"ဟျောင့် နောက်ကျလိုက်တာကွာ
မြန်မာပြည်က ငါတောင်ရောက်တာကြာနေပြီ""အဲ့တာကျွန်တော့်ကိစ္စ"
"ဘဲနဲ့အဆင်ပြေသွားတော့ လူတွေများ အဟက်
အပြောင်းလဲ မြန်လိုက်တာ"မြင်တာနဲ့မတည့်သည့်နှစ်ယောက်က
အခုလဲမတည့်ပေ။နှစ်ယောက်လုံးက ပထမဆုံးနံပါတ်စဥ်တွေမို့ ဘွဲ့ယူပြီးတာနဲ့ အနုပညာတက္ကသိုလ်ကို Taxi နဲ့ပြေးသည်။
"အကိုသျှားထက် မနက်ဖြန် ပြန်မှာလား"
"အေး "
"ကျွန်တော်လဲ ပြန်မှာ ပီးတော့ 11 လပိုင်းမှာ
ကိုကို့ မွေးနေ့ရှိတယ်""၃ လလောက်လိုသေးတာဘဲ
ဘာလို့လဲ"သျှားထက်ပြောတော့ စိုင်းမင်းခက တစ်ခုခုတောင်းဆိုချင်တဲ့ပုံစံနဲ့ပြန်ဖြေသည်။
"ဟီးအဲ့တာလေ.....
ကိုကို့ကို လက်ထပ်ခွင့်ရော Birthday Suprise ရောလုပ်မလို့ ကူညီပါအုန်း""ရှမ်းပြည်ထိကိုလေ"
သျှားထက်က အော်ပြီးပြောတော့ စိုင်းမင်းခက လက်ကို လှုပ်ရင်းအတင်းပူဆာသည်။
"လုပ်ပါလို့ အကိုကလဲ"
"မကူညီဘူး
မင်းမဂ်လာပွဲတက်လာရင်တောင်ကံကောင်း""ကူညီပါလို့ အကိုကူညီရင် အကို့ကိုကြီး Company ကို ရှယ်ယာထည့်ဖို့ ကိုကို့ကိုပြောပေးမယ်"
ထိုစကားအဆုံးမှာတော့ သျှားထက်က
ချောင်းဟန့်လိုက်တော့သည်။"အချင်းချင်းမို့ ကူညီတာနော် ဟျောင့်
ပိုက်ဆံကြောင့်မဟုတ်ဘူး ကိုကြီးကုမ္ပဏီမှာ ရှယ်ယာများများဝင်ပေးချင်တယ်ဆိုတော့လဲ ငါကကိုကြီးကိုတောင်းဆိုကြည့်လိုက်ပါ့မယ်""ဟွန်းနော် မပြောလိုက်ချင်ဘူး"
နှစ်ယောက်သား ကားပေါ်မှာ စကားပြောရင်း အနုပညာကျောင်းကို ရောက်တော့ ဆင်းလာလိုက်တော့သည်။ဒေလီယာက အပေါက်ဝမှာ
ရုပ်ဖျက်ရင်းစောင့်နေသည်။"ခဏနော် ကိုကို့ကိုစောင့်....."
"စိုင်းမင်းခ "