Part 17(Uni+Zawgyi)

7.4K 358 16
                                    


(Unicode)

ခွန်းခက်ပိုင် စကားကြားတော့ စိုင်းမင်းခ အနောက်သို့အနည်းငယ် ယိုင်မိပါ၏။
စိုင်းမင်းခ ခွန်းခက်ပိုင်လက်ကို အေးစက်သောလက်များဖြင့် ဆုပ်ကိုင်လိုက်ပြီး စိတ်ပူသောမျက်ဝန်းများနဲ့ မေးလိုက်တော့သည်။

"မာမားရော"

"အန်တီကတော့ အကုန်အဆင်ပြေပါတယ်"

"ဘဲကြီး ကျွန်တော့်ကို
မြန်မာပြည် ပြန်ပို့ပေးပါ ကျွန်တော်သိတယ်
မာမားတစ်ယောက်တည်း အဆင်ပြေမှာမဟုတ်ဘူး ဆိုတာ ဟင့်....... သူ သူအကိုကြီးတုန်းကလဲ
ခံစားပြီးပြီ ကျွန်တော့်တုန်းကလဲ သူခံစားခဲ့ပြီးပြီ အခုပါပါးကပါ သူ့နားမှာမရှိတော့တာကိုသိရင် ဟင့်အင်း ဘဲကြီး ကျွန်တော့်ကိုပါ မြန်မာကိုခေါ်သွားပေးပါ နော် ကျွန်တော် မာမားကိုတစ်ယောက်တည်းဟင့်......ဘဲကြီး....အင့်..."

ခွန်းခက်ပိုင် စကားတွေပြောရင်းငိုလာတဲ့
ကောင်လေးကို ရင်ခွင်ထဲထည့်ကာ ကျောပြင်အနောက်ထက်ကိုလဲ လက်လေးနဲ့ပွတ်ကာ
နှစ်သိမ့်ပေးလိုက်တော့၏။

စိုင်းမင်းခ အဖေဖြစ်သူထက် မာမားကိုသာ စိတ်ပူမိပါ၏။မာမားကအစတည်းက နှလုံးရောဂါအခံရှိတဲ့သူ။

"စိတ်လျှော့စိုင်း အန်တီ့ကို Uncle ကိစ္စ
မပြောရသေးဘူး"

"ဘဲကြီးသိလား ကျွန်တော်မာမားက စိတ်အရမ်းငယ်တတ်တာ "

"အင်း ကိုယ်သိပြီ"

စိုင်းမင်းခ ထိုစကားကိုသာတဖွဖွလေးပြောရင်း
ခွန်းခက်ပိုင် ရင်ခွင်ထဲ မျက်နှာအပ်ကာ အကြိမ်ကြိမ်ငိုမိပါ၏။

ခဏအကြာနေတော့ ခွန်းခက်ပိုင် စိုင်းမင်းခကိုအခန်းထဲမှာအိပ်ခိုင်းလိုက်ပြီး မြန်မာပြည်ပြန်ဖို့အတွက် ပြင်ဆင်လိုက်တော့၏။အိပ်ပျော်သွားတဲ့ကောင်လေးက တစ်ခါတစ်ခါထယောင်တတ်သေးသည်။

"မာမားနားမှာ ကျွန်တော်ရှိတယ်" တဲ့လေ။

ထိုစကားအဆုံး ခွန်းခက်ပိုင် စဥ်းစားမိသည်က
ပတ်ဝန်းကျင်စကားတွေကြောင့် ထိုကောင်လေးကိုအဲ့အသိုင်းဝိုင်းထဲက ဆွဲခေါ်ခဲ့မိတာဟာ မှားများမှားသွားသလားလို့ပေါ့။

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now