17...

22.6K 1.9K 651
                                    

- Zawgyi -

Canola အဝါရောင်ပန်းခင်းကြီးကို တွေ့ရတိုင်းမှာ သူ့ရဲ့တစ်နေ့တာစတင်တဲ့ နေ့ရက်တွေဖြစ်လာခဲ့တယ်...

တွဲရမဲ့လက်တစ်ဖက်မရှိသလို...
ငေးမောစရာ ချစ်ခြင်းတရားမရှိပေမဲ့...
သယ်ဆောင်လာတဲ့ သံယောဇဉ်အပိုင်းအစတွေရယ်...
ရစ်ပတ်ထားဆဲ အမှတ်တရအငွေ့အသက်တွေရယ်နဲ့
သူ့တစ်နေ့တာတိုင်းက နွေးထွေးပါတယ်...

ဒီမြို့လေးမှာ အိမ်ဝယ်ထားမိတာ သူအလုပ်စဝင်ပြီး ပိုက်ဆံစုမိကတည်းက..၊
တစ်နေ့နေ့ အကုန်လုံးနဲ့ဝေးရာကို သူထွက်သွားချင်လာခဲ့ရင်ဆိုတဲ့စိတ်နဲ့...
တကယ်ရောက်ဖြစ်လာခဲ့လိမ့်မယ်လို့တော့ သူ ထင်မထားခဲ့..

သူဝယ်ထားတဲ့အိမ်လေးက မြို့စွန်ဆိုပေမဲ့ နယ်ကကျဉ်းတော့ မြို့ထဲက သူဖွင့်ထားတဲ့ ​ဆေးခန်းဆီ ရောက်ဖို့ဆို နာရီဝက်လောက်ပဲလမ်းလျှောက်ရတယ်..။

အငှါးယာဉ်တွေရှိပေမဲ့ သူကတော့ လမ်းလျှောက်ရတာကိုပဲရွေးချယ်တယ်...
လမ်းရဲ့ တစ်ဝက်လောက်မှာ Canola ပန်းခင်းကြီးက တစ်ယောက်တည်း ​လျှောက်ရတဲ့သူ့ကို အဖော်ပြုပေးနေကျ...

မြို့ပြလောက်ရှုပ်ထွေးမှုမရှိတဲ့နေရာမို့ စိတ်ရောဂါဆိုတာနဲ့ အလှမ်းဝေးတာကြောင့် ရှောင်းကျန့်က စာအုပ်တွေပြန်ဖတ်ရင်းကပဲ စိတ်ရောဂါကုနဲ့အတူ အထွေထွေကုအဖြစ်ပါ ​ဆေးခန်းလေးဖွင့်ထားခဲ့တယ်...

တောင်ပေါ်ဒေသလေးမို့ နေရတာ အေးအေးချမ်းချမ်းရှိတယ်...
ပတ်ဝန်းကျင်ရော.. ရာသီဥတုရော...စိတ်ရောကိုယ်ရော...
ပျော်စေချင်တယ်ပြောပြီး ပျော်နေမှာကို မကြည့်ရဲတဲ့ သူ့အတ္တတွေကိုဖယ်ထားရင်းပေါ့...
အင်း.. သူအေးချမ်းပါတယ်... ။

.

.

.

နှစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ ဆိုင်းဘုတ်မရှိဘာမရှိနဲ့ သူ့ဆေးခန်းကို တစ်နေ့ငါးယောက်လောက်လာတာပဲမဆိုးဘူးပြောရမယ်...
အများစုကတော့ ကိုယ်ဝန်စစ် ဆီးချိုစစ်တာတွေပဲများပါတယ်...

နာမည်စဉ်းစားပြီးရင် စိတ်ကြိုက်ဒီဇိုင်းဆွဲပြီး ဆိုင်းဘုတ်လေးချိတ်ဦးမှလို့ ရှောင်းကျန့်တွေးလိုက်တယ်...
သူ ဘာမှမတွေးဘဲ အနားယူချင်တယ်လို့ပြောခဲ့လို့ထင်တယ်.. ယွင်ရှဲ့တောင်မဆက်သွယ်လာသေးဘူး...

Dilemma Mania Where stories live. Discover now