12...

21.1K 1.8K 516
                                    

- Zawgyi -

" မင်း Bar ငါ့ကို ဒီညပေးသုံး "

" ဘာလုပ်မလို့လဲ ပုလင်းတွေကွဲရင်ငါသတ်မှာနော် ဟေ့ကောင်!! ငါ့ကောင်လေး အသက်တွေ အဲ့ဒါတွေက "

ကောင်းပါ့.. bar ပိုင်ရှင်က သူ့ပစ္စည်းတွေ ထိခိုက်မှာစိုးတာမဟုတ်ဘူး .. နည်းနည်းလေးမှမဟုတ်ဘူး..
Bartender ကောင်လေး စုန့်ကျိယန်ဆဲတာခံရမှာကြောက်နေတာ..
ကျိယန်ကြောင့်သာမဟုတ်ရင် Percentage ဆိုတဲ့ Bar လဲ ပိတ်ပစ်လိုက်ရတာကြာလှရှိလောက်ပြီ။

" ငါလဲမင်းကောင်လေးကို အားကျလို့ ဒီည personal Bartender လုပ်မလို့! တစ်ခုခုဖြစ်ခဲ့ရင်လျော်မယ်ကွာ မသိတာလဲမဟုတ်ဘဲနဲ့ "

" ပြီးရော ပြီးရော.. password လှမ်းပို့ပေးမယ် "

" အိုခေ! အချစ်ဆုံးပဲ သားကြီး "

ဆဲနည်းပေါင်းစုံနဲ့ဆဲပြီး ဖုန်းချသွားတဲ့ ဟောက်ရွှမ်းကိုရယ်လို့ ဆိုင်ကယ်နောက်ခုံမှာထိုင်ရင်း သူ့ကိုဖက်ထားတဲ့ ကောလက်တွေကို ပိုတင်းနေအောင် ဆွဲလိုက်တယ်...
ဖုန်းကိုအင်္ကျီအိတ်ထဲပြန်ထိုးထည့်ပြီးနောက် ဝူးကနဲမောင်းထွက်တဲ့ ဆိုင်ကယ်လေးဦးတည်ရာက Percentage Bar ဆိုင်သို့...
ဒီနေ့ည​သောက်မဲ့ cocktail က တစ်သက်မှာတစ်ခါပဲရနိုင်မဲ့ recipe ဖြစ်ပါလိမ့်မယ်...
အဖိုးတန် cocktail လေးကို သူမြည်းစမ်းချင်လှပြီ...။

.

.

ဝမ်အိမ်က party ပွဲညကလွဲလို့ နမ်းရင် နမ်းတာနဲ့တင် အရှိန်တန့်ဖို့မလွယ်တဲ့ သူတို့နှစ်ယောက်အခြေအနေအရ ရှောင်းကျန့်ကိုတိုက်တွန်းဖို့က သိပ်မခက်ခဲလိုက်...
ရှောင်းကျန့်အင်္ကျီစကို လက်ညှိုးရယ်လက်ခလယ်ရယ်ကြားထဲ ညှပ်လို့ ဟိုဘက်ဒီဘက် အသာ​လေးရမ်းပြီး ပူဆာတတ်ဖို့​တော့လိုတာပေါ့...
ဒီတော့ ဖျက်လိုက်ရတော့မယ် ထင်တဲ့ သူ့အစီစဉ်ကို အလွယ်တကူပဲအကောင်ထည်ဖော်ခွင့်ရခဲ့တယ်...

ကျိယန်ဆီမှာသူသင်ထားဖူးတဲ့ cocktail recipe က Manhattan နဲ့ Old fashioned ပဲရှိတာမို့ ရှောင်းကျန့်က ဘာအရသာနဲ့လိုက်လောက်မလဲစဉ်းစားရင်း ingredients များတဲ့ Manhattan ကိုပဲရွေးလိုက်တယ် ...
အဲ့ဒါမှ ရှောင်းကျန့်ကိုယ်ပေါ် တစ်မျိုးပြီးတစ်မျိုးလောင်းချလို့ရမှာမို့...

Dilemma Mania Where stories live. Discover now