်းရီ၏ ဖူးရန်က ဝမ်ကုန်းဇီက လွမ်ရှီဆီ ဒီနေ့အလည်လာမည့်သတင်းအား ဝန်လေးစွာနှင့် ကြေညာလာလေသည်။

စံအိမ်တော်မှ ကိုယ်လုပ်တော်တွေက ကျန်းရှီကို တိတ်တိတ်လေး လှောင်ရယ်ကြသည်။ သိက္ခာရှိတဲ့ တရားဝင်ဇနီးသည်က အသက်အရွယ်ရလာသော်လည်း မျက်နှာသာရဖို့ ဆက်လက်တိုက်ပွဲဝင်နေသည့် အပြင် လွမ်စစ်ညန်လို တရားမဝင်သမီးဖြစ်သူအား ကောင်းမွန်သည့် သမက်ပေးခဲ့ပြီးတော့ သူမ၏ သမီးရင်းဖြစ်သူရဲ့ ခေါင်းကို တက်နင်းခွင့်ပေးခဲ့သည်။ ထိုအချိန်မှာ တခြားကိုယ်လုပ်တော်နှစ်ယောက်နှင့် သူတို့သမီးတွေကတော့ ကျန်းရှီကို အရမ်း မကျေမနပ်တွေဖြစ်နေကြသည်။

သုံးယောက်လုံးက တရားမဝင်သမီး ကိုယ်လုပ်တော်ဖွားတွေဖြစ်ရက်နဲ့ ကျန်းရှီက အမေမရှိတဲ့ လွမ်စစ်ညန်ကိုကျ ကိုယ်တိုင် ကူညီပြီး ကောင်းမွန်တဲ့ လက်ထပ်ပွဲလုပ်ပေးတာက သူတို့သမီးတွေရဲ့ ခေါင်းကို တက်နင်းတာနှင့် တူတူပင်ဖြစ်သည်။

ကိုယ်လုပ်တော်နှစ်ဦးက သူတို့နှလုံးသားထဲက ဤအတွေးကို ဖြေဖျောက်ဖို့ရာ ခက်နေသည်။ ပြီးခဲ့တဲ့ညတွေမှာ အမတ်ကြီးက အဓိကခြံဝန်းမှာ အနားယူတာကို သူတို့တွေးမိချိန်မှာတော့ အသက်ပဲကြီးနေပြီ တဏှာကရှိပြီး မျက်နှာသာအတွက် တိုက်ခိုက်ချင်နေတုန်းဆိုပြီးတော့ တိတ်တိတ်လေး ကျန်းရှီကို ပြောဆိုကြသည်။

သို့ပေမယ့် သူတို့အမြင်က ထိုလိုပဲဆိုပေမယ့် ကျန်းရှီက သူမသမီးကို သနားပြီး ထိုအချိန်မှာ စိတ်ပျော့သွားကာ အခုတော့ နောင်တရနေတယ်ဆိုတာကို လင်းယိညန်ကလွဲပြီး ဘယ်သူမှမသိပေ။

အမှန်တိုင်းပြောရရင် လင်းယိညန်က ကျန်းရှီ၏ သူတော်ကောင်းယောင်ဆောင်ပြီး ရက်စက်တာကို သိလေသည်။

သူမအမှားဆိုတာ သိသာပေမယ့် လွန်စစ်ညန်အပေါ် ဒေါသဖြေဖျောက်လေသည်။ အပေါ်ယံမှာတော့ သူမက ကိုယ်ကျင့်တရားကောင်းပြီး သဘောထားကြီးသည်ဆိုပေမယ့် နောက်ကွယ်မှာတော့ လွန်စစ်ညန်ကို ဆန့်ကျင်ကာ လွန်စစ်ညန်၏ အသက်ကိုပါ ယူတော့မလိုဖြစ်ခဲ့သည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now