19...

24.3K 2K 822
                                    

- Zawgyi -

တရားရုံးရှေ့က လှေကားထစ်ကျယ်ကျယ်ထက်မှာ အမျိုးသားတစ်ဦးရဲ့ ရှူးဖိနပ်ချသံနဲ့ အမျိုးသမီးတစ်ဦးရဲ့ ဒေါက်ဖိနပ်သံတို့က တစ်ချက်ချင်းထွက်ပေါ်လို့နေလေရဲ့...

ပူလောင်နေတဲ့မြေပြင်​ပေါ် ဖြတ်တိုက်သွားတဲ့ နွေလေသံတရှဲရှဲကလွဲရင် ပတ်ဝန်းကျင်မှာအရာအားလုံးက တိတ်ဆိတ်လျက်..

လှေကားထစ်အလယ်လောက်မှာ တုံ့သွားကြတဲ့ ခြေလှမ်းတွေ...
စကားတစ်စုံတရာပြောဖို့ မျက်နှာချင်းဆိုင်လိုက်ကြတဲ့ လူနှစ်ယောက်က ကွာရှင်းမှုမဖြစ်မြောက်ခဲ့တဲ့ ရှောင်းကျန့်နဲ့ ဝမ်ရွှယ်လီဆိုတာ အတိအကျ..

ရှောင်းကျန့်ရှပ်အင်္ကျီရင်ဘတ်မှာစိုနေတဲ့ ချွေးစတို့က ပေကျင်းရဲ့ နွေရာသီအပူရှိန် ဘယ်လောက်မြင့်နေပြီမှန်းသိသာလို့နေစေတယ်...

ရာသီဥတုထက် ပူပြင်းနေတယ်ထင်ရတာက သူ့ရှေ့က သူ့သူငယ်ချင်း...
ရှောင်းကျန့် ကိုယ်တိုင်ကတော့ အေးချမ်းလိုက်ပါပြီ..
ဘေးက ဆက်တိုက်ပူလောင်မှုတွေပေးနေရင်တောင်မှပေါ့...

ဆုံးဖြတ်ချက်တစ်ခုကိုလဲ ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီမို့...
သူ့ကလေးကလွဲရင် ဘယ်သူ့မျက်နှာမှမထောက်တော့ဘူးရယ်လို့...။

" အစက ကွာရှင်းပြီးမှ အိမ်ကိုပြောပြပြီး နင်တို့နှစ်ယောက်ကို ဝမ်အိမ်က ဆက်တာဝန်ယူခိုင်းမလို့ပေမဲ့ သိပ်မထိရောက်မှာစိုးလို့ အစီစဉ်ပြောင်းလိုက်တယ်.. နင်တို့ဆက်တွေ့ချင်လဲတွေ့ကြပေါ့.. သူများလက်ညှိုးထိုးစရာဖြစ်မဲ့အနေအထားနဲ့လေ.. ငါ့အတွက်ရော ယန်ယန်အတွက်ရော ထည့်မစဉ်းစားခဲ့တဲ့ နင်တို့နှစ်ယောက်အတွက် ငါမလွန်ဘူးထင်တာပဲ "

ရှင်းရှင်းပြောရရင် နင်တို့နှစ်ယောက် ဖောက်ပြန်တဲ့ခေါင်းစဉ်အောက်မှာပဲနေကြစမ်းလို့ ရွှယ်လီက ချမှတ်လိုက်တာပဲ..
အပြစ်တင်လို့မရပါဘူး.. ဒါပေမဲ့ ထည့်လဲမတွေးပေးချင်တော့ဘူး...

" ဒီကိုလာတဲ့အထိ ကိုယ်အားနာနေခဲ့တယ်.. အားလီကိုရော သားကိုရော.. ကူညီခဲ့တာဆိုပေမဲ့ တကယ်တမ်းကျ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး အားလီကို မျှော်လင့်ချက်ပေးမိသလိုဖြစ်ခဲ့တာတွေအတွက်ရော အဖေလို့ သိထားပြီးပြီဖြစ်တဲ့ သားကို ထားခဲ့ရမှာကိုရောလေ.. ဒါပေမဲ့.. အခုကစပြီး ကိုယ်အားမနာတော့ဘူးလားလို့.. "

Dilemma Mania Donde viven las historias. Descúbrelo ahora