Part 32 (Uni+Zaw Gyi)

5.9K 270 5
                                    


မြန်မာပြည်ပြန်မယ်လို့ပြောလိုက်တာက
ခွန်းခက်ပိုင် ကိုပေးသည့်အပြစ်ပေလား။

"မြန်မာပြည်ပြန်မယ်လို့"

"အကြောင်းရင်းက....."

"မမခင်မေမြင့်နဲ့ ဒေလီယာတို့ မဂ်လာဆောင်ကျင်းပမှာ အဲ့တာသွားမလို့ ပြီးတော့ ထိုင်းမှာလဲ ကျင်းပအုန်းမှာတဲ့ အဲ့တာကြောင့် သွားရမယ်
အဲ့တာထက်လေ ဒေလီယာက မမကို ဘွဲ့ယူတဲ့နေမှာ လက်ထပ်ခွင့်တောင်းမှာရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ"

ထိုအကြောင်း

"တစ်လဆိုရသင့်ပြီမထင်ဘူးလား ကလေး"

"သုံးလဘဲ ကျွန်တော်ပြင်ဆင်စရာနဲ့ လုပ်စရာရှိသေးတယ်"

"ဘာများလဲ"

"ကျွန်တော့်ကိစ္စပါ"

"ကိုယ် ခွင့်မပြုရင်ရော"

"ခွင့်ပြုချက်တောင်းခံနေတာမဟုတ်ဘူး
အသိပေးနေတာ ကျွန်တော်သွားမယ့်အကြောင်းကို ဘွဲ့ယူပြီးနောက်နေ့သွားမှာ"

"ကိုယ်က မင်းအတွက်အရေးရောပါသေးရဲ့လား စိုင်းမင်းခ"

"ပါတယ်လေ ​ပါလို့ပြောပြနေတာပေါ့"

"​အဲ့တာဆိုကိုယ်ကရော"

ခွန်းခက်ပိုင်က ရွဲ့စောင်းစောင်းလေးပြောတော့ စိုင်းမင်းခက ဒေါသမပါသည့်အသံဖြင့် ပြန်ပြောသည်။

"ခင်ဗျားလဲလိုက်ရမှာပေါ့ မလိုက်လို့ ခင်ဗျားကဒီမှာ ကျန်ခဲ့ချင်လို့လား ခင်ဗျားနဲ့တွဲနေတဲ့ကိစ္စအိမ်ကိုလူတွေကို အသိမပေးရသေးဘူး အမားကတော့ သဘောတူမယ်မထင်ဘူး သူ့သားကိုမူးလဲအောင်လုပ်ထားတဲ့ သူတစ်ယောက်ကို"

"မူးလဲတယ်"

"ထားလိုက်ပါတော့ ဇာတ်ကားကြည့်ပြီး အနားယူတော့မယ်"

"အင်း... အဟွတ်²"

စိုင်းမင်းခ အထဲဝင်ဖို့လုပ်လိုက်တော့ ရုတ်တရက်ချောင်းဆိုးတဲ့သူကြောင့် တစ်ဖက်လှည့်ကြည့်လိုက်တော့သည်။အဆင်ပြေလားဆိုသည့်သဘော။ခွန်းခက်ပိုင်က ပြုံးပြကာ ခေါင်းငြိမ့်တော့မှ စိတ်အေးသွားသည့်ပုံစံဖြင့် အထဲဝင်သွားတော့သည်။

ချစ်ခြင်းမျဥ်းပြိုင် (Complete)Where stories live. Discover now