13...

20.1K 1.8K 889
                                    

- Zawgyi -

" ယွင်ရှဲ့..  "

" အေး..  "

" ယန်ယန်က ငါ့သားမဟုတ်ဘူးဆိုတာ ရိပေါ်က မသိထားဘူးတဲ့ "

" အေးလေ ဘယ်လိုသိမှာလဲ ကျန့်ကျန့်ရ.. ငါတောင် ဟိုတလောက မင်းပြောမှသိတာလေ..  ကိစ္စတွေက ငါလိုက်မမီ​အောင်ရှုပ်နေလို့ ငါမင်းကို​တောင်စိတ်မဆိုးရသေးဘူး.. ဒီတစ်ပတ်စမ်းကြည့်ချင်သေးတယ်လို့ မင်းပြောထားတာကြောင့်လဲ ပါတယ် "

" မဟုတ်သေးဘူး... "

" ဘာမဟုတ်တာလဲ "

" အဲ့တုန်းက ရိပေါ်ကို အားလီရဲ့ အစီစဉ်ပြောပြီးသွားပြီလားလို့ ငါသေချာမေးလိုက်တာ.. အားလီက အေးဆိုပြီး ခေါင်းညိတ်ပြတာပါဆို "

" ဟမ်..  "

.
.
.
.
.

ရွှယ်လီ ဘယ်လိုဝင်လာလဲ မေးစရာမလိုအောင် ပွင့်နေပြီးသားတံခါးကသက်သေ...
ရိပေါ်မျက်ဝန်းထဲက ထိတ်လန့်မှုတွေက ဒီလိုအခြေအနေတွေကို ကြိုတင်မခန့်မှန်းထားဘူးဆိုတာပြနေတာကြောင့် ရှောင်းကျန့်ရင်ထဲကနာကျင်မှုက နှစ်ဆတိုးတယ်...
သူ့လက်ကို ရဲရဲဆုပ်ကိုင်ဖို့ အခြေနေထိ ဒီကောင်လေးက မတွေးခဲ့ပါဘူးဆိုတဲ့ အမှန်တရားက ထပ်ခါထပ်ခါထိုးနှက်နေသလိုပဲ...

အင်းလေ.. ရွံပါတယ်လို့ပြောဖူးတဲ့သူတစ်ယောက်ဆီက ရှောင်းကျန့်က ဘာတွေစိတ်ကူးယဉ်နေမိ​သေးတာလဲ...
ချစ်တယ်ဆိုတဲ့စကားအခွန်းတိုင်းမှာ မယုံကြည်မှုတွေနဲ့အတူ မရေမရာမျှော်လင့်ချက်တွေက သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ကျဆုံးခဲ့ပုံဖြစ်ဟန်တူတယ်...

" ဆေးရုံက နယ်တာဝန် တစ်ပတ်ဆို! ဒီနားတစ်ဝိုက်မှာ တွေ့တွေ့နေပါတယ်ပြောတဲ့ သူငယ်ချင်းကိုတောင် ရန်တွေ့ခဲ့တာ.. ဘာတွေလဲအခုက "

ရွှယ်လီကိုမြင်မြင်ချင်းနှစ်ယောက်လုံး ထရပ်လိုက်ပြီးပေမဲ့ သုံးယောက်လုံးကြောင်အနေခဲ့ကြတာ...
ရွှယ်လီကစကားစလာတဲ့အခါမှာတော့ ရှောင်းကျန့် ရွှယ်လီပခုံးကိုကိုင်လို့ ဆွဲခေါ်သွားဖို့ ကြိုးစားမိတယ်

" အားလီ.. ကိုယ်နဲ့ပြောရအောင်.. ကိုယ်နဲ့ပဲပြောရအောင် သွားမယ်​နော် "

Dilemma Mania Where stories live. Discover now