5...

21.8K 1.8K 56
                                    

- Zawgyi -

Suspender ချိတ်ထားတဲ့ maroon ​ရောင်ရှပ်ကို လက်တစ်ဝက်ထိခေါက်တင်ထားပြီး cocktail ​ဖျော်ဖို့ ပရော်ဖက်ရှင်နယ်ဆန်စွာ လှုပ်ရှားနေတဲ့ Bartender တစ်ယောက်ရဲ့ လက်ချောင်းတွေက လေပြေထဲ ပန်းတွေယိမ်းနွဲ့နေသလိုပင်..။

Jigger ခွက်ကို လက်ညှိုးနဲ့လက်ခလယ်ကြားညှပ်လို့ Vodka 50ml.. Lime juice 20ml.. Galliano 10ml နဲ့ Sugar Syrup 10ml ကို Shaker ထဲသို့ လက်ပြန်လောင်းထည့်တယ်

Shaker ထဲ ​ရေခဲထည့်လို့ ရှိတ်ပြီးတဲ့အခါမှ Double Strain နဲ့ ဝိုင်ခွက်ထဲသို့ လောင်းချပြီး Mint အရွက်လေးတပ်ပေးလိုက်တယ်ဆိုရင် Basic Cocktail ဖြစ်တဲ့ 'Bernice' တစ်ခွက်က Bar ခုံပေါ်သို့ လှလှပပရောက်တယ်..။

ဖန်တီးသူ Bartender က ဟောက်ရွှမ်းရဲ့ အသည်းအသက်စွာစိလန်လေး စုန့်ကျိယန်...။

" နေ့တိုင်းကြည့်နေရတာတောင် ဒီလို video ခိုးရိုက်ကိုရိုက်ရမှတဲ့လားကွာ "

" ခွေးသားလေး နာတယ်ဟ "

Bar Counter က ကျိယန် ယာမကာဖျော်စပ်နေပုံကို ခိုးကြောင်ခိုးဝှက်နဲ့ ဖုန်း video ချိန်ထားတဲ့ ဟောက်ရွှမ်းဇက်ပိုးကို ဖြောင်းကနဲတစ်ချက်ချပြီး ရိပေါ်ပြောလိုက်တာနဲ့ ဟောက်ရွှမ်းတုန့်ပြန်သံက ရှေ့ဆင့်နောက်ဆင့်။

" နာအောင်ရိုက်တာပဲ နာမှာပေါ့ "

" Professional Bartender တစ်ယောက်ရဲ့ အရည်အချင်းတွေကို အသိမှတ်ပြုပေးနေတာ ဒါတွေ မင်းလိုကောင်ကဘာသိမှာလဲ "

" တံတွေးစင်တယ်ကွာ "

" လဒ! တကယ်ပြောတာ ငါ သူ့ကို Youtube channel တောင် ဖွင့်ပေးချင်တာ.. ဒီလိုကောင်လေးအလှလေးက cocktail စပ်ပြနေတာဆို subscriber တွေအရမ်းရမှာပဲ "

" ဟုတ်မှလဲလုပ်ပါကွာ မင်းဟာလေးက အောက်က comment ရေးတဲ့သူတွေနဲ့ ရန်ထိုင်ဖြစ်နေပါဦးမယ် "

" ​အေး ငါလဲ တကယ် မဖွင့်ပါဘူး သူ့ကို လူတွေဆီထုတ်ပြရမှာ မနာလိုလို့ ဒီအဖိုးတန် video တွေကို ငါပဲဥထားရတာ "

" အေး ဆက်ဥဆက်ဥ ငါတော့ မင်းပြောတဲ့ ပရော်ဖက်ရှင်နယ်ကိုအသိမှတ်ပြုဖို့ Casanova ​လေးတစ်ခွက်လောက် သွားချဦးမယ် "

" ဒါနဲ့ မင်း..ငါ့ကို ဖုန်းလှမ်းဆက်တဲ့ သေတော့မလို အသံမဟုတ်တော့ပါလား..အဆင်ပြေနေသလိုပဲ ကြည့်ရတာ "

Dilemma Mania Tempat cerita menjadi hidup. Temukan sekarang