အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ

2.5K 125 2
                                    

UNICODE

盛德 (pinyin: sheng de) ရှန်းတယ့် –  မွန်မြတ်သီလ, ကြီးစွာသော ကရုဏာ. လက်ရှိဧကရာဇ်၏ နန်းစံနှစ် နာမည်

诚意(pinyin: cheng yi)ချန်းယီ – သစ္စာရှိမှု၊ ရိုးသားမှု.

倾城 (pinyin: qing cheng) ချင်းချန်း – '倾城倾国' (qing cheng qing guo) ဆိုသည့် ဒေသိယစကားကနေ လာသည်။ အဓိပ္ပါယ်က မြို့ကျရှုံးလောက်အောင် လှသည့် အမျိုးသမီး ဟု ဖြစ်သည်။

阮四娘 (pinyin: ruan si niang) လွမ်စစ်ညန်– လွမ်မိသားစု၏ စတုတ္ထမြောက်သမီးဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ လွမ်ရှီအား သူမမိသားစုမှ ရင်းနှီးစွာသုံးနှုန်းသည့် အသုံးအနှုန်းလည်းဖြစ်၏။

阮三娘 (pinyin: ruan san niang)လွမ်စန်းညန် – လွမ်မိသားစု၏ တတိယမြောက်သမီး

不学无术 (pinyin: bu xue wu shu) – သင်ယူမှု စွမ်းဆောင်ရည် မရှိ

短袖 (pinyin: duan xiu) – အင်္ကျီလက်ပြတ်ဆိုသည်မှာ ဂေးဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ အနောက်ဟန် သမိုင်းကနေ ဆင်းသက်လာတာဖြစ်သည်။ ဧကရာဇ်ဟန်အိုက်တိက သူ့ရဲ့အမျိုးသားချစ်သူ သုန့်ရှန်းနှင့် အိပ်နေရာ မနက်ပိုင်း ညီလာခံတက်ဖို့ ရှိနေ၏။ သူချစ်ရသည့် ချစ်သူကို မနိုးစေချင်လို့ သူ့ချစ်သူ ခေါင်းဦးနေသည့် သူ့ရဲ့ အင်္ကျီလက်ရှည်ကို ဓားဖြင့် ဖြတ်ခဲ့တာဖြစ်သည်။ ထိုကနေမှ တစ်ဆင့် အင်္ကျီလက်ပြတ်ဆိုတာ ဖြစ်ပေါ်လာတာဖြစ်၏။

夫人 (pinyin: fu ren)ဖူးရန် – အရာရှိ၏ တရားဝင်ဇနီး

四妹 (pinyin: si mei)စစ်မေ့ – စတုတ္ထညီမလေး

姨娘 (pinyin: yi niang)ယိညန် – ဖခင်ဖြစ်သူ၏ ကိုယ်လုပ်တော်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်း

三姐 (pinyin: san jie)စန်းကျဲ – တတိယအစ်မ

老太太 (pinyin: lao tai tai)လောင်ထိုက်ထိုက် – အိမ်တော်၏ အကြီးအကဲ အမျိုးသမီး၊ ဖခင်ဖြစ်သူ၏ အမေကို ခေါ်ဝေါ်သည့်အသုံးအနှုန်း

同房 (pinyin: tong fang)တုန်ဖန်း – ကာမဆက်ဆံသည့်သူဖြစ်ပေမယ့် သူတို့သခင်ဖြစ်သူကို တရားဝင်ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခြင်းမခံရဘဲ ကာမဆက်ဆံခံရသည့် အမျိုးသမီးအစေခံတွေကို ဆိုလိုသည်။

齐二公子 (pinyin: qi er gong zi)ချီအာ့ကုန်းဇီ – ချီမိသားစု၏ ဒုတိယအမျိုးကောင်းသား

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now