7...

19.5K 1.7K 139
                                    

- Zawgyi -

( 2013 , Sep 10)

ဟောက်ရွှမ်းကို လက်ပြပြီး ကျန့်ကောရှိရာကိုကြည့်လိုက်တော့ မြင်ဖူးနေကျမဟုတ်တဲ့ တည်တည်တံ့တံ့ရုပ်ကြီးက ရိပေါ်ကို အနည်းအကျဉ်းတော့ အထိတ်တလန့်ဖြစ်စေနိုင်ခဲ့တယ်..

မကောင်းတာတစ်ခုခု ဖြစ်တော့မဲ့ အရိပ်အခြေဆိုတာ ရိပေါ်သိလိုက်​ပေမဲ့ သူနဲ့မပတ်တာလဲဖြစ်နေနိုင်တာပဲဆိုတဲ့စိတ်နဲ့ ကျန့်ကောရပ်စောင့်နေတဲ့ဆီ စက်ဘီးကိုတွန်းလို့ ခြေလှမ်းသွက်သွက်လှမ်းနေရင်းနဲ့မှ ဒီနေ့တင်ခိုးလုပ်ထားမိတဲ့ပြစ်မှုကိုမလုံတဲ့စိတ်နဲ့ လှမ်းနေတဲ့ခြေလှမ်းတို့ကိုပြန်ထိန်းပြီး ရှေ့ကလူနဲ့မနီးမဝေးမှာပဲရပ်မိတော့တယ်..

ဆိုင်ကယ်စီးတတ်နေပြီပေမဲ့လို့ ကျောင်းက ခွင့်မပြုတာကြောင့် ကျောင်းကိုတော့ စက်ဘီးနဲ့ပဲလာရပြီး အရင်လို ကောက လာကြိုတုန်း...

" ရိပေါ် အနားတိုးခဲ့ "

မဟုတ်မှလွဲ ကျန့်ကော တကယ်သိနေတာလား...
မဖြစ်နိုင်တာ...

" ကော.. နက်ဖြန် အိမ်မှာ မုန့်လုပ်စားကြမှာမလား "

" အနားတိုးခဲ့လို့ "

ဘယ်ကလေကဝက ချွန်တွန်းလုပ်လိုက်ပြန်ပြီလဲမသိ...
စကားလမ်းကြောင်းလွှဲလိုက်ပေမဲ့ မအောင်မြင်တာမို့ ရိပေါ် စူပုတ်ပုတ်နဲ့ စက်ဘီးကိုလက်တစ်ဖက်ကကိုင်ရင်း ကျန့်ကောနားတိုးသွားရတယ်...

" မှန်နေတာပဲ မင်း ဆေးလိပ်သောက်ထားတယ် ဟုတ်တယ်မလား "

ကျန့်ကောမေးတာကို ပြန်ဖြေဖို့ထက် နှုတ်ခမ်းနားကို ကျန့်ကောနှာခေါင်းလုံးလုံး လာကပ်တဲ့အချိန် ဖြစ်သွားတဲ့ ဖိုးသိုးဖပ်သပ်ခံစားချက်ကြီးကိုထိန်းဖို့က သူ့အတွက် ပိုပြီးအရေးကြီးနေခဲ့တာ..

" ဝမ်ရိပေါ်! "

" ဗျာ.. အဲ ဟုတ်.. ဟို မဟုတ် "

" သေချာပြော စကားကို.. ဟုတ်တာတွေမဟုတ်တာတွေနဲ့ ရှုပ်မနေနဲ့ "

" ကောကလဲ ဟိုကောင်တွေဆီက စွဲလာတာ အနံ့က .. ကျွန်တော်ဘာမှမလုပ်ဘူး "

" ဆက်လိမ်မယ်ဆို ငါမင်းနဲ့ထပ်မ​တွေ့​တော့ဘူး​နော် "

" ကျန့်ကောကဗျာ.. "

Dilemma Mania Where stories live. Discover now