11...

18.3K 1.7K 252
                                    

- Zawgyi -

နွေလေရူးက ဝေ့ကာသွားတယ်...
သစ်ရွက်တွေက တဖြုတ်ဖြုတ်ကြွေတယ်...
ပုစွန်ဆီရောင်သမ်းနေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားလို့ ..
သူ့အရှေ့ ငါးလှမ်းစာလောက်က ထိုလူက သူ့ကို တစ်ပတ်စာရွေးချယ်ပေးတဲ့သူတဲ့...

နွေဦးပေမဲ့ ညနေစောင်းဆို အေးတတ်သေးတာမို့ ကုတ်အရှည်ဝတ်ထားတဲ့ ထိုလူရဲ့ ခန့်ညားမှုကို နှစ်ဖက်လွယ်ထားတဲ့ ကျောပိုးအိတ်အကြီးကြီးက ကလေးဆန်ဆန်ဖျက်ပေမဲ့ အဲ့ဒါကို သူကချစ်ရတယ်...
ဘာတွေထည့်လာတာတဲ့လဲ...

" မသွားဘူးလား ဘာလုပ်နေတာလဲ "

ဒီအချိန်မှာ ပြေးဖက်ရင် နည်းနည်းရုပ်ရှင်ဆန်သွားမလားပဲ...
အတွေးနဲ့အတူ ပြေးမဖက်ဖြစ်တော့ဘူး...
ထိုလူနဲ့သူ့အကြား သုံးလှမ်းစာလောက်အကွာအဝေးကိုပဲ ထပ်ချုံ့လိုက်တယ်...

သေချာမြင်ရပြီ...
မျက်လုံးကြည်ကြည်လေးတွေနဲ့ မချင့်မရဲ လွမ်းနေရတဲ့ မှဲ့နက်ကလေးကို...

" ဘာနဲ့လာတာလဲ taxi နဲ့ ? "

" ဘာရှိသေးလို့လဲ "

" ကျွန်တော့်ဆိုင်ကယ်နောက် လိုက်မယ်မလား.. "

" အင်း "

ထိုလူနဲ့ပတ်သတ်တဲ့ အစွဲလမ်းတွေဖြည်းဖြည်းချင်းဖျောက်မယ်ပြောပြီး တခြားတစ်ယောက်ကိုတင်ထားတဲ့ ဆိုင်ကယ်ပေါ် ရှောင်းကျန့်ကို မတင်ချင်လို့ဆိုပြီး နေ့ချင်းညချင်း ဆိုင်ကယ်အသစ်ပြေးသွားဝယ်ခဲ့တာလဲ ဝမ်ရိပေါ်ပါပဲ...
ထိုလူက ဆိုင်ကယ်အသစ်မှန်းသတိပြုမိရဲ့လားတောင်မသိ...

ကျဲကိုဘယ်လိုပြောလာလဲ မေးချင်ပေမဲ့ တစ်ချိန်တည်းမှာပဲ မမေးချင်တဲ့စိတ်က အားသာနေတာမို့...
လိုအပ်ရင် ရှောင်းကျန့်ကပြောပြလာလိမ့်မယ်လို့ပဲ မှတ်လိုက်ပြီး စကားမစမိတော့ဘူး...

ဆိုင်ကယ်ပေါ်ရောက်တဲ့အခါ..
ငယ်ငယ်တုန်းကလို ကော သေချာဖက်ထားလို့ သူပြောဖို့ကို တွန့်ဆုတ်နေမိတယ်...
ငယ်လေး ဖြည်းဖြည်းမောင်းနော်ဆိုတဲ့ အသံကိုလဲ သူပြန်မကြားရတော့လောက်တာ သိနေတာမို့...

တွေးနေတုန်းမှာပဲ သူ့အင်္ကျီနောက်ကျောကို လက် နှစ်ဖက်နဲ့ ကျစ်ဆုပ်ထားတာခံစားလိုက်ရတာကြောင့် ပြုံးချင်သွားရတယ်...
မျက်နှာကိုမြင်မနေရတာတောင် ရှေ့ကနေ အသဲယားနေရပြီ...
ပါးနှစ်ဖက်ထဲ လေလုံးလေးပစ်သွင်းနေတဲ့ရုပ်များပေါ်လေဦးမလား လှည့်ကြည့်ချင်လာရတာလဲ ရောဂါပဲ...
၂၈ နှစ်အရွယ်တည်ငြိမ်မှုတွေကြားက ကလေးဆန်မှုတွေနဲ့ ထိုလူက သူမေ့ပစ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့သူတဲ့....

Dilemma Mania Where stories live. Discover now