.. Ending - Zawgyi ..

15.6K 964 317
                                    

မျက်လုံးတွေကျိန်းစပ်ပြီးနိုးလာခဲ့တဲ့ ပထမနေ့မှာ ရှောင်းကျန့်ရဲ့ အသိစိတ်က မိုင်းနပ်စ်ကိုပြတယ်..
အိပ်မက်ထဲမှာ ထည့်မမက်တော့တာ ကြာပြီဖြစ်တဲ့ 'ခင်ဗျားကိုရွံတယ်' ဆိုတဲ့စကားနဲ့ လတ်တလောကမှ ပြောသွားတဲ့ 'ခင်ဗျား သူ့ကိုခေါ်မအိပ်ခဲ့သင့်တာ' ဆိုတဲ့စကားတို့ရဲ့ တလှည့်စီ နှိပ်စက်ခဲ့တဲ့ အရှိန်တို့နဲ့အတူ...

ရိပေါ်က သူ့ကိုရွံနေတာဆိုတဲ့စိတ်နဲ့ နေခဲ့တဲ့ သုံးနှစ်က ရှောင်းကျန့်အတွက်တော့ ထင်ထားတာထက် စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုက ကြီးမားခဲ့ပုံဖြစ်မယ်တူရဲ့...

ရိပေါ်က သူ့ကိုလွန်လွန်ကြူးကြူးဘာမှထပ်မပြောသွားပေမဲ့လို့ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေကြောင့် သူ့ကိုရွံသွားခဲ့ရင်ဆိုတဲ့စိတ်တို့က ရှိခဲ့ဖူးတဲ့ အကြောက်တရားတွေနဲ့ရောနှောလို့ ပြန်ကိန်းအောင်းနေပုံရတယ်..

ရှုပ်ပွနေမဲ့ဆံပင်တွေကို ပြင်ဆင်ချင်စိတ်မရှိသလို..
တီရှပ်အောက်က ပါးလှပ်လှပ်ဝမ်းဗိုက်ရဲ့ အချက်ပြဆာလောင်မှုတွေကိုလဲ သူအဖက်လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး..
ရှောင်းကျန့် ဘဝရဲ့ ၂၈ နှစ်တာမှာ ပထမဆုံးအချိန် ပေတေမိခြင်းဖြစ်ပါလိမ့်မယ်...

ဖြစ်ခဲ့တဲ့ပြသနာတွေကို ဖြေရှင်းဖို့ထက် ရိပေါ် သူ့ဆီပြန်ရောက်လာဖို့ကိုပဲ စိတ်အာရုံက ကြီးစိုးနေခဲ့သေးတာ...

အိမ်ထဲလမ်းလျှောက်ရမဲ့ ကိုယ့်ကိုယ်ကိုတောင် မနည်းသယ်နေရတာမို့ ဆေးခန်းဖွင့်နိုင်ဖို့အင်အားဆိုတာက စဉ်းစားချင်ဖွယ်တောင်မရှိ...

အိပ်ရာထဲလှဲနေရင်း.. ရေခွက်ထဲရေထည့်နေရင်း.. အိမ်ရှေ့က တံခါးဖွင့်သံလိုလို သော့ခေါက်သံလိုလို စိတ်ထဲကကြားမိတာလဲအကြိမ်ကြိမ်..

ရှောင်ဖန်က သက်ဆိုင်ရာလူကြီးတွေခေါ်လို့ သူ့ဆီရောက်လာနိုင်လားဆိုတာတောင်မတွေးမိဘဲ အသံလေးချွတ်ချွတ်ချပ်ချပ်ဆို အာရုံက ရိပေါ်ပြန်လာတာလားဆိုတဲ့ဆီကိုပဲ ပြေးကပ်လေရဲ့..

ဆက်ပိတ်ထားပါတယ်ဆိုပြီးပြန်ဖြေတဲ့ ခေါ်ဆိုမှုတိုင်းနဲ့ ရှောင်းကျန့်က ကိုယ့်ပူလောင်မှုကို ကိုယ်တိုင်ဖန်တီးတယ်..

Dilemma Mania Where stories live. Discover now