မူးနေတဲ့မျက်လုံးတွေပင် ပိုကျယ်သွားသလို။
သျှားထက် ရုတ်တရက်မြင်လိုက်ရတဲ့ သူကြောင့်
အံ့သြသွားတော့သည်။"အကိုက ဂျပန်ကို ဘယ်လိုလုပ်ပြီး
ရောက်နေတာလဲ""ကြာတော့ကြာပြီ စိုင်းစာမေးပွဲ
မဖြေခင်တည်းက""သျှားထက် သူက ဘယ်သူလဲ"
"ဟမ်"
မူးကာ လှဲနေတဲ့သူက ခေါင်းလေးပြန်ထောင်လာပြီး သျှားထက်ကိုလှမ်းမေးရင်း ထိုလူ့မျက်နှာကို လက်နဲ့ကိုင်လိုက်တော့သည်။
"ဟီးးးးချောတော့ချောသားဘဲ
ရုတ်တရက်ကြည့်တော့ ကျွန်တော့်ကိုကိုနဲ့တောင်တူသားနော်""စိုင်းမင်းခ ဘာတွေလျှောက်လုပ်နေတာလဲ"
သျှားထက်က မြင်တွေ့နေရတာကို မျက်နှာပူစွာပြောတော့ ခွန်းခက်ပိုင်က ပြုံးရယ်သည်။
"အဲ့တာဆို ကိုယ်တို့ ပြန်လိုက်တော့မယ်နော်
စိုင်းကိုအမြဲတမ်းအဖော်ပြုပေးလို့ ကျေးဇူးတင်ပါတယ် ""မဟုတ်တာ ရပါတယ်ဗျာ "
တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ပြီးတာနဲ့
ခွန်းခက်ပိုင် က စိုင်းမင်းခကို ခေါ်သွားတော့သည်။"ဟိတ်လူ ကျုပ်ကိုလွှတ်"
"စိုင်း ငြိမ်ငြိမ်နေ အိမ်ပြန်ကြမယ်"
"ဒီမှာ......"
ကားပါကင် အရောက် စိုင်းမင်းခက ခွန်းခက်ပိုင် လက်တွေကို ဖယ်ရှားလိုက်ပြီး မျက်နှာကိုကိုင်လိုက်တော့သည်။
"ခင်ဗျားက ကျုပ်ကိုကိုနဲ့ရုပ်ချင်းဆင်တယ် ဆိုတိုင်း လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလား
ကျုပ်ကလေ ကိုကို့ကို မပိုင်ဆိုင်ခဲ့ရတာတောင်
အခုချိန်ထိ ကိုကို့ကို တစ်ရက်လေးတောင် အချစ်မလျော့ခဲ့ဘူး ကိုကိုက ကိုယ့်အပိုင်အမျိုးသား
မဖြစ်လာတာတောင် ကျုပ်ကိုကို့အပေါ် သစ္စာမဖောက်ဖျက်ဘူး အဟင့်.....
အခုခင်ဗျားကြောင့် ကိုကို့ကို သတိရသွားပြီ
ဘာလို့ ကျုပ်ရှေ့ကို လာရတာလဲ""စိုင်း မင်းအရမ်းမူးနေပြီ"
"ကိုကိုနဲ့ရုပ်တူတိုင်း ခင်ဗျားကိုချစ်မိလိမ့်မယ်
မထင်နဲ့"