!မြွက်စ်!"အို.....ဒေလီယာ မင်းကတော်တော်ဆိုးတာဘဲ"
"ဒါကတော့ ယောက္ခမကြီးရော ယောက္ခထီးကြီးကပါ သဘောတူတာကို"
တရားစခန်းကထွက်တော့ ဒေလီယာရော
ခင်မေမြင့်ကော မိဘတွေကိုတွဲနေကြောင်း
အသိပေးအပ်လိုက်တော့သည်။ရှေးရိုးစွဲတတ်တဲ့မိဘနှစ်ပါးက အခုတော့ ဘားမှမငြင်းဘဲ ကြည်ဖြူစွာ လက်ခံတာမို့ ခင်မေမြင့်အံ့သြမိတာတော့အမှန်ပင်။ထိုနေ့ပြီးတည်းက နှစ်ယောက်သား Offical တွဲကာ ပတ်ဝန်းကျင်ကလူတွေရော အတင်းပြောနေတဲ့သူတွေကိုရောပါ ဂရုမစိုက်ဘဲ တွဲကာ ဂျပန်ရောက်တော့နှစ်ယောက်တူတူနေကြသည်။
အခုတော့ မနက်ခင်း ကျောင်းသွားခါနီးတိုင်း
ဒေလီယာက ခင်မေမြင့်ပါးပြင်ထက်ကို
နမ်းပါသည်။"တက္ကသိုလ်ဝင်ခွင့်အောင်တိုင်း ကျောင်းတက်ဖို့
မပျင်းနဲ့ ဒေလီယာ ""ဟီး"
"ကိုယ့်အဖေတွေအမေတွေသာ လက်ခံမယ်ဆိုရင် ကိုယ်မင်းကိုလက်မခံဘူး"
"မမနော် "
"တကယ်ပြောတာ ကိုယ့်မိဘတွေ မင်းကိုဘာ
ကြည့်ပြီး လက်ခံသလဲမသိဘူး ပြီးတော့ မင်းလဲမိန်းကလေးတစ်ယောက်ဘဲလေ""အဲ့ဒါကတော့ ဒေလီယာက မမရဲ့ကလေးလေးဖြစ်နေတာကို ဒေလီယာကချစ်ဖို့လဲကောင်းတယ်လှလဲလှတယ် စာလဲတော်တယ် ဘာသာစကားတွေလဲ လေးမျိုးလောက်ပြောတတ်တယ် ပြီးတော့ မကြာခင်ဆို အောင်မြင်တဲ့ အဆိုတော်တောင်ဖြစ်ချင်ဖြစ်တော့မှာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ စကားအတတ်လေးရဲ့"
"ဟီးချစ်တယ်နော်မမ"
"ကိုယ်လဲချစ်ပါသတဲ့ရှင်"
"ချစ်ရင် နမ်းပါအုန်း မောင့်နှုတ်ခမ်းလေးကို"
"ဒေလီယာ"
ဒေလီယာ ကိုယ့်ကိုကိုယ်မောင်လို့နှိုင်းပြောတိုင်း
ခင်မေမြင့်ရင်ထဲ အခုချိန်ထိ တုန်လှုပ်တုန်းပင်။"မင်းကစကားအရမ်းတတ်တယ် မောင်"
"မောင်ဖြင့်ချစ်လိုက်တာဗျာ"