(Unicode)စိုင်းမင်းခဆီက ကြားလိုက်ရတဲ့စကားကြောင့်
မိုင်ကလွဲ၍အကုန်လုံးကတအံ့တသြပင်။စိုင်းမင်းခ အခြေအနေကိုအကဲခတ်လိုက်ပြီး အကုန်လုံးကိုအခန်းထဲခေါ်လိုက်တော့၏။အခန်းထဲရောက်တာနဲ့ သျှားထက်က စိုင်းမင်းခ နဲ့အတူ ကုတင်ပေါ်မှာ ထိုင်ကာ စကားစတော့၏။"ပြောစမ်းပါအုန်း"
"နေအုန်း"
သျှားထက်ပြောတော့ မိုင်ကဝင်တား၏။အကုန်လုံးကဘာလဲဆိုပြီးကြည့်လိုက်တော့.....
"{ငါက ထိုင်းလူမျိူးလေ ငါမြန်မာစကားကို
ဒေလီယာ့လိုမျိုးလဲနားမလည်ဘူး နင်တို့မြန်မာလိုပြောနေတာငါလုံးဝနားမလည်ဘူး}""{အဲ့တာဆိုလဲ နောက်မှ ဒေလီယာ့ကိုဘာသာပြန်ခိုင်းလိုက်}"
"{ Kha san နေကောင်းလားသိဖို့လာတာ
ပြန်တော့မယ်}""နေအုန်း မိုင်"
ဒေလီယာ့အပြောကို မိုင်ကတော့နားမထောင်ဘဲ
ထွက်သွားခဲ့ပြီဖြစ်၏။ဒေလီယာလဲ အကုန်လုံးကိုတောင်းပန်ကာ မိုင့်အနောက်ကနေလိုက်သွားလိုက်တော့၏။ကျန်ခဲ့တဲ့သျှားထက်ကတော့
စိုင်းမင်းခအနားကပ်ကာ မေးခွန်းတွေတရစပ်မေးတော့၏။"ပြောပါအုန်း ဘာလို့ကျောင်းမလာတာလဲ
မင်းဘဲကြီးနဲ့အခြေနေကရော ဘယ်လိုလဲ
အရှေ့က အမျိုးသမီးကရောဘယ်သူလဲ
မင်းခြေထောက်ကရောဘယ်လိုဖြစ်တာလဲ""သျှားထက် နင့်မလဲ စကားများလိုက်တာ
စိုင်းမင်းခကိုလဲ စကားပြောခွင့်လေးပေးလိုက်ပါအုန်း"သျှားထက်အပြောကို ခင်မေမြင့်ကဝင်ထောက်လိုက်ပြီး စိုင်းမင်းခကတော့ ရယ်ကာ တစ်ခွန်းချင်းဆီကိုပြန်ဖြေလိုက်တော့၏။
"ရပါတယ် အမခင်ရယ်
အကိုသျှားထက်က အဲ့လိုဘဲ""နားသာနားထောင်နေတာ ငါကဘာတစ်ခုမှလဲ
မသိပါလား စိုင်းမင်းခရယ်""ဒါက ဒီလိုအမရဲ့
ကျွန်တော်က စေ့စပ်ထားတဲ့သူရှိတယ်လေ
ကျွန်တော်က အခု သူနဲ့အတူတူနေနေတာ""ဟမ်"
"ဟီးးဟုတ်တယ်အမရဲ့ သူက ယောကျာ်းလေး
၃၀ ပြည့်တော့မှာ "