"ကိုယ်လဲ ကလေး ကိုချစ်တယ်""ဗျာ.....အွန့်....."
ရုတ်တရက် ကြားလိုက်ရတဲ့ စကားက ကိုယ့်နားကိုယ်ပင်မယုံနိုင်။အံ့သြမှုနဲ့အတူ ခွန်းခက်ပိုင်ရဲ့ နှုတ်ခမ်းသားနုနုလေးတွေက စိုင်းမင်းခ နှုတ်ခမ်းလေးတွေနဲ့ ထပ်တူကျနေတော့သည်။
အချိန်ဘယ်ထိကြာမြင့်လဲ မသိပေမယ့်
ခွန်းခက်ပိုင် ဖယ်လိုက်တော့ အရှေ့က အကောင်ပေါက်လေးက ရီဝေနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာကြောင့် နှုတ်ခမ်းသားမှ တစ်ဆင့် လည်ပင်းထက် အနမ်းရောက်ကာ ညှပ်ရိုးနုနုလေးနားအရောက် နမ်းရင်းနဲ့ Marking ရာပေးလိုက်တော့သည်။"အာ့....ကိုကို နာတယ်"
"ကိုယ်...... "
"ကျွန်တော်ခွင့်ပြုတယ်"
ခွန်းခက်ပိုင် တွေးဆဆဟန်ပြောတော့ စိုင်းမင်းခက မဆိုင်းမတွ ပြန်ဖြေသည်။ခွန်းခက်ပိုင် ပြုံးလိုက်ပြီး စိုင်းမင်းခ နဖူးလေးကိုတောက်လိုက်တော့သည်။
"ဒီကောင်လေး အမြဲ ခွင့်ပြုနေတော့တာဘဲ
ဟား...ဟား....ကိုယ့်ကလေးက တကယ်ကို ဆယ်ကျော်သက်အရွယ်နဲ့ကို မကွာပါဘူးကွာ"ခွန်းခက်ပိုင်က ရယ်ကာ ပြောတော့ စိုင်းမင်းခက တစ်ဖက်ကို လှည့်ကာ စိတ်ကောက်သည်။
"ဟွန့်........
ကျွန်တော် နှစ်ဆယ်ကျော်ပါပြီနော်""ဒါက စိတ်ဆိုးတာလား"
"ဘာလို့ဆိုးရမှာလဲ မဆိုးပါဘူး
ဆိုးစရာလဲ မလို အင့်...."စိုင်းမင်းခ တစ်ဖက်လှည့်တော့ ခွန်းခက်ပိုင်က
စိုင်းမင်းခ ကိုယ်ကို ခါးမှတစ်ဆင့်ပွေ့လိုက်ပြီး
ပေါင်ပေါ်တင်လိုက်ကာ ခါးကို ဖက်ထားလိုက်တော့သည်။နှစ်ယောက်သားနီးကပ်မှုက
ခွန်းခက်ပိုင်ရဲ့ အသက်ရှူသွင်းရင်း ထုတ်တဲ့လေပြေနုနုက စိုင်းမင်းခ လည်ပင်းထက် ဝှေ့တိုက်လို့နေတော့သည်။" ကိုကို "
"ကိုယ် အရမ်းလွမ်းနေခဲ့တာ
သုံးလေးနှစ် အချိန်အတွင်းမှာ ကိုယ့်ကိုမေ့သွားမှာကို အရမ်းကြောက်နေခဲ့တာ ကိုယ့်ကို မေ့သွားပြီး အသစ်တစ်ယောက်ကိုတွေ့မှာ ကိုယ့်ကိုမချစ်တော့မှာ....ဟင့်အင်း.....ကိုယ့်အချစ်ကိုလက်မခံတော့မှာကို ကိုယ်အရမ်းကြောက်နေခဲ့ရတာ"