Notice!

2.9K 185 68
                                    

DM ကလေ ဖြစ်နိုင်ရင် လုံးဝပြန်မတင်ချင်တော့တဲ့စာပါပဲ.. ဘာလို့ ကိုယ်ပြန်တင်လဲဆိုတာက ပေးထားဖူးတဲ့ကတိတွေကြောင့်ပါ ။

အခုမှစဖတ်လို့ဆိုရင်က ပြဿနာမရှိပေမဲ့.. ပြန်ဖတ်တဲ့သူတွေဖြစ်ကြပါလျက်နဲ့.. ဇာတ်လမ်းတစ်ခုလုံးကိုလည်း သိပါသားဖြစ်ပါလျက်နဲ့ အခုထိ ကာရိုက်တာတွေကို negative သီးသန့်မှတ်ချက်ပြုတာမျိုးကိုတော့ ကိုယ်တကယ်နားမလည်သလို သည်းလည်းမခံချင်တော့ဘူးရယ် .. ။

ဗီလိန်ပါရင် ဗီလိန်ကိုဆဲပါ ရပါတယ်။ ဘယ်တုန်းကမှလည်း ဒါမျိုးကို ကိုယ်လိုက်မထိန်းချုပ်ဖူးပါဘူး။ ဒါပေမဲ့အခုက.. ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကွာ.. ကောနဲ့ကောင်လေးကွာ.. ။ plot twist ကြီးကြီးမားမားနဲ့သွားထားတဲ့ ဇာတ်လမ်းမှန်းသိပါလျက်နဲ့ ပြန်ဖတ်တဲ့သူတွေဆီကပါ သူတို့နှစ်ယောက်ကို မကောင်းတဲ့သတ်မှတ်ချက်ပေးတာမျိုးပဲ လက်ခံနေရမယ်ဆိုရင် ကိုယ်တကယ်အဆင်မပြေဘူး ။

အထူးသဖြင့်တော့ ဒီထဲမှာက ရှောင်းကျန့်ကိုပေါ့..။ ကြိုသိထားပြီးသား ဇာတ်လမ်းတစ်ခုမှာ တစ်ဖတ်သတ်ဆန်တဲ့မန့်တွေဖြစ်လာတဲ့အခါ ရေးလိုက်တဲ့လူတွေတော့ ဘယ်လိုခံစားချက်မျိုး ဘယ်လိုသဘောထာမျိုးနဲ့ ရေးတယ် မသိပေမဲ့ အဲ့လိုမန့်တွေကို မြင်နေရတဲ့ကိုယ်ကတော့.. ဒီစာဟာ၊ ဒီဇာတ်ကောင်တွေဟာ၊ ဒီစာရေးသူဟာမနှစ်မြို့စရာကြီးဆိုတဲ့ခံစားချက်ပဲရရနေပြီး စိတ်အနှောင့်အယှက်ဖြစ်လာရတယ် ။ အဲ့လိုဆိုလို့ DM နဲ့ပတ်သတ်ရင် ကိုယ်က ယုံကြည်မှုမရှိတာမဟုတ်ဘူးနော်.. ကိုယ်ချစ်လို့ရေးခဲ့တာဖြစ်တဲ့အလျောက် ကာရိုက်တာကိုင်တွယ်တာ.. ဇာတ်အိမ်ကိုင်တွယ်တာ အမုန်းတွေချည်းချပြထားတဲ့ပုံစံမဟုတ်တာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတယ် ။ ဒါပေမဲ့ negative သီးသန့် မှတ်ချက်တွေက ဘယ်လိုပုံစံနဲ့ စိတ်အနှောင့်ယှက်ဖြစ်စေရသလဲဆိုတာကို သိစေချင်တာရယ် ။ ဒါတွေအတွက်က ရေးထားတဲ့စာက သိပ်ပီပြင်နေလို့ စီးမျောသွားရင်းနဲ့ ပြောချင်ဆိုချင်လာတာပါဆိုတဲ့ ဆင်ခြေကလည်း အလုပ်မဖြစ်မှန်း သိနေတာကြောင့်လေ။

အခုပြန်တင်တယ်ဆိုတာကလဲ ပေးထားဖူးတဲ့ကတိတွေကြောင့်.. အဲ့လို negative energy တွေကို လက်ခံနိုင်ပါ့မလား ခဏခဏတွေးပြီး ထပ်တွေးပြီးထပ်တွေးရင်းနဲ့ကို ပြန်မတင်ချင်တဲ့ကြားကနေ တင်ထားရတာ.. ကိုယ့်ဘက်ကို နည်းနည်းလေးပြန်ကြည့်ပေးကြဖို့ပဲပြောချင်ပါတော့တယ် ။

_________________________________






Dilemma Mania Unde poveștirile trăiesc. Descoperă acum