(Uni)"ကိုကိုဘာလို့ လိုက်လာ...အင့်...."
စိုင်းမင်းခ ပြောတော့ နဖူးပေါ်ရောက်လာတဲ့
အနမ်းလေးတစ်ပွင့်။"အတွဲတွေကတော့ ပိုကိုပိုတယ် သွားမယ်
မမခင်"ခွန်းခက်ပိုင်ရောက်တော့ အကုန်လုံးကလှည့်
ကြည့်ပေမယ့် ဖြစ်သွားတဲ့အဖြစ်ပျက်ကြောင့်
ဒေလီယာကမကြည်သလိုပြောသည်။လူအများရှေ့မှာအနမ်းခံလိုက်ရတဲ့ စိုင်းမင်းခကတော့ အခုထိကြောင်အမ်းအမ်းပင်။
"ကိုကို"
"ပိတောက်ပန်းတွေ ပွင့်တဲ့အချိန်ကျ
ကိုယ်လာခဲ့မယ်""ကျွန်တော်ကိုကို့ကို သိပ်ချစ်တာဘဲဗျာ"
"စိုင်း.....အင့်"
ခွန်းခက်ပိုင်စကားတွေကို စိုင်းမင်းခက အနမ်းတွေနဲ့ ပိတ်လိုက်တော့သည်။
"{မကြာခင် လေယာဥ်ထွက်ခွာတော့ပါမယ်}"
"အွန့်.....စိုင်း....အင့်....တော်တော့ "
လေယာဥ်မှအသိပေးသံအကြား ခွန်းခက်ပိုင်
ရုန်းကာပြောပေမယ့် အရှေ့ကကောင်လေးက ခြေထောက်ထောက်ပြီး အတင်းနမ်းနေဆဲမို့
ရင်ဘတ်ကို ဖြေးညှင်းစွာရိုက်လိုက်တော့သည်။ထိုအချိန်မှလွှတ်ပေးကာ လေယာဥ်ပေါ်မတက်ခင်အထိ ပြောခဲ့တာက......
"ကျွန်တော် ကိုကို့ကို သိပ်ချစ်တာဘဲတဲ့လေ"
ထွက်သွားတဲ့အရိပ်လေးကိုကြည့်ကာ ခွန်းခက်ပိုင်ပြုံးမိပါသည်။
"ကိုယ်ကတော့ စိတ်ယိုင်မိနေပြီနဲ့တူတယ် စိုင်း"
************************
8:00 P.M In Yangon Airport.....
"ဒီညတော့ ရန်ကုန်မှာဘဲနေလိုက်ကြမလား"
လေယာဥ်ကွင်းထဲကနေအပြင်ထွက်တာနဲ့
သျှားထက်ကမေးလိုက်တော့သည်။"ကျွန်တော့်မှာ ကိုကိုပေးထားတဲ့ V Vilar Hotel ရဲ့ VIP ကဒ်ရှိတယ် မြို့ထဲတော့သွားရမယ်ထင်တယ် မနက်ကျရင်တော့ နယ်ကိုပြန်မယ် "
"အင်း မမလဲ မနက်ဖြန်မန္တလေးပြန်မယ်"
"ကျွန်တော်လဲမမနဲ့ မန္တလေးကိုတူတူသွားမယ်"