3...

25K 1.9K 129
                                    

- Zawgyi -

နှစ်ယောက်လုံး အသက်တောင်ပြင်းပြင်း မရှူ ရဲကြပေမဲ့ မွတ်သိပ်တဲ့ အနမ်း​တွေက ခရီးဆက်နေကြတုန်း...

အခု သူတို့နှစ်ယောက်ရောက်နေတဲ့နေရာက ရှောင်းကျန့်ရဲ့သီးသန့်ခန်းထဲက ကုတင်အောက်...
ရိပေါ်နဲ့ ရှောင်းကျန့် အခြေအနေကတော့ ပြားပြားဝပ်အောင် ထပ်လျက်သားအနေထားနဲ့ ရှောင်းကျန့်က သူ့အပေါ်မှာ...

ရိပေါ်ရဲ့ အောက်ပိုင်း အဓိကနေရာ တစ်ခုလုံးက အဲဒီလူရဲ့ လက်ချောင်းတွေထဲကျဆုံးနေရသလို ရှောင်းကျန့် ခါးအောက်ပိုင်းနေရာကလဲ ရိပေါ်လက်ဖဝါးဆုပ်ထဲ မရှူ နိုင်မကယ်နိုင် နုံးချိလို့နေတယ်...

မကြာခဏဆိုသလို ကုတင်အောက်ကနေ ရှူးဖိနပ်နဲ့လူရဲ့ ခြေလှမ်းတို့ကို လိုက်ကြည့်ရသေး..

မထင်မှတ်ထားတဲ့ အခြေအနေဆိုတာအတွက် ကာကွယ်နိုင်မှုက ဒီတစ်လမ်းပဲစဉ်းစားနိုင်ခဲ့လေရဲ့..
အခန်းတံခါးရှေ့ခြေသံကြားပြီးနောက် ဘယ်သူဦးဆောင်တယ်မှန်းမသိလိုက်ဘဲ အသိစိတ်ပြန်ကပ်တော့ ကုတင်အောက်ရောက်နေပြီး နှစ်ဦးသားက ပူးကပ်လို့ နွေးထွေးနှင့်ပြီးကြပြီ..

အဝတ်တွေချွတ်ဖို့ လုံလောက်တဲ့နေရာအကျယ်ဝန်းမရှိတာကြောင့် တစ်ယောက်ဇစ် တစ်​ယောက်ဆွဲချပြီး ကျေနပ်ကြရတာ..

ကုတင်ခြေတံတွေက နှစ်ယောက်စာတော့ လုံလုံလောက်လောက်ရှည်ပြီး တံခါးနဲ့မျက်နှာချင်းဆိုင်မဟုတ်လို့ တော်သေးတယ်ပြောရမယ်...

" တိုင်ပင်စရာရှိလို့ပါဆို ​ကျန့်ကောကလဲ ဘယ်သွားလဲမသိဘူး "

ရှူးဖိနပ်ပိုင်ရှင်ထံက ထွက်လာတဲ့ စကားစတို့ကိုနားထောင်ရင်း ညည်းချင်နေတဲ့ ကောက အသံထွက်လို့မရတော့ ရိပေါ် ပခုံးသားတို့ကိုကိုက်ဆွဲတယ်...

မကြာလိုက်ဘူး.. ရိပေါ် ကုတင်ပေါ်ပစ်တင်ခဲ့တဲ့ ရှောင်းကျန့် ဖုန်းက အသံထမြည်ပါ​ရောလား...

" အာ? ဖုန်းကဒီမှာရှိနေတာပဲ.. toilet သွားတာများလား "

အသံတွေ တိတ်သွားပြန်တော့ လက်ကိုအနားမပေးနိုင်သေးတဲ့ သူတို့နှစ်ယောက်လုံး အသက်အောင့်မိကြပြန်တယ်..
သူ့ပခုံးကို ယုန်သွားနှစ်ချောင်းနဲ့ ခဲထားတဲ့လူကို မေးဖျားကနေပြန်ဆွဲယူလို့ မေးစေ့ချွန်ချွန်လေးကို တဖွဖွစုပ်တော့ ရှောင်းကျန့်က ရိပေါ်ကြားရုံလောက် အသံမျှင်းလေးလွှတ်လို့ ညည်းရဲ့...

Dilemma Mania Where stories live. Discover now