အခန်း-၃

1.3K 148 2
                                    

UNICODE

အခန်း၃ တွင် ပါဝင်သည့် အသုံးအနှုန်းများ

敏儿 (pinyin: min er) မင်အာ – လွမ်မိသားစု၏ တတိယသား လွမ်ယွီမင်ကို ချစ်မြတ်နိုးစွာခေါ်သည့် နာမည်

氏 (pinyin: shi)ရှီ – မိသားစု မဟုတ်ရင် မျိုးရိုးနာမည်ကို သုံးနှုန်းတာဖြစ်သည်။ ရှေးခေတ်အချိန်မှာ လက်ထပ်ပြီးသားအမျိုးသမီး၏  အပျိုမျိုးရိုးနာမည်နောက်တွင် ထည့်သုံးသည်။

宁儿 (pinyin: ning er) နင်းအာ – လွမ်နင်းကို ချစ်မြတ်နိုးစွာ ခေါ်သည့်နာမည်

大郎 (pinyin: da lang)တလန် – ကျန်းရှီမှ သူမသားအကြီးသုံးကို ခေါ်သည့်နာမည်

လင်ယိညန်နှင့် တတိယသခင်လေး ဝင်လာတာကို ယောင်ဟုန်မြင်ချိန်မှာတော့ သူမအမူအရာက အနည်းငယ် ပြောင်းသွားသည်။ သူတို့ကို ဦးညွတ်ပြီးနောက် ချက်ချင်း ထွက်သွား၏။

ထိုအချိန်မှာတော့ စူးယွီက လင်ယိညန်နှင့် တတိယသခင်လေးအတွက် ရေနွေးကြမ်းငှဲ့ပေးနေသည်။

"စစ်ညန် သမီးအဆင်ပြေနေတာမြင်တော့ ယိညန်လည်း စိတ်အေးရပါပြီ။ မားမားချန် ကျွန်မယူလာခိုင်းတဲ့ နှစ်တစ်ရာဂျင်ဆင်းနဲ့ ထိပ်တန်းအဆင့် ငှက်သိုက်ယူခဲ့ပေးပါဦး" လင်ယိညန်က လွမ်ရှီ၏ အသားအရောင်ကို သေချာကြည့်ပြီး အဆင်ပြေနေတယ်ဆိုတော့မှ စိတ်အေးသွားရသည်။

မနေ့ညက စစ်ညန်က မခံနိုင်တော့တဲ့အနေအထားကို ရောက်နေတယ်လို့ကြားတော့ အရမ်းကို စိတ်ပူနေရသည်။ တစ်ညလုံးမအိပ်နိုင်ဘဲ အိပ်ယာထဲမှာ လူးလှိမ့်နေမိသည်။ စစ်ညန်သာ တစ်ခုခုဖြစ်သွားရင် ဖူရန်က သူမကို ခက်ခဲအောင်လုပ်ဖို့ အခွင့်အရေး သေချာပေါက် ယူမှာဖြစ်သည်။

မားမားချန်က လင်ယိညန်နောက်ကနေ ချက်ချင်း သစ်သားဘူးနှစ်ဘူး ပေးလာသည်။

လွမ်ရှီက တိတ်တိတ်လေး လန့်မိသွားသည်။ နှစ်တစ်ရာဂျင်ဆင်း... လင်ယိညန်က တကယ့်ကို ရက်ရောတာပဲ။ ကြည့်ရတာ လင်ယိညန်ရဲ့နောက်ခံက အတော်လေး ချမ်းသာမယ့်ပုံပဲ.

လွမ်ရှီက အလျင်အမြန် လင်ယိညန်ကို ဦးညွတ်ကာ အရိုအသေပေးလိုက်သည်။ သူမက ကျေးဇူးတင်လို့မဆုံးသည့်အမူအရာနှင့် လွမ်ရှီက ထုတ်ဖော်ပြောဆိုလာသည်။ "ယိညန်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ စောနက ရောက်လာတဲ့ သမားတော်က သမီးနိုးလာပြီဆိုရင် ထပ်ပြီး မဖျားတော့ပါဘူးတဲ့။ ဒါပေမယ့် နှစ်တစ်ရာဂျင်ဆင်းက အရမ်းတန်ဖိုးကြီးလှပါတယ်။ သမီးက လက်မခံနိုင်ပါဘူး"

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now