"ကိုကို့ကို မုန်းတယ်
ဘာလို့ ဘာလို့ ကျွန်တော်ကို ရွေးချယ်စရာမရှိအောင်လုပ်ရတာလဲ အဟင့်....
ကျွန်တော် ကျွန်တော် ကိုကို့ကို သိပ်မုန်း....
အင့်....."စကားသံတွေကရပ်တန့်သွားသလို ကိုင်ထားတဲ့လွယ်အိတ်လေးကလဲ ကြမ်းပြင်ပေါ်ဆီပြုတ်ကျသွားတော့သည်။
"ကလေးငယ် ကိုယ်သိပ်လွမ်းနေခဲ့ရတာ
အကြာကြီးနေမှ ပြန်တွေ့ရတာကို ကိုယ်ကြားချင်တဲ့ စကားက မင်းဆီက မုန်းတယ်ဆိုတဲ့
စကားမှမဟုတ်ဘဲ"ပြောလဲပြောရင်း ခွန်းခက်ပိုင် က စိုင်းမင်းခကို လှည့်ဖက်ကာ နံရံဘက်ကပ်လိုက်တော့သည်။
မျက်ရည်တွေနဲ့ ငိုနေတဲ့ မျက်လုံးလှလှလေးတွေက ခွန်းခက်ပိုင် ကို ဆွဲဆောင်နေသလိုပင်။တုန်ရီနေတဲ့ နှုတ်ခမ်းသားလေးတွေကို ခွန်းခက်ပိုင်
ကြည့်နေရင်း ဘားမှမတွေးဘဲ ထိကပ်လိုက်တော့သည်။"ကိုကို.....အင့်......."
ရုတ်တရက်ဆန်စွာ နမ်းလာပေမယ့် ထိုအနမ်းတွေကို စိုင်းမင်းခ မငြင်းခဲ့ပါ။လူလာတဲ့ ခြေသံကြားမှသာ တွန်းဖို့လုပ်လိုက်တော့သည်။
ထိုအချိန် ခွန်းခက်ပိုင်က လက်ကိုဆွဲကာ လှေကားထပ်တွေဘက်က အနည်းငယ်မှောင်ကာ ရထားသံလမ်းကိုမြင်နေရတဲ့ ဘက်ဆီကိုခေါ်လာလိုက်ပြီး တံခါးပိတ်လိုက်တော့သည်။"ကိုကို"
"မထင်ရင်မထင်မှတ်သလို လိုက် နမ်း တတ်တဲ့
ကောင်လေးကို ကိုယ် ဘယ်လောက်တောင်လွမ်းနေရသလဲ မတွေ့ရတာ တစ်နှစ်တောင်ပြည့်တော့မယ့်အခြေနေမှာ ပြန်တွေ့တော့လဲ ကိုယ့်ကိုလှည့်မကြည့်ပါနဲ့တဲ့လား ကိုယ့်ကိုကိုယ်တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်မိဘူးလား ကလေးငယ်""ကျွန်တော်......"
"ဆေးလိပ်ဖြတ်ထားတယ် ထင်တယ် နှုတ်ခမ်းတွေက နဂိုလို မဲမနေပါလား အင်း Vape သောက်ပြီး နမ်းတဲ့နှုတ်ခမ်းထက် ဒီနှုတ်ခမ်းကပိုပြီးတော့ အရသာရှိတယ်"
"ဘဲကြီး အင့်....."
စိုင်းမင်းခကခေါ်တော့ ခွန်းခက်ပိုင် တစ်ချက် ဖိနမ်းသည်။
"ကိုကိုလို့ဘဲခေါ်ပါလို့ ပြောတားတာကိုကွာ"
"ဟွန့်"