အခန်း ၁၇

743 82 4
                                    

UNICODE

ဝမ်စံအိမ်တော် သဟဇာတခန်းဝါ

ညဘက်ခန်းစီးတွေ ချထား၏။ သူ့မိဘတွေနှင့် ညစာစားပြီးနောက် ဝမ်ထျန်းကျိုးက သဟဇာတခန်းဝါဆီ ပြန်လာချိန်မှာ သူ့လူယုံတော်အစေခံ ကျန်းချင်းက ပန်းရနံ့ခပ်ဖျော့ဖျော့နှင့် စာတစ်စောင်အား သူ့ဆီကမ်းလာပေးသည်။

"သခင်လေး စတုတ္ထလွမ်သခင်မလေးက ပြန်စာပို့လာပါတယ်"

စတုတ္ထလွမ်သခင်မလေးက ပြန်စာပို့လာတယ်လို့ ဝမ်ထျန်းကျိုးကြားချိန်မှာ သူ့မျက်ခုံးကို အသာပင့်ပြီး သူ့နှုတ်ခမ်းထောင့်က သတိမထားမိလိုက်ပဲ အပြုံးခပ်ဖျော့ဖျော့သို့ ကော့ညွတ်သွားသည်။

"အရမ်းမြန်မြန်ပြန်ပို့တာလား?"

သူ့အသံဆုံးတာနှင့် ဝမ်ထျန်းကျိုးက သူ့ခုံမှာ မထိုင်ခင် စာကို လှမ်းယူလိုက်ပြီး ကျက်သရေရှိသည့် လှုပ်ရှားမှုတစ်ချက်နှင့် စာကို ဖွင့်လိုက်သည်။

ကျန်းချင်းက ပြုံးပြီး ပြောလာသည်။ "သခင်လေး ဒီအမှတ်အသားက စတုတ္ထလွမ်သခင်မလေးက သခင်လေးအပေါ် သူမနှလုံးသား ပေးအပ်ထားလို့ဆိုတာပဲ"

"အဲ့လိုလား?" ဝမ်ထျန်းကျိုးက စာအိတ်အပေါ်မှ လေးထောင့်စပ်စပ်လက်ရေးကို ကြည့်လိုက်သည်။ သူက ခပ်ဖွဖွရယ်ရင်း အဲ့နေ့က သူလည်ပတ်ချိန်မှာ ဖြစ်ခဲ့သည့် အခြေအနေကိုတောင် မှတ်မိသေးသည်။ သူမက သူမနှလုံးသားကို သူ့ဆီပုံအပ်ထားတယ်ဆိုရင် ထူးဆန်းလိမ့်မည်။ တစ်ဖက်မှာ လွမ်ယွီဝမ်ရှိနေလို့ သူမက ရွေးစရာမရှိဘဲ ဟန်ဆောင်တာ ဖြစ်ဖို့ ပိုများမည်။

ကျန်းချင်းက သူ့သခင်လေးဘေးမှာ ခစားခဲ့တာ ဆယ်နှစ်ရှိပြီဖြစ်သည်။ သူ့သခင်လေးက ကျောင်းသွားချိန်ဆို သူက ပုံမှန်လိုက်ရတယ်ဆိုတာက သူ့ကို သူ့သခင်လေးက ခပ်မြင့်မြင့်တွေးထားပြီး ယုံလို့ဆိုတာ ပြသနေသည်။

သဟဇာတခန်းဝါမှ အစေခံတွေအကုန်လုံးက ယောကျာ်းလေးတွေပဲဖြစ်သည်။ ဘာလို့လဲဆိုတော့ သခင်လေးက သူ့အနီးနားမှာ အစေခံမိန်းကလေးတွေ ရှိနေတာ မကြိုက်လို့ဖြစ်သည်။ ဖူးရန်က သူ့ကို နားချဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် အကျိုးမဖြစ်ထွန်းလို့ လက်လျှော့လိုက်ရသည်။ ထို့ကြောင့် သဟဇာတခန်းဝါက ဝမ်စံအိမ်တော်မှာ အထူးတည်ရှိမှုဖြစ်လာသည်။

You've reached the end of published parts.

⏰ Last updated: Jan 13 ⏰

Add this story to your Library to get notified about new parts!

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now