"ကိုကို ကျွန်တော်အလုပ်ပြုတ်လာပြီ""ဘာ...."
ဖိနပ်ချွတ်ရင်း ပြောလာတဲ့ စကားကြောင့်
ဆိုဖာမှာ ထိုင်ကာ သတင်းကြည့်နေတဲ့
ခွန်းခက်ပိုင် ကတော့ ' ဘာ' ဆိုတဲ့ အာမေဋိတ်တစ်ခွန်းတည်းသာ။"ဘာတွေလုပ်မိလို့ ဖြုတ်လိုက်တာလဲ"
ဆိုဖာပေါ်မှာ ထိုင်ကာ အနားယူလိုက်တဲ့ သူကို
ခွန်းခက်ပိုင်က ဘေးနားကပ်ပြီးမေးလိုက်တော့သည်။"စီနီယာတွေမပြန်ခင်ပြန်လို့တဲ့ ပြီးတော့ နောက်ခံနဲ့ဝင်လာလို့တဲ့လေ "
"ဘယ်သူပြောတာလဲ"
"ဋ္ဌာနမှူး"
"မနက်ကျ အလုပ်သွားမှာလား"
"သွားရင် မျက်နှာပြောင်တိုက်သလိုဖြစ်နေမှာပေါ့
မသွားတော့ဘူး အတော်ဘဲ ဒီည Anime အသစ်ကြည့်မှာ ဆိုတော့ ညဥ့်နက်မှာ""ကလေး အဲ့လိုမလုပ်ကဘူးလေ
အသက်က ၂၀ ကျော်နေပြီကို""ကိုကိုကလဲ ပင်ပန်းတယ်လို့ ဟင့်..."
စိုင်းမင်းခပြောလဲပြောရင်း ခွန်းခက်ပိုင် ရင်ခွင်ထဲ ဝင်ကာ ခါးကိုဖက်ထားလိုက်တော့သည်။
"ကလေး...."
"ငြိမ်ငြိမ်နေ ကျွန်တော် အားပြန်ယူနေတယ်"
ထိုစကားသံကြားတော့ ခွန်းခက်ပိုင်က မလှုပ်တော့ဘဲ စိုင်းမင်းခ ဆံပင်လေးကို ဖွပေးရင်းပြောသည်။
"မနက်ဖြန် အလုပ်သွားလိုက်ပါ
နောက်မှ ကလေးမလုပ်ချင်တော့မှ ထွက်ပေါ့
အခုမှအစဘဲရှိသေးတာလေနော်""အဲ့ ဋ္ဌာနမှူးဆိုတဲ့ မိန်းမကြီးက ထပ်ဆူရင်ဘယ်လိုလုပ်မလဲလို့ ကိုကိုကလဲ
ပြီးတော့ နောက်ခံ နောက်ခံနဲ့ ကျွန်တော့်ဘာသာတော်လို့ဝင်လို့တာကို""ကိုယ့်ကလေးက အတော်ဆုံးပါကွာ "
"ဟွန့် ကိုကို့သဘောကြောင့် သွားလိုက်မယ်"
စိုင်းမင်းခက ဆူပုတ်ကာ မသွားချင်သည့်ပုံစံဖြင့်ပြောတော့ ခွန်းခက်ပိုင် က ရယ်သည်။
"ကိုယ့်ကလေးက အလိမ္မာဆုံးလေး
ကဲဘာစားမလဲပြော""ဟင့်အင်း ရေချိူးပြီး Anime ကြည့်ရင်း
အိပ်တော့မယ်"