6...

19.9K 1.6K 80
                                    

- Zawgyi -

ကျူးစန့်ကျင်...
ကျိုးချန်ဆီက ရင်းနှီးနေပြီးသား အမည်နာမတစ်ခု...
သုံးလလောက်ရှိပြီထင်တယ်..
ကောင်လေးက ထူးထူးဆန်းဆန်းလေး...
သုဟာသူ ဆေးရုံကိုရောက်လာတာတဲ့...
ဒီဆေးရုံမှာပဲနေပြီး ကျသလောက်အကုန်ခံပါမယ် သူကစိတ်ဝေဒနာရှင်မို့ ကုပေးပါဆိုပြီး...

အဲ့ဒီ့ကနေ ကျိုးချန်တာဝန်ယူရပြီး ကျိုးချန်လူနာဖြစ်လာတာပါပဲ..
သုံးရက်လောက်ထိ ဆွေးနွေးကြည့်တော့ သူများတွေလိုမပြောပြချင်တာတွေမရှိဘဲ ပွင့်ပွင့်လင်းလင်းပြန်ဆွေးနွေးတယ်လို့လဲသိရတယ်...

အိမ်ကြောင့်ရယ် sexual ပိုင်းဆိုင်ရာ ​နှောင့်ယှက်မှုအပြုအမူတွေ အပြောဆိုတွေ ခံထားရတာတွေကတော့ အကြောင်းရင်းတွေပဲ..
ဒါတွေကိုလဲ သေသေချာချာပဲထုတ်ပြောပြလို့ ​ကောင်လေးက gay ဖြစ်ကြောင်းပါ ဝန်ခံထားသေးတယ်..

Theraphy မစသေးဘဲ တစ်ပတ်လောက် counselling ချည်းဝင်နေရင်း အကောင်းကြီးရှိနေရာကနေမှ မထင်ရင်မထင်သလို ထပြီးသောင်းကျန်းတတ်တဲ့ စိတ်အခြေအနေကို ကျိုးချန်သိခဲ့ရတာ...

အဲ့ဒီ့နောက်တော့ ကျိုးချန် ကုသမှု​တွေနဲ့အဆင်ပြေပြီး ကောင်လေးဘက်က ဆရာဝန်လူနာထက်ပိုချင်တဲ့ ဆက်ဆံရေးတွေအစပြုတဲ့အခါ ဒီဇာတ်လမ်းတွေဖြစ်လာရတော့တာပဲ...

ဒီနေ့ညနေတည်းက တစ်ချက်သွားကြည့်ပေးပါလားလို့ ကျိုးချန်က leave မယူခင် ​တောင်းဆိုလာတာကြောင့် သူရောက်နေတာ...
သူအခန်းတံခါးခေါက်ပြီး ဝင်သွားစက ကောင်လေးက မကြည်သလိုကြည့်လာတာနဲ့တိုးသေး...
ရှောင်းကျန့်ပါလို့ ပြောလိုက်တော့မှ မျက်နှာထားက ချက်ချင်းပြေလျော့သွားပြီး နှုတ်ဆက်လေတယ်...

" ဒေါက်တာအကြောင်း အကို့ဆီက ခဏခဏကြားဖူးတယ် "

" ဟုတ်လား... ဒီကောင်လေးဘာတွေပြောပါလိမ့် "

" ဒေါက်တာတော်တဲ့အကြောင်းတွေပေါ့... မိန်းမနဲ့သားကို ချစ်တတ်တာတွေရောပဲ စုံလို့... အကိုလဲ ဒေါက်တာ့လို မိသားစုလေးပိုင်ဆိုင်ချင်တာလို့ပြောသေးတယ်... "

" ဒီကောင်စကားတတ်လို့လျှောက်ပြောနေတာပါ... ကျိုးချန်က စကားပြောကောင်းတယ်မလား ညီ "

Dilemma Mania Where stories live. Discover now