Part 36

6.3K 408 4
                                    

Unicode

မနက်မျက်လုံးနှစ်လုံးပွင့်ထဲက ညွှန်း မျက်ရည်ကျမိတော့သည်။ မောင် ညက ပြန်မလာပေ။ မိုးလင်းတာနဲ့ သူ့ဒယ်ဒီနဲ့မျက်နှာသစ်နေကျတဲ့ သားနှစ်ယောက်ကလည်း နိုးတာနဲ့ ဒယ်ဒီ၊ ဒယ်ဒီဆိုပြီး မောင့်ကိုရှာနေ၏။ သူဖုန်းဆက်ပေမယ့် မောင်မကိုင်ပေ။ သားနှစ်ယောက်လက်ထဲကို သွားတိုက်ဆေးထည့်ပြီးသား သွားတိုက်တံလေးကိုထည့်ပေးကာ တိုက်ခိုင်းပြီး မျက်နှာသစ် အဝတ်လဲ အားလုံးလုပ်ပေးရသည်။

"ဒယ်ဒီ တွေ့ဝူး"
"ဖေဖေ ဒယ်ဒီရော"

"ဒယ်ဒီက အလုပ်ရှိလို့ အစောကြီးထသွားရလို့နော်၊ နေ့ခင်းကြ ပြန်လာမှာနော်၊ အခု အင်္ကျီဝတ်မယ်နော်"

"ဟုတ်ဖေဖေ"
"ဟုတ်"

ဒေါက်ဒေါက်

အခန်းတံခါးခေါက်သံကြားလို့ဖွင့်လိုက်တော့ ပါးပါးဖြစ်နေသည်။

"ပါးပါး"

"အင်း ဒီမှာ PA ကောင်လေးရောက်နေတယ်၊ မင်း ယောက်ျားက ဧည့်သည်တွေ့စရာရှိလို့ အဝတ်တွေ လာယူခိုင်းလို့တဲ့"

ပါးပါးပြောပုံအရဆို မောင်ကရုံးမှာဖြစ်လောက်သည်။ ပါးပါးက အထဲဝင်ကာ သူ့မြေးနှစ်ယောက်ကို ဆက်လုပ်ပေးနေ၏။ ညွှန်း မောင်ရုံးသွားရင် ဝတ်နေကျ ဘောင်းဘီနဲ့ရှပ်အင်္ကျီအပြင် ကုတ်အင်္ကျီနဲ့နာရီရော Necktie ပါ ထည့်ပေးရသည်။

"ရန်ဖြစ်ထားတာလား"

PA ကောင်လေးကို အဝတ်တွေသွားပေးပြီး အခန်းထဲပြန်ဝင်လာတော့ ပါးပါးကမေးသည်။ ညွှန်း ခေါင်းငြိမ်ပြလိုက်၏။

"ညွှန်း မှားသွားတာပါ၊ ညွှန်း ရှင်းပြမလို့ မောင်ကဒေါသထွက်နေတော့ ညွှန်း မပြောရဲလို့"

"အင်း သေသေချာချာ စကားပြောကြလေ၊ ဘာဖြစ်လို့ အပြင်ထွက်အိပ်ရတာလဲ ဟိုကလေးကလည်း"

စကားများရန်ဖြစ်တာကို အပြင်ထွက်အိပ်စရာလိုလို့လား။ ကိုယ့်မိသားစုကိစ္စ အိမ်မှာပဲညှိညှိနှိုင်းနှိုင်းနဲ့ သေချာစကားပြောရမှာကို။ ကလေးတွေလည်းမဟုတ်တော့။ သူတို့မွေးထားတဲ့ ကလေးနှစ်ယောက်ကပဲ တီတီတာတာနဲ့စကားတွေပြောတတ်နေပြီ။ ဘာကိစ္စမို့လို့ လူရှေ့သူရှေ့မရှောင်နမ်းနမ်းနေတဲ့ အခြေအနေကနေ အပြင်ထွက်အိပ်ရလောက်အောင်အထိ ဖြစ်ရတာလဲ။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now