Part(33)

1.2K 66 3
                                    

(Uni)

အသက်ကိုOxygenပိုက်အကူအညီနဲ့ရှူနေရတဲ့မောင့်ကိုကြည့်ပြီးသူစိတ်ထဲမကောင်းမိ။သူ့ကြောင်းဖြစ်ရတာသူမလိမ်မာလို့။သူ့ခံစားချက်တွေကိုဂရုစိုက်မိပြီးမောင့်အပေါ်ချစ်မိခဲ့လို့။

မောင့်ရဲ့လက်ဖဝါးလေးကိုဆုပ်ကိုင်ပြီးရေစိုအဝတ်လေးနဲ့သုတ်ပေးလိုက်သည်။အဘကြင်မှိုင်းကမနေ့ကညစောင့်ခဲ့ရတာဆိုတော့အခုပြန်ပြီးအနားယူနေလေသည်။

မောင့်မှာအားကိုးစရာလူဆိုလို့သူနဲ့အဘကြင်မှိုင်းပဲရှိတာ။မောင့်ကိုသူဘယ်လိုလုပ်ထားခဲ့ရက်မှာလဲ?။ဒါပေမယ့်သူထပ်ပြီးမပြတ်သားနိုင်ရင်မောင်ကထပ်ပြီးဒုက္ခရောက်မယ်မလား။

ဘယ်လိုဆုံးဖြတ်ရမလဲ?။ရူးသွားတော့မှာပဲ။

မောင့်လက်ဖမိုးလေးကိုမျက်နှာအပ်ထားလိုက်မိသောအခါသူ့မျက်ဝန်းအိမ်မှစီးဆင်းလာသောမျက်ရည်ပေါက်များကထိုလက်ဖမိုးလေးအားပေကျံသွားစေသည်။

ဘယ်နှစ်ကြိမ်တောင်ငိုခဲ့ပြီးပြီလဲ?။

မောင့်ကြောင့်နဲ့ငါ့မျက်ရည်တွေဘယ်လောက်တောင်ကုန်ခမ်းခဲ့ရပြီးပြီလဲ?။

မေ့မြောနေတဲ့မောင့်မျက်နှာချောခန့်ခန့်ကိုမျက်ရည်အဝဲသားနဲ့ကြည့်ပြီးတစ်ကိုယ်ထဲသာကြားနိုင်လောက်မည့်လေသံလေးနဲ့ဆိုမိသည်။

"မကောင်းတဲ့ကောင်"

မင်းကိုမချစ်ဘဲမနေနိုင်အောင်ဘာလို့လုပ်ခဲ့တာလဲသတ္တိနေ။
ပြန်စဥ်းစားကြည့်တော့ငါတို့မှာအမှတ်တရတွေအများကြီးပါလား?။

မင်းသတိပြန်ရလာပြီးနေပြန်ကောင်းလာတဲ့အခါငါ့ကိုအသွေးအသားထဲကနေစိမ့်နေအောင်မုန်းပစ်လိုက်ပါ။

မုန်းပစ်လိုက်ပါ။

ဆရာဝန်တွေကတော့သတ္တိနေကခေါင်းကိုထိခိုက်မိထားတာကြောင့်တော်ရုံနဲ့သတိလည်မှာမဟုတ်လောက်သေးဘူးဟုဆိုသည်။အဲ့အချိန်ကိုသူအသုံးချရမှာပေါ့။

မောင့်ကိုထပ်ပြီးဒုက္ခရောက်စေလို့မဖြစ်တော့ဘူးဒီတစ်ခါသူပြတ်သားရမယ်။
မောင့်ကိုကာကွယ်ဖို့အတွက်ပြတ်သားရမယ်။

ဟောင်း..အတိတ်..နှောင်း(ဟောင်း...အတိတ်..နှောင်း)(Completed)Where stories live. Discover now