14...

20K 1.8K 249
                                    

- Zawgyi -

သူထားရှိခဲ့ဖူးတဲ့ ချစ်ခြင်းတရားတွေရဲ့တည်နေရာကိုမေးရင်...
ဟိုးအရင် အိမ်ရှေ့က မြေကွက်လပ်လေးတစ်နေရာကို ညွှန်ပြမိမယ်ထင်တယ်...
လူပျိုပေါက်စလေးတစ်ယောက် ပစ်ပေါက်လွှတ်ပစ်ခဲ့ဖူးတဲ့ ခြင်္သေ့ရုပ်ကီးချိန်းလေးနဲ့ နာရီလေးကျပြီးကွဲအက်သွားတဲ့နေရာ...
အဲဒီနေရာမှာ သူ့အချစ်တွေကို တပါတည်းမြှုပ်နှံခဲ့လိုက်ဖူးတယ်...။

.

.

( 2019 )

ရွှယ်လီက ချစ်တယ်ထင်တယ်လို့ ဖွင့်ပြောပြီးနောက်ပိုင်း ဒီနှစ်ထဲ ရှောင်းကျန့်နဲ့ ရွှယ်လီအခြေအနေက နည်းနည်းလေးပြောင်းလဲမှုရှိလာခဲ့တယ်...

အရင်လိုဆို နှစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ သူငယ်ချင်းလိုပဲ ဆက်ဆံဖြစ်ခဲ့ပေမဲ့ ဒီနောက်ပိုင်း ရှောင်းကျန့်က အိမ်ထောင်ဦးစီးဆန်မှန်းမသိ ဆန်ခဲ့တဲ့ အဖြစ်ကိုဦးတည်လာခဲ့တယ်...

သားက သုံးနှစ်ထဲရောက်လာတော့ မပီကလာပီကလာ စကားတွေနဲ့တီတီတာတာလေးဖြစ်လာလို့လဲနေမယ်...
အဖေရယ် အမေရယ်လို့ ခံယူမိလာကြတာ...
သူထင်တာပေါ့လေ...။

ယောက်ျားမိန်းမနှီးနှောတာကိုဖယ်လိုက်ရင် သူတို့သုံးယောက်က တကယ့် မိသားစုလေးတစ်ခုနဲ့ တူလာတာတော့ အမှန်ပဲ...
အလုပ်စဝင်ဖြစ်တဲ့အချိန်မှာလဲ ဆေးရုံတစ်ခုလုံးကို သူက ဇနီးနဲ့သားရှိပြီးသားလို့အသိပေးထားဖြစ်တယ်...

ရွှယ်လီကို ပစ်မှားဖို့စိတ်ကူးထက် စိတ်ဖြေမိတဲ့အချိန်တိုင်းမှာ ရိပေါ်ဆိုတဲ့အမည်နာမလေးတစ်ခု မထွက်မိအောင်ထိန်းဖို့ပဲ စိတ်ကတစ်ချိန်လုံးကြီးစိုးနေခဲ့တာမို့ ရွှယ်လီရယ် ယန်ယန်ရယ်နဲ့ပတ်သတ်ရင်တော့ တကယ်ကို သံယောဇဉ်သီးသန့်နဲ့ သန့်သန့်ရှင်းရှင်းတည်ဆောက်ထားတဲ့ မိသားစုတစ်ခုရယ်လို့ပြောရမယ်ထင်တယ်...

လက်ကိုင်တာနဲ့ ဖက်တာပြုတာကလွဲလို့တော့ ရှောင်းကျန့်က စည်းကျော်ဖို့မပြောနဲ့ ရွှယ်လီနဖူးထက်ကိုတောင် နှုတ်ခမ်းမတင်ခဲ့ဖူးသူပဲ...
အဲ့ဒီ့အစား ဒီအိမ်ထောင်ရေးသာယာမှုကို အပြင်ပန်းအရ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်မှန်သမျှကို သူယူရင်းနဲ့ ထိန်းသိမ်းဖြစ်ခဲ့တယ်...

Dilemma Mania Tahanan ng mga kuwento. Tumuklas ngayon