16...

20.1K 1.8K 601
                                    

- Zawgyi -

သံယောဇဉ်တွေ ပေါက်ဖွားလာရာအကြောင်းတရားကိုမေးရင် ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ လက်ဖောင်းဖောင်းလေးနဲ့ သူ့နှုတ်ခမ်းအောက်က မှဲ့ မထိတထိဖြစ်သွားခဲ့တဲ့အချိန်လို့ သူ​ဖြေမယ်...

သူ့မှဲ့ကိုတို့ထိခဲ့တဲ့ အဲ့ဒီ့လက်ကလေးက အခုချိန်မှာ စေ့စပ်ပွဲခမ်းမထဲ တခြား ​ကောင်မလေးတစ်ယောက်ရဲ့ မေးဖျားကိုကိုင်လို့ နမ်းမဲ့သူအဖြစ် အရွယ်ရောက်လာပေမဲ့ပေါ့..

သူကတော့ ကျိုးကျိုးပဲ့ပဲ့ သံယောဇဉ်အပိုင်းအစတွေနဲ့ ဆက်လက်ရှင်သန်နေရဦးမှာပါပဲ...
သူ့ကလေးက သူ့အတွက်တော့ သံယောဇဉ်ဝင်္ကပါလုံးလေး..
ဒါလေးကို သူကချစ်တယ်...။

.

.

" လာ ရွှမ်းအာ.. ထိုင်ဦး ဘယ်လိုဖြစ်လို့လဲ .. ကျဲလာခဲ့မယ်ဆိုတော့လဲ မဟုတ်.. "

အတွင်းရေးမှူးကောင်မလေးနဲ့အတူ အထဲရောက်လာတဲ့ ဟောက်ရွှမ်းကိုမြင်တော့ ရွှယ်လီ Laptop ကို ပိတ်လို့ ဟောက်ရွှမ်းရှိနေရာကို လှမ်းသွားရင်း ပြောလိုက်တာမို့ ရွှယ်လီဒေါက်ဖိနပ် ကြမ်းပြင်ပေါ်ထိသံနဲ့ ရွှယ်လီစကားသံက ဟန်ချက်ညီညီထွက်ပေါ်နေလေတယ်...

ဒီမနက်ကမှ ထူးထူးဆန်းဆန်း ဟောက်ရွှမ်းကဆက်သွယ်လာတာ..
တွေ့ချင်လို့ အလုပ်ဆင်းရင် အချိန်ပေးနိုင်မလား သူလာခဲ့ပါမယ်ဆိုပြီး...

ငယ်ငယ်က အိမ်ကိုမကြာခဏလာဖူးလို့ ရွှယ်လီနဲ့က စိမ်းမနေပေမဲ့ ဒီကြားထဲ အဆက်သွယ်မလုပ်ဖြစ်တာကြာပြီဆိုတော့ နည်းနည်းတော့ အံ့သြချင်တယ်...

" ကျွန်တော်က တွေ့ချင်တဲ့သူဆိုတော့ ကျွန်တော်လာခေါ်ရတာပေါ့ အဟဲ .. လာခေါ်တယ်ဆိုပေမဲ့ ကျွန်တော်ကားတော့ပါမလာဘူး ကျဲရ.. taxi နဲ့လာတာ ဝပ်ရှော့ပို့ပြီး ကားစစ်ခိုင်းထားရလို့ "

" အော်.. အဲ့ဒါကိုဒီကလေးနှယ်.. တွေ့မဲ့ဆိုင်တစ်ခါတည်းချိန်းလို့ရနေတာကို "

" ကျဲစောင့်နေရရင် အားနာလို့.. ဒီကိုတန်းလာလိုက်တော့ ကျွန်တော်နောက်ကျလဲ ကျဲအလုပ်ဆက်လုပ်နေရင်း ရောက်တော့ အတူတူသွားလို့ရတယ်ဆိုပြီး... "

Dilemma Mania Where stories live. Discover now