Part 2

11K 627 6
                                    

Unicode


“ပါးပါး သားသွားတော့မယ် ဖေဖေစောင့်နေပြီ”

“အင်းအင်း လာပါအုန်း”

ကျောင်းသွားခါနီး ပါးပါးက သားနဖူးကို မွှေးမွှေးပေးနေတာဖြစ်သည်။ သားကအခုတော့ ပါးပါးမှီဖို့အနည်းငယ်ရှေ့ကိုယိုင်ပေးရသည်။ ဖေဖေက ကျောင်းကိုလိုက်ပို့ဖို့ ကားထဲအဆင်သင့်ရောက်နေပြီဖြစ်သည်။ သားကို ကားအနားထိလိုက်ပို့ပြီး ကိုကို့ကိုကားမောင်းတာဂရုစိုက်ဖို့ မှာရသည်။ အခုအတန်းကြီးလာတော့ ပိုးသား သားကိုထမင်းချိုင့်သီးသန့်သွားမပို့တော့ပေ။ သားနဲ့တစ်ခါထဲထည့်ပေးလိုက်တာဖြစ်သည်။ ထမင်းချိုင့်ခြင်းက မသိရင် တစ်အိမ်လုံးစာလို့ထင်နေရသည်။ ထမင်းချိုင့်အပြင် သားကိုအပြင်စာမစားစေချင်တဲ့ ပါးပါးက ငှက်ပြောသီးပေါင်း၊ မုန့်ကြာစေ့သာကူ၊ သာကူလုံး နဲ့အသီးတွေအမျိုးမျိုးကို တစ်နေ့တစ်မျိုးမရိုးအောင် နေ့ခင်းဘက်အစာပြေစားဖို့ အပူခံဗူးလေးတွေနဲ့ထည့်ပေးလိုက်တာကြောင့်ရော ရေဗူးမှအစ လက်သုတ်ပဝါပါအဆုံးပါတာကြောင့် ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ရဲ့ နေ့လည်စာခြင်းက ပြည့်ကျပ်နေပြီး ဗူးပေါင်းမျိုးစုံနဲ့ဖြစ်သည်။

“ဖေဖေသွားပြီနော်”

“ဟုတ်ဖေဖေ တာ့တာ”

ကျောင်းရှေ့ရောက်တာနဲ့သားကိုချပေးပြီး ကုမ္ပဏီကိုသွားရသည်။ သားကို အလယ်တန်းရောက်နေပြီ ဘော်ဒါထားမလားဆိုတော့လည်း မထားဘူးဆိုတာကြောင့် သူ့မှာနေ့စဉ်လိုက်ပို့လာကြိုလုပ်နေရတာဖြစ်သည်။ နိုင်ငံခြားမှာ မိဘရင်ခွင်ကဝေးပြီးသွားမထားတာကိုတော့ သူဘာမှမပြောလို။ ဒါပေမယ့် ပါးပါးဖြစ်သူက သားကိုဘယ်အချိန်အထိများ ကလေးလို့သတ်မှတ်နေအုန်းမလဲမသိ။ ထည်ဝါ ရယ်လဲရယ်ချင်သည်။ သားပါးပါးကို ကားမောင်းသင်ပေးဖို့ လုပ်သေးတယ်မလား။ ဆရာခေါ်သင်တာတောင်မဟုတ်ပဲ သူကိုယ်တိုင်သင်ပေးခဲ့တာ။ အစက‌တော့ ဟုတ်တုတ်တုတ် သေသေချာချာလိုက်မှတ်နေတာ တကယ်တမ်း streeing ကိုကိုင်လိုက်တဲ့အချိန်မှာ မျက်နှာလေးက မဲ့လာပြီး ဘေးကသူ့ကိုကြည့်လာသည်။ တကယ်မောင်းရမှာလားတဲ့လေ။ ထည်ဝါ သားပါးပါးကိုအဲ့လိုမြင်ပြီးအသည်းယားပြီး တစ်ဖက်တိုးကာဖျစ်ညှစ်ပစ်သေးတာ။ ပြီးတာနဲ့ သူ့ကိုချွဲပြီး မမောင်းရဲဘူး ကြောက်လို့ မသင်တော့ဘူးဆိုပြီးလုပ်တော့တာ။ သားကို သူကိုယ်တိုင်လိုက်ပို့မယ် ကိုကိုကားမောင်းသင်ပေးပြီး ပူဆာပြီးတော့ ကွင်းကိုတောင်ရောက်နေတာ။ သင်မယ်ပြောပြီး မသင်ပဲဒီအတိုင်းပြန်ရင် သူ့ကိုဆူမှာဆိုးလို့ ချွဲသေးတာ။ ဒီလိုမျိုးလေးကို ဘယ်သူကဆူရက်မှာလဲ။ အခုတော့ သားကို သူပဲပို့နေရတော့တာဖြစ်သည်။

ကျောင်းဝန်းထဲကို ကျောပိုးအိတ်လွယ်ကာ ကျောင်းယူနီဖောင်းနဲ့ ထမင်းချိုင့်ခြင်းကိုကိုင်ပြီးဝင်လာတဲ့ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ကတော့ သူ့ရှေ့တည့်တည့်ပဲ ကြည့်ကာလျှောက်သွားတော့သည်။ အတန်းဖော်တွေက သူ့ကိုရောချင်ပေမယ့် သူ့မျက်နှာအနေအထားကြောင့် အရောတဝင်မလုပ်ရဲပေ။ အမြဲတည်နေတဲ့ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်က သူတို့အားလုံး သဘောကျရတဲ့အနေအထားမှာရှိနေသည်။ ပြီးတော့ သူ့ကိုကြည့်လိုက်ရင် အမြဲထမင်းချိုင့်မပါတဲ့နေ့မရှိ။ သူထမင်းနဲ့ဟင်းအပြင် တခြားပါလာတဲ့အရာတွေကိုလည်း ဘယ်သူ့ကိုမှမကျွေးပေ။ သူ့ကိုသွားမိတ်ဆက်ဖူးတဲ့ အတန်းဖော်တစ်ယောက်ပြောတာတော့ ပါးပါးလုပ်ပေးလိုက်တာမို့လို့ ဘယ်သူ့ကိုမှမကျွေးနိုင်ဘူးလို့ပြောတယ်တဲ့။ ကျောင်းမှာကန်တင်းရှိပေမယ့် သူကကျောင်းကန်တင်းက ထမင်းနဲ့ဟင်းရော သွားရည်စာရော တစ်ခါမှမစားပေ။ တစ်ယောက်ထဲသီးသန့်နေတတ်တာဖြစ်ပြီး သူ့ကိုစားပြီးပြီလားတို့၊ ရောက်ပြီးလားတို့မေးရင်တော့ ပြန်ဖြေသည်။

“ကိုနဲ့တရားဝင် ဘယ်တော့တွဲမှာလဲ”

“မတွဲဘူး ဘယ်လိုဖြစ်နေတာလဲ၊ အခုလို တိတ်တိတ်လေးတွဲတာတောင် ကံကောင်း”

တစ်ဖက်က အသံလေးကြားလိုက်တာနဲ့ ဂုဏ်ရှိန်မျက်နှာပြုံးသွားတော့သည်။ ကျောင်းရောက်လာပြီပေါ့ သူ။ သူ့ထက်အတန်းကြီးပြီး အထက်တန်းရောက်နေတဲ့သူက ချစ်စရာလေးဖြစ်ပြီး သူ့ကိုကြိုက်တဲ့သူတွေလည်းအများကြီးဖြစ်သည်။ ငယ်တဲ့သူတွေကိုမတွဲဘူးဆိုတဲ့ သတင်းကြောင့် ၈ တန်းပဲရှိသေးတဲ့ ဂုဏ်ရှန် သူ့ကိုချစ်ခွင့်မပန်ပဲ စောင့်ပဲစောင့်ကြည့်နေတာဖြစ်သည်။ သူစောင့်ကြည့်နေတာကိုတော့ တစ်ဖက်ကသူသဘောကျရဲ့သူကတော့ မသိပေ။ စာလည်းတော်သလို သူနဲ့ရည်းစားဖြစ်ချင်နေတဲ့သူတွေကလည်း များမှများ။ အခုအချိန်မှာ သူ့ပါသူရည်စားထားတာသူနဲ့မဆိုင်။ ဒီရည်းစားတွေက အချိန်တိုင်ပြတ်ကျမှာတွေကြီးပဲ သူမသိပဲနေမလား။ တစ်ချိန်ချိန်မှာတော့ သူ့ဆီကိုရောက်လာရမှာပေါ့။ ဒါကို ဖေဖေသိတာကိစ္စမရှိပေမယ့်ပါးပါးသိလို့တော့မဖြစ်ပေ။ သူ့ကိုကျော်တက်သွားတဲ့ နှစ်ယောက်ထဲမှာမှ သူ့မျက်လုံးက တစ်ယောက်ထဲကိုပဲ မြင်နေရလောက်အောင် သူသဘောကျရတဲ့သူ။ မျက်လုံးရှေ့ကမြင်ကွင်းပျောက်သွားမှ သူအကြည့်တွေကို နေရာရွှေ့လိုက်၏။

“ဂုဏ်ရှိန်မြင်မိုရ်ကြိုင် လာပြီလား”

“အင်း”

တစ်ဖက်က အတန်းဖော်က သူ့ကိုများ တစ်ခုခုပြန်မေးမလားမျှော်နေပေမယ့် အင်းတစ်လုံးပဲဖြေပြီး သူလိုရာကိုသွားနေတဲ့သူကိုကြည့်လိုက်သည်။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်က တကယ်ရောလို့ရတဲ့အထဲမှာ လုံးဝမပါ။ သူ့မိဘတွေက ယောက်ျားလေးတွေပဲဖြစ်ပြီး သူ့ကိုဘယ်လိုမွေးထာတာလဲ အားလုံးက သိချင်နေကြာတာ။ သူတို့မိဘတွေပြောတာတော့ သူ့ပါးပါးက အမျိုးသမီးတွေလိုကိုယ်ဝန်ဆောင်ပြီး မွေးထားတာလို့ပြောတာဖြစ်သည်။ ဒါကဖြစ်နိုင်ရဲ့လားမသိပေမယ့် လူကြီးတွေအားလုံးက အဲ့လိုပဲပြောကြတာဖြစ်၏။

>>>>>>>>>>>>>>>>>>>

“မေမေ နေ့လည်စာစားတော့မလား”

“နေပါနေပါ မေမေ့ကိုဝါဝါလုပ်ပေးလိမ့်မယ်၊ သားပင်ပန်းနေပြီ”

“မပင်ပန်းပါဘူးမေမေရဲ့”

“ကျမက ကလေးထိန်းလာဘူးဖို့သိတယ်ရှင်၊ ပါးပါးလက်ကိုပဲကြိုက်တဲ့သားနဲ့ ပါးပါးလိုက်လုပ်ပေးတာပဲကြိုက်တဲ့ ယောက်ျားအတွက်နဲ့ ရှင်လေးဘယ်လောက်ပင်ပန်းလဲ ကျမသိတယ်”

“မဟုတ်ပါဘူး၊ ကျွန်တော်က လိုလိုချင်ချင်လုပ်ပေးနေတာပါမေမေကလည်း သားနဲ့ကိုကို့ကို အဲ့လိုမပြောပါနဲ့”

“ဘုရားရေ ကျမက သမက်နဲ့မြေးကို အပြစ်ပြောနေတာမဟုတ်ဘူး ကိုပိုးသားမြိုင်ရဲ့ ရှင်လေးကိုမှတန်းတန်းစွဲဖြစ်နေတာကိုပြောတာ၊ အဲ့ဒါကြောင့် မေမေ့အတွက်မပူနဲ့ဝါဝါရှိတယ်လို့ပြောတာ”

“ဝါဝါရှိပေမယ့် ကျွန်တော့်မေမေပဲလုပ်ပေးချင်တာပေါ့”

“အဲ့တော့သားပင်ပန်းတာပေါ့”

“မပင်ပန်းပါဘူး”

“အစ်ကိုလေးဖုန်း လာနေလို့”

ဝါဝါကဖုန်းလာပေးသည်။ သူကြည့်လိုက်တော့ ကိုကိုခေါ်နေတာဖြစ်၏။

“ဟုတ် ကိုကို”

…………

“အခုလား ဘာဖြစ်လို့လဲ”

………..

“ဘာဖြစ်လို့လဲလို့ မပြောဘူး၊ အခုလာခဲ့မယ်”

ကိုကိုက သူ့ကိုကုမ္ပဏီကိုလိုက်လာဖို့ခေါ်နေတာဖြစ်ပြီး အခုလာခဲ့၊ အခုလိုက်ခဲ့ပဲပြောနေတာ။ ဘာဖြစ်လို့လဲမေးတာကို မပြော။

“မောင်ထည်ဝါ ခေါ်နေတာလား”

“ဟုတ်တယ်မေမေ ကျွန်တော်လိုက်သွားလိုက်အုန်းမယ်”

“အေးအေး ဝါဝါသွား ဟိုကလေးကို မင်းအစ်ကိုလေးအပြင်သွားမလို့ ကားအဆင်သင့်ပြင်ထားဖို့ သွားပြောလိုက်အုန်း”

“ဟုတ်ကဲ့ အန်တီ”

သားနဲ့ယောက်ျားက ဒီလက်ရာမှဒီလက်ရာဆိုတော့ အခုနောက်ပိုင်းဟင်းချက်ရင် ဝါဝါကကြိုပြီးအဆင်သင့်လုပ်ပေးထားတာဖြစ်သည်။ ချက်တော့မှာ သားကဝင်ချက်တာ။ ဝါဝါပြင်ပေးထားတော့ နည်းနည်းတော့သက်သာတာပေါ့။ မြေးကလည်း ပါးပါးကိုကပ်မှကပ်။ ဘယ်အချိန်အထိများ ကပ်နေအုန်းမလဲမသိပေ။ အချိန်တန်လို့ ရည်စားထားတော့မှာ ဒီပါးပါးကိုမကပ်ရင် ဒီအဖွားနဲ့တွေ့ပြီပဲ။

ပိုးသား ကိုကိုက ချက်ချင်းလိုက်ခဲ့ဆိုတာကြောင့် ဘာဖြစ်မှန်းလည်းမသိတာကြောင့်ရော မြန်မြန်နဲ့လိုက်သွားဖို့လုပ်လိုက်သည်။

“မေမေ သွားပြီနော် ဝါဝါ မေမေ့ကိုသေချာလုပ်ပေးလိုက်နော်”

သူ မေမေ့ကိုနှုတ်ဆက်လိုက်ပြီး လိုက်သွားလိုက်သည်။ လုပ်ငန်းစုကိုရောက်တော့ အားလုံးက ပုံမှန်ပင်။ သူ့ကိုဘယ်သူမှန်းသိနေတာကြောင့် အခုတော့ လုပ်ငန်းစုထဲခြေချလိုက်တာနဲ့ ခေါင်းလေးတွေငုံ့ပြီးနှုတ်ဆက်ကြသည်။ အဲ့လိုအချိန်ဆို သူ့မှာမနေတတ်ပဲ ခေါင်းပြန်ငုံ့ထားရသည်။ ကိုကိုရှိရာအထပ်ကိုသွားတော့ ဓါတ်လှေကားပွင့်တာနဲ့တိတ်ဆိတ်နေ၏။ အစ်ကိုထက်နိုင်ကိုလည်းမတွေ့။

ဒေါက်ဒေါက်

အခန်းကိုတံခါးခေါက်ပြီးဖွင့်လိုက်တော့ ကိုကို့စားပွဲရှေ့မှာအစ်ကိုထက်နိုင်က မတ်တပ်ရပ်နေပြီး ကိုကိုနဲ့စကားပြောနေသည်။

“ကလေး ရောက်ပြီလား”

“အင်း ကိုကိုတစ်ခုခုဖြစ်တယ်ထင်သွားတာ”

“ခဏထိုင်အုန်းနော်”

ကိုကိုက အစ်ကိုထက်နိုင်နဲ့အလုပ်ကိစ္စစကားဆက်ပြောပြီး သိပ်မကြာအစ်ကိုထက်နိုင်ကသူ့ကိုနှုတ်ဆက်ပြီးထွက်သွားတော့သည်။ ကိုကိုက နောက်မှာချိတ်ထားတဲ့ ကုတ်ကိုယူကာ

“လာ”

လက်ပေးလာတော့သူ့မှာ ကိုကို့လက်ကိုဆွဲလိုက်ရသည်။

“ကိုကို ဘယ်ကိုလဲ”

“ကိုကိုနဲ့ဒိတ်ရအောင်”

“ဟင်”

သူ့မှာ ရှက်သွေးတောင်ဖြာသွားချင်သည်။ သားပဲ ၈ တန်းရောက်နေပြီ ဘာကိုဒိတ်မှာလဲမသိ။

“ကိုကိုကလည်း ဘာကိုဒိတ်မှာလဲ”

“ကိုကိုနဲ့နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် shopping ထွက်ရအောင်၊ မင်းသားနဲ့လုံးပမ်းနေတာ အပြင်လည်းမထွက်ရဘူး”

“ကိုကိုကလည်း ဘာမှမဖြစ်ပါဘူး”

“မင်းမဖြစ်ပေမယ့် ကိုကိုဖြစ်တယ်၊ မင်းသားက အချိန်တန်ရင် အိမ်ထောင်ပြုမယ့်သူ ကိုကိုကမင်းကို ဒီကိစ္စတွေကြားမှာပဲ မလည်ပတ်စေချင်ဘူး”

အချိန်တန်အိမ်ထောင်ပြုမယ့်သူဆိုတဲ့စကားကြားရတာနဲ့ ပိုးသားမှာ တစ်မျိုးတောင်ဖြစ်သွားသည်။ သူက ဒီကိစ္စကိုမသိတာမဟုတ်ပေမယ့် ကိုကိုက ဒီလိုကြီးပြောလာတော့ ဝမ်းနည်းသွားသလိုပင်။ လူတွေကြားထဲမှာကိုမေ့ပြီး သူ့လက်ဖဝါးကိုကိုင်ထားတဲ့ ကိုကို့လက်မောင်းကိုသူလက်တစ်ဖက်နဲ့ ပြန်ဖက်မိသွားသည်။

ထည်ဝါကတော့သူ့လက်မောင်းကိုလာဖတ်ပြီး ငြိမ်သွားတဲ့ကောင်လေးကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ အမြဲတမ်းငယ်ရွယ်နုပျိုနေတဲ့ ကောင်လေးအဖြစ်ပဲမြင်နေတာမလား။ အိမ်မှာသားကိစ္စနဲ့မနက်ည လုံးလည်လိုက်နေတဲ့ပါးပါးကို သူပဲ ဆွဲခေါ်ထုတ်ရတော့မှာ။ ဟိုကောင်က အခုတောင် သူ့ထက်အတန်းကြီးတဲ့ တစ်ယောက်ကိုစောင့်ကြည့်နေတာ။ ကျောင်းမှာတော့သူကြည့်ပါမယ်တဲ့ အပြင်မှာတော့ ဖေဖေကလူလွှတ်ပြီး အန္တရာယ်မဖြစ်အောင် လိုက်ကြည့်ထားပေးပါတဲ့လေ။ သားက ၈ တန်းအရွယ်နဲ့သူ့ကိုတောင် အဲ့လိုလာတိုင်ပင်တာ။ ဒါတွေကို ပါးပါးကမသိ။ ဟိုကလေးက လူတိုင်းဝိုင်းကြိုက်နေတဲ့ကလေး။ သူမြင်လိုက်မှ သားကိုမေးမိလိုက်တော့ သားက ပါးပါးလိုမျိုး လိုချင်တယ်တဲ့။ ပါးပါးလို ယောက်ျားကိုချစ်ပြီး ဂရုစိုက်တဲ့သူမျိုး ပါးပါးလိုပုံစံအတိုင်းလေးပဲ လိုချင်တယ်တဲ့လေ။ ၈ တန်းအရွယ်လေးနဲ့ သားကသူနဲ့ဒီကိစ္စကိုတောင်လာပြောတာ။ သားပြောသလို ဟိုကလေးက ရှေ့လျှောက်ဘယ်လိုလာမလဲမသိပေမယ့် သားပြောတဲ့အတိုင်း သားပါးပါးလိုပုံစံလေးဖြစ်သည်။

သားပါးပါးကိုခေါ်ပြီး သားကျောင်းတက်နေတုန်း shopping ထွက်ပစ်လိုက်သည်။ ကုန်တိုက်တွေရောက်တော့လည်း သားကဒါကြိုက်တယ် အိမ်မှာကုန်တော့်မှာ ဒါလေးဝယ်သွားအုန်းမယ်၊ ကိုကိုကဒါကြိုက်တယ်မလား၊ မေမေတို့မာမီတို့ဖွားဖွားတို့က ဒါကိုစားမှဖြစ်တော့မှာနဲ့ တစ်အိမ်လုံးစာခေါင်းပေါ်ထမ်းထားတဲ့အတိုင်းပင်။ ထည်ဝါမှာ အဲ့ဒါတွေအားလုံးကိုထားခဲ့ပြီး ပါးပါးလက်ကိုအတင်းဆွဲပြီး လျှောက်သွားပစ်လိုက်သည်။ ဘယ်နဲ့ သူနဲ့ကိုယ်အတူ နှစ်ယောက်ပဲထွက်ပါတယ်ဆို အိမ်ကလူတွေအားလုံးစားကို လိုက်ဝယ်နေတာ။

“ဒါ ကလေးနဲ့လိုက်တယ်”

“ကျွန်တော် မဝယ်ဘူးလေ ကိုကို”

“ဘာဖြစ်လို့လဲ”

“ကျွန်တော့်မှာ ရှိသားပဲ”

“ဘယ်မှာရှိတာလဲ ကိုကို့အင်္ကျီတွေလိုက်ဝတ်နေတာမဟုတ်ဘူးလား”

“အဲ့ဒါအကောင်းတွေလေ ကိုကိုရဲ့”

ပိုးသားငြင်းပေမယ့်မရပေ။ ကိုကိုမဝတ်တဲ့အင်္ကျီတွေဆိုတာ လုံးဝအသစ်အတိုင်း။ ကိုကိုနဲ့သားက အင်္ကျီဆိုရင် ၃ ခါလောက်ဝတ်ပြီးတာနဲ့ မဝတ်တော့ပေ။ အဲ့ဒိအကျင့်က ပြင်ပေးလို့မရ။ ကိုကိုဆို အလုပ်ခန်းထဲမှာ ထိုင်နေတာဖြစ်ပြီး ဘာမှစွန်းထင်းပေတာမရှိပဲ ဝတ်ကိုမဝတ်တာ။ အဲ့ဒါကို သူကဒီအတိုင်းထားစရာလား။ သူပဲ ယူဝတ်တော့တာပေါ့။ သားအင်္ကျီတွေကတော့ ရွှေဘိုမှာကျန်ခဲ့တဲ့ ဦးလေးရဲ့မြေးလေးအတွက်ရော သူတို့ပခုက္ကူမှာရှိတဲ့ ခြံထဲက ကလေးတွေတွက်ရော တစ်ခါတစ်ခါရှင်းပြီး ပေးရတာမနည်းပေ။ အခုလည်း သူမယူပါဘူးဆိုတာကို ကိုကိုကမရပေ။ သူကိုယ်တိုင်လိုက်ရွေးနေတာဖြစ်သည်။

“လာ ဘေဘီ ဒါဝတ်ကြည့်”

“အား..ဘေဘီတဲ့”
“သေပါပြီဟယ်”

သူတို့နဲ့မနီးအဝေးက အသံထွက်လာတာဖြစ်သည်။ ပိုးသားမှာ မျက်နှာတွေရဲထက်သွား၏။ ကိုကိုကဘယ်လိုတွေခေါ်နေမှန်းလဲမသိပေ။ အိမ်မှာတောင် ဒီလိုခေါ်ဖူးတာမရှိပဲနဲ့အခုလူကြားထဲလျှောက်ခေါ်နေသည်။

“လာ ဘေဘီ”

“ကိုကို အဲ့လိုမခေါ်နဲ့လို့”

“ခေါ်မှာပဲ ခေါ်ချင်လို့”

လက်ထဲမှာ သူ့အတွက်ဆိုပြီး ကိုကိုရွေးထားတဲ့ ဂျင်းပွဘောင်းဘီကောင်းကင်ပြာရောင်လေးနဲ့တီရှပ်အဝါရောင်လေးကရှိနေသည်။ အဝတ်လဲခန်းထဲ အဝတ်လဲရင်းဈေးကိုကြည့်လိုက်တော့ မျက်လုံးပြူးပြီး သက်ပြင်းချရသည်။ Branded အထည်တွေဖြစ်လို့ ဈေးတွေကမသေးပေ။ ကိုယ့်ယောက်ျားက ဘယ်လောက်ပဲတတ်နိုင်တတ်နိုင် သူကတော့ဝယ်ဖို့လက်တွန့်နေဆဲပင်။

အဝတ်လဲခန်းထဲက ထွက်လာတဲ့ သားပါးပါးကိုကြည့်ပြီး ထည်ဝါအရည်တွေပျော်ကြသွားချင်တော့သည်။ အသားဖြူလှတဲ့ သားပါးပါးနဲ့ သူရွေးထားတဲ့အရောင်က လုံးဝလိုက်ဖက်နေသည်။

“ကိုကို”

ပိုးသားမှာ ဘာမှမပြောပဲကြည့်နေတဲ့ ကိုကို့ကိုခေါ်လိုက်ရသည်။ ထည်ဝါပြုံးလိုက်ရင်း

“ဒါက ဘယ်က လူပျိုပေါက်လေးလဲ”

“ကိုကိုနော်”

ဘယ်လိုပဲ အသက်နည်းနည်းရလာ ရလာ ကိုကိုအဲ့လိုတွေစရင် သူ့မှာရင်တွေခုန်ဆဲ၊ ရှက်ဆဲ။

“ဒါပဲဝတ်သွားတော့ နေအုန်း ဖိနပ်ကြည့်ရမယ်”

ပိုးသား ကိုကို့ကိုဘယ်လိုမှ တားမရပေ။ Shoe ဖိနပ်ကိုလည်းအဖြူယူလာကာ ကိုယ်တိုင်စီးပေးသည်။ သူတို့ကို အားလုံးကဝိုင်းကြည့်နေပြီမလား။ ထည်ဝါ အင်္ကျီနဲ့ဘောင်းဘီက တံဆိပ်တွေဖြုတ်ပေးလိုက်ပြီး လက်ကိုဆွဲခေါ်သွားလိုက်သည်။

“ကိုကို အဝတ်တွေ..”

“အင်း အိမ်ကိုပို့ပေးလိမ့်မယ်”

ထည်ဝါနောက်ကနေထက်နိုင်ကိုလိုက်ခိုင်းထားတာဖြစ်ပြီး ဒါကို သားပါးပါးကမသိပေ။ သားအတွက် မေမေနဲ့မာမီအတွက် ဖွားဖွားအတွက်ဆိုပြီး ကိုင်ပြီးမှ ပြန်ထားတဲ့အရာတွေအားလုံး ထက်နိုင်နောက်ကငွေရှင်းပြီး အိမ်ကိုပို့ပေးဖို့ဖြစ်သည်။ အင်္ကျီနဲ့ဘောင်းဘီတွေကိုလည်း သားပါးပါးအဝတ်လဲနေတုန်း အရောင်အနုတွေအားလုံး ဝယ်ခဲ့သေးတာ။
ကိုကို့လက်ကိုတွဲပြီး မိုးမမြင်လေမမြင်ဖြစ်သွားတဲ့အခိုက်အတန့်ရှိလာလိမ့်မယ်လို့မထင်ခဲ့။ အခုအချိန်မှာ အရာအားလုံးကိုမေ့သွားတော့သည်။ ကိုကိုနဲ့ကုန်တိုက်ထဲက မုန့်ဈေးတန်းကိုလျှောက်သွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် နည်းနည်းဆီစားရင်း လျှောက်သွားနေမိတာ ဘာကိုမှ သတိမရတော့ပေ။

“ကိုကို ဒါဝင်စားရအောင်”

“အို…ကေ”

ထည်ဝါ ပိုးသားလက်ကိုဆွဲပြီး ဆိုင်ထဲဝင်သွားလိုက်သည်။ ကိုရီးယားထမင်းဘူးကိုမှာလိုက်ပြီး ထည်ဝါကတော့ ဝက်ဆလပ်မှာလိုက်သည်။ ဆိုင်ကဝန်ထမ်းလေးက ထမင်းဘူးကိုပိတ်ကာ လှုပ်ပြီးဖွင့်ပေးသည်။

“တကယ်နှံ့သွားတယ်နော်”

ထမင်းဘူးလှုပ်ရုံနဲ့နှံ့သွားတာကြောင့် ပို့သားပြောမိသွားသည်။ သူဒီကိုပြန်ရောက်တော့လည်း သားနဲ့ဆိုတော့ ဘယ်မှမထွက်ဖြစ်ပဲနေတော့ ပတ်ဝန်းကျင်နဲ့အဆက်ပြတ်သလိုကိုဖြစ်နေတာ။

“သဘောကျလား”

ချာတိတ်ကိုမေးလိုက်သည်။

“အင်း သဘောကျတယ်”

ပိုးသား ထမင်းတစ်လုတ်စားလိုက်ရင်းပြောလိုက်သည်။

“ကိုကို တစ်လုတ်စားကြည့်”

ပါးစပ်နားရောက်လာတဲ့ ထမင်းလုပ်ကိုစားပါးစပ်ဟပေးလိုက်သည်။

“ကောင်းလား ကိုကို”

“ကလေး ခွံ့ကျွေးလို့ ကောင်းတာပေါ့”

“ဟီးဟီး”

တကယ်ကို အခုကျတော့ ကလေးပေါက်စအတိုင်းပဲ။ သားပါးပါးနဲ့ ဒီလိုမျိုးခဏခဏထွက်ပေးရမယ်လို့ တစ်ခါထဲ ဦးနှောက်ထဲထည့်ထားလိုက်သည်။ သူတို့လျှောက်လည်နေတုန်း အိမ်ကကားနဲ့သားကို သွားကြိုခိုင်းထားသည်။

“ပျော်လား ဘေဘီ”

“အင်းပျော်တယ် ကိုကို မှန်ချလိုက်မယ်နော်”

သူတို့ပြန်တော့ မိုးစုတ်စုတ်ချုပ်နေပြီဖြစ်ပြီး ည ၈ နာရီကျော်လောက်ဖြစ်နေ၏။ ပိုးသား မှန်ချလိုက်ပြီး ကားတံခါးဘောင်ပေါ်ကို လက်မောင်းတင်ပြီး မေးတင်လိုက်ကာ အပြင်ကိုငေးကြည့်လိုက်သည်။ လမ်းမီးတိုင်နဲ့ ကားမီးရောင်တွေက လေအေးအေးကဖြူးနေသည်။ ဒီလိုကျတော့လည်း ကိုကိုနဲ့သူက လူပျိုသမီးရည်းစား ချိန်းတွေ့နေတာကျနေရော။ အိမ်ပြန်ရောက်မှ ပိုးသားမျက်လုံးပြူးရသည်။ ဝါဝါက ပစ္စည်းတွေကိုနေရာချနေတာဖြစ်သည်။ သူတို့ဧည့်ခန်းနေရာမှာ ပစ္စည်းတွေပြည့်နေတာမလား။

“အစ်ကိုလေး ပြန်လာပြီလား”

“အင်း ဒါတွေက…”

မေးမလိုပြင်ရုံရှိသေး သူဝတ်ထားတဲ့ တီရှပ်တံဆိပ်နဲ့အတူ သားကြိုက်တယ်လို့ပြောလိုက်ပြီးဝယ်ဖို့လုပ်တဲ့အရာတွေပါ အားလုံးကိုမြင်လိုက်တာကြောင့် သူကိုကို့ကိုလှည့်ကြည့်မိသွားသည်။ ကိုကိုက သူကိုင်သမျှအားလုံးဝယ်ခိုင်းထားပုံရသည်။

“အစ်ကိုလေး သားစိတ်ကောက်နေတယ်”

“ဟင်”

သားက စိတ်ကောက်နေတယ်တဲ့လား။ ပိုးသား ကိုကို့ကိုကြည့်မိတော့ ကိုကိုက မျက်ခုံးကိုအနည်းကျုတ်ကာ ခေါင်းရမ်းပြသည်။ ဘာမှမဖြစ်ဘူးပေါ့။ အဲ့လိုပြပြောမှာပေါ့ သားကို သူပဲချော့ရတာကို။

“ဘာမှမဖြစ်ဘူး ကိုကိုသားကို ချော့လိုက်မယ် ဟုတ်ပြီလား”

ဘယ်လိုပဲဖြစ်ဖြစ်သားစိတ်ကောက်သွားတာနဲ့တန်အောင် သားပါးပါးနဲ့ လျှောက်လည်ပြီး ချိန်းတွေ့လို့ရသွားတယ်မလား။ သားကိုတော့ ထည်ဝါ ချော့ရအုန်းမည်။ သားကို သူချော့မယ်လို့ သားပါးပါးကို ပြောလိုက်ပြီမလား။ ချော့လို့မရတဲ့အဆုံး သားကို လိုချင်တာတစ်ခုခုပါးပါးမသိအောင် ဝယ်ပေးလိုက်ဖို့လဲ ပြင်ဆင်ထားပြီးသား။ ပါးပါးသိသွားရင်တော့ ပါးပါးကိုချော့ရအုန်းမှာဖြစ်သည်။ ပါးပါးကိုချော့ရတာက မခက်ပေ။ ပါးပါးကိုချော့ရတာခက်တယ်လို့ သားသိထားပေမယ့် တကယ်တမ်း သားပါးပါးကိုချော့ဖို့ သူ့မှာလျှို့ဝှက်နည်းရှိပြီးသား။



The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now