Part 1 (Uni+Zaw Gyi)

25.2K 963 5
                                    

(Unicode)

" မင်း ငါ့ကို တာဝန်ယူပြီး လက်ထပ်ရမယ်
စိုင်းမင်းခ"

မိဘများရှေ့မှာ တည်ငြိမ်စွာနဲ့ပြောလိုက်တဲ့လူကြီးတစ်ယောက်ကြောင့် စိုင်းမင်းခရုတ်တရက် ကြောင်အသွားတာတော့အမှန်ပင်။
သက်ပြင်းကိုဖြေးဖြေးလေးချလိုက်ပြီး.......

" ကျွန်တော်က ဘာအတွက်များ ခင်ဗျားကို
လက်ထပ်ရမှာလား ဦးခွန်းခက်ပိုင်"

"မင်းမနေ့ညက လုပ်ခဲ့တဲ့အပြစ်ကိုမင်းသိမှာပါ"

"........"
.
.
.
.

Flash Back...........

Yesterday 9:00 P.M in VI CLUB.........

" သူတို့ဒီမှာချိန်းတာသေချာလား မင်းဝေ"

"ဟုတ်ကဲ့ သေချာပါတယ် ဆရာ "

*တောက်စ်*

"Daddy မျက်နှာသာမရှိရင် အဲ့ဒီလူကိုအရည်ခွာပစ်တယ် "

အသက် 30 အရွယ်ရောက်လာပေမယ့် အခုချိန်ထိ Daddy စကားဆိုမလွန်ဆန်နိုင်တာ
ကြောင့် မနေ့ကဘဲ ညတွင်းချင်း ခွန်းခက်ပိုင် ဂျပန် ကနေ အခုဆောက်လုပ်မယ့် Club နဲ့ Hotel ရဲ့ Project နဲ့ပတ်သက်ပြီး ရောက်လာတော့၏။

"စောင့်နေတာကြာသွားလား "

ဝိုင်တစ်ခွက်ကိုသောက်နေရင်း အနောက်ကနေလှမ်းခေါ်လာတဲ့ သူကြောင့် ခွန်းခက်ပိုင် ထိုင်နေရာမှထမိ၏။အသက် ၅၀ ကျော် ၆၀ နီးပါးရှိမည်ဖြစ်သည့် ထိုလူက Daddy နဲ့အသက်တူတူလောက်ရှိမည်ဖြစ်၏။

" သိပ်မကြာဘူးဆိုပေမယ့် အချိန်ကို လေးစား
သင့်တယ်လို့တော့ထင်တယ် Uncle "

"ဒီမှာလေ Uncle သားကလဲ လိုက်ချင်တယ်ဆိုလို့ သူ့ကိုစောင့်နေတာနဲ့ ကြာသွားတာ နှုတ်ဆက်လိုက် သား သူ့နာမည်က ခွန်းခက်ပိုင်တဲ့ သားထက်တော့ အသက်ကြီးပေမယ့်စီးပွာရေးနယ်ပယ်မှာတော့ ပါပါးတို့နဲ့တူတူဘဲ မောင်ခွန်းခက်ပိုင် ဒါ Uncle သား စိုင်းမင်းခတဲ့"

ခွန်းခက်ပိုင် အနောက်ကလူငယ်ကိုကြည့်လိုက်တော့ ထိုလူငယ်က ဂုတ်ထောက်လောက် ဆံပင်ကိုချထားပြီး အရှေ့ကရှည်နေတဲ့ဆံပင်တွေကိုအနောက်ကိုစည်းထားတော့၏။မျက်ခုံးမျက်လုံးကောင်းပြီး ဆင်းနေတဲ့နှာတံ ကို ကြည့်ချင်းဖြင့် ဦးစိုင်းနောင်ဆိုသူနဲ့လုံးဝမတူပေ။သေချာသည်
အမေနဲ့တူတာဖြစ်ရမည်။ခွန်းခက်ပိုင် ထိုလူငယ်ဆီကနှုတ်ဆက်တာကိုမျှော်လိုက်ပေမယ့်
မကြည့်ချင်ကြည့်ချင်နဲ့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးပြတဲ့လူငယ်ကြောင့် ဒေါသတော့ထွက်သွားရ​တော့၏။ခပ်ဖြေဖြေသာသက်ပြင်းချလိုက်ပြီး......

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now