Part 20 (Uni+ ZawGyi)

7K 342 1
                                    


(Uni)

1 week ago in japan........

စိုင်းမင်းခ ပြန်တော့ ခွန်းခက်ပိုင် အလုပ်ကို ပိုအာရုံစိုက်ပြီး မွေးနေ့အမှီပြန်ဖို့အတွက် စာရင်းတွေကို အမြန်လုပ်နေရတော့သည်။ထိုအချိန်
ဖုန်းနံပါတ်စိမ်းနဲ့ LINE ကနေဝင်လာတဲ့ ဂျပန်
မက်ဆေ့ချ်။နဂိုဆို အရေးကြီးမက်ဆေ့ချ်ကလွဲပြီး အဲ့လောက်ကြီး ဂရုမစိုက်တတ်ပေမယ့်
Kha San ဆိုတဲ့နာမည်မြင်တော့ ဝင်ဖတ်လိုက်တော့သည်။

"{Hello ကျွန်မနာမည်က မိုင်ပါ။အကိုနဲ့ အရင်ကလဲတစ်ခါဆုံဖူးပါတယ်။ Kha san ရဲ့သူငယ်ချင်းပါ။အခုက Osaka ကို ခရီးသွားချင်လို့ပါ။လေယာဥ်လက်မှတ်တွေဘာတွေနဲ့ ဟိုတယ်ရောအစအဆုံးကို အကိုက ချိတ်ပေးတယ်လို့ဒေလီယာကပြောလို့ပါ။}"

"{အဲ့တာဆို ရုံးဘက်ကိုအကြောင်းကြားပေးပါ။
ကိုယ်က အဲ့ဘက်ကတာဝန်ခံမဟုတ်ဘူး ကိုယ်က ပိုင်ရှင်ပါ။လက်အောက်ကလူတွေကိုဘဲ အကြောင်းကြားပေးပါ။အခုလိုဆက်သွယ်မှုအတွက်ကျေးဇူးတင်ပါတယ်။}

ခွန်းခက်ပိုင် ထိုစာကိုသာပို့လိုက်ပြီး Laptop နဲ့စာရင်းတွေသာပြန်လုပ်လိုက်တော့သည်။ထိုနေ့ကနေစပြီး မိုင်ဆိုသောထိုအမျိုးသမီးက သူ osaka ရောက်တဲ့အထိ ဘယ်လိုသွားပုံတွေသူ့ဓာတ်ပုံတွေကိုပို့ကာ Ig ဘယ်ပုံတင်ရင်ကောင်းမလဲဆိုတာကအစ မေးကာ နေ့တိုင်းကိုစကားမရှိစကားလာပြောတော့သည်။

စိုင်းမင်းခ သူငယ်ချင်းဖြစ်တာမို့ လုံးဝကိိုစိတ်လျှော့ကာ ရေလိုက်ငါးလိုက်ဘဲ ပြောလိုက်တော့သည်။

သန်ဘက်ခါရောက်တော့မယ့် စိုင်းမင်းခမွေးနေ့ကြောင့် ခွန်းခက်ပိုင်အကုန်လုံးကို လက်စသတ်ကာ လေယာဥ်လက်မှတ်ဝတ်ထားပြီး မြန်မာပြည်ပြန်ဖို့လုပ်လိုက်တော့သည်။ညဘက်​လေယာဥ်မို့ထိုနေ့ည စိုင်းမင်းခနဲ့လဲ စကားမပြောခဲ့ပါ။လေယာဥ်ကွင်းအရောက် ဝင်လာတဲ့ ဖုန်းခေါ်သံ။

!တီ...တီ!

"{Moshi Moshi}"

"{အကို မိုင်ဗိုက်အောင့်နေလို့ မိုင့်အိမ်ကိုလာပေးလို့ရမလား}"

"{ကိုယ်လေဆိပ်ရောက်နေတယ်}"

"{မိုင်အိမ်လိပ်စာပို့ထားတယ်}"

ချစ်ခြင်းမျဥ်းပြိုင် (Complete)Où les histoires vivent. Découvrez maintenant